Connect with us

Hi, what are you looking for?

သတင်း

ကုန်းသာတိုက်ပွဲ စစ်ကောင်စီတပ် ခြောက်ဦးခန့်သေဆုံးနိုင်ကြောင်းဟု ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ထုတ်ပြန်

ယမန်နေ့(သြဂုတ် ၁၇ ရက်)ညနေ ၄ နာရီခွဲခန့်ကစ၍ ည ၆ နာရီ အထိ ၂နာရီကြာ တိုက်ပွဲကိုKRUနှင့် မဟာမိတ် DMO PDF တို့ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - KRU
ဓာတ်ပုံ - KRU

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ခြောက်ဦးခန့်သေဆုံးနိုင်ကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU)က ယနေ့ (သြဂုတ် ၁၈ ရက်) ထုတ်ပြန်သည်။

ယမန်နေ့(သြဂုတ် ၁၇ ရက်)ညနေ ၄ နာရီခွဲခန့်ကစ၍ ည ၆ နာရီ အထိ ၂နာရီကြာ တိုက်ပွဲကိုKRUနှင့် မဟာမိတ် DMO PDF တို့ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - KRU
ဓာတ်ပုံ – KRU

အထိနာခဲ့သော စစ်ကောင်စီတပ်သည် ညနေ ၅ နာရီခွဲခန့်က ပြည်သူ့နေအိမ် တစ်လုံးမီးရိူ့ခဲ့ပြီး လက်နက်ကြီးများ၊ အတွဲလိုက်ဒုံးများ ၊စက်လက်နက်များဖြင့် မနားတမ်းပစ်ခတ်ခဲ့ကြောင်း အသိပေးသည်။

တိုက်ပွဲတွင် KRU မှ ရဲဘော်တစ်ဦး မစိုးရိမ် ဒဏ်ရာရရှိခဲ့ပြီး အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင့်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - KRU
ဓာတ်ပုံ – KRU

ပူးပေါင်းအဖွဲ့မှ 81MM စသည့် လက်နက်ကြီးတို့ဖြင့်ပြန်လည်ပစ်ခတ်ခဲ့ပြီး တိုက်ပွဲကို ပြန်လည် ခုခံနိုင်ခဲ့ကြောင်း KRUက ဆိုသည်။

ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU အနေဖြင့် လက်ရှိတိုက်ပွဲ များနောက်မဆုတ်စတမ်းခုခံ တိုက်ထုတ်လျက်ရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဓာတ်ပုံ - KRU
ဓာတ်ပုံ – KRU

“သူတို့(အကြမ်းဖက်စစ်ကောင်စီ)ဘက်က အင်အား ၄၀၀ လောက်နဲ့ ဒီးမော့ဆိုကို ထိန်းချုပ်ဖို့ကြိုးစားနေတာ။နောက်တစ်ခု အရင်လို အထိုင်တပ်တွေက နေ လက်နက်ကြီးပစ်ကူ အပြင် ကို အခု အတွဲလိုက်ဒုံးတွေနဲ့ပါ တပ်ကူ ပေးနေတယ်။ကျွန်တော်တို့ဘက်ကတော့ အတက်နိုင်ဆုံး ခုခံနေတယ်။တိုက်ပွဲကလည်း ဒီထက် ပိုပြင်းထန်လာဖို့ရှိတယ်”ဟု DMO PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

လက်ရှိ ဒီးမော့ဆိုမြို့နယ်၌ စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေပြီး ၎င်းတို့ ခြေကုပ်ယူ ထားသော ဒေါငံခါးရပ်ကွက်၊ကုန်းသာနှင့် သေး ဆူလဲကျေးရွာ တို့အပြင် စံပြ (၆)မိုင် အနီးတစ် ဝိုက်တွင်ထိတွေ့မှုများ မကြာခဏဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။