Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီက ပြည်သူထံမှလုယက်ထား​သောဆိုင်ကယ်များကိုပျူအမည်​ပြောင်း ပြည်သူ့စစ်(ဌာ​နေ)အဖွဲ့ဝင်များကို​​ပေး

“စစ်ခွေးတွေက ကျွန်တော်တို့ဆီကနေ လုသွားတဲ့ ဆိုင်ကယ်တွေကို ပြန်ပေးနေတယ်။ ရယ်တော့ရယ်ရတယ်” ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။

(က​လေးမြို့တွင်စစ်​ကောင်စီက ပျူအမည်​ပြောင်း ပြည်သူ့စစ်(ဌာ​နေ) အဖွဲ့ထံ ဆိုင်ကယ်များ​ပေးအပ်စဥ်။ ဓါတ်ပုံ-စကစ)
(က​လေးမြို့တွင်စစ်​ကောင်စီက ပျူအမည်​ပြောင်း ပြည်သူ့စစ်(ဌာ​နေ) အဖွဲ့ထံ ဆိုင်ကယ်များ​ပေးအပ်စဥ်။ ဓါတ်ပုံ-စကစ)

ကလေးမြို့တွင် စစ်ကောင်စီက ပြည်သူလူထုထံမှ လုယက်သိမ်းဆည်းသွားသည့် ဆိုင်ကယ်များကို စစ်ကောင်စီလက်အောက်ခံ ပျူ​စောထီးများမှ အမည်ပြန်​ပြောင်းထား​သောပြည်သူ့စစ် (ဌာ​နေ) အမည်ခံအဖွဲ့ဝင်များထံပေးအပ်ခဲ့သည်။

ကလေးမြို့အခြေစိုက်​ဒေသကွပ်ကဲမှုစစ်ဌာနချုပ်- ဒကစ(ကလေး) တွင် ယမန်နေ့(သြဂုတ် ၁၉ရက်)က အခမ်းအနားပြုလုပ်၍ပြည်သူ့စစ်(ဌာ​နေ)အဖွဲ့ထံ စစ်ကောင်စီက ဆိုင်ကယ်များ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

“စစ်ခွေးတွေက ကျွန်တော်တို့ဆီကနေ လုသွားတဲ့ ဆိုင်ကယ်တွေကို ပြန်ပေးနေတယ်။ ရယ်တော့ရယ်ရတယ်” ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။

စစ်ကောင်စီက ၎င်းတို့ဖွဲ့စည်းထားသည့် ပြည်သူ့စစ် (ဌာနေ) အမည်ခံပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များဟုဆိုသူများထံသို့ ဆိုင်ကယ်အစီး ၁၂၀ကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ယင်းဆိုင်ကယ်များသည် ပြည်သူလူထုထံမှ နည်းမျိုးစုံ သိမ်းဆည်းလုယက်သွားသည် ဆိုင်ကယ်များဟု ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

(က​လေးမြို့တွင်စစ်​ကောင်စီက ပျူအမည်​ပြောင်း ပြည်သူ့စစ်(ဌာ​နေ) အဖွဲ့ထံ ဆိုင်ကယ်များ​ပေးအပ်စဥ်။ ဓါတ်ပုံ-စကစ)
(က​လေးမြို့တွင်စစ်​ကောင်စီက ပျူအမည်​ပြောင်း ပြည်သူ့စစ်(ဌာ​နေ) အဖွဲ့ထံ ဆိုင်ကယ်များ​ပေးအပ်စဥ်။ ဓါတ်ပုံ-စကစ)

” လမ်းမှာ ဆိုင်ကယ်တွေတားစစ်တယ်။ လိုင်စင်မပါရင် ငါးသောင်းတောင်းတယ်။ မပေးနိူင်ရင် ဆိုင်ကယ်ယူသွားတယ်။ သွားရွေးရင် PDFလို့စွပ်စွဲပြီး ဖမ်းထားမှာစိုးလို့ မသွားရဲကြတော့ဘူး။ ရွာတွေကို ဝင်မွှေရင် ဆိုင်ကယ် အကောင်းစားတွေကို ရွေးယူသွားတတ်တယ်။ အဲ့ဒီလို အလုခံရတာ အစီးရေ ရာချီတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ပြည်သူ့စစ်(ဌာ​နေ)ဆိုသည်မှာ ယခင်က ပျူစောထီးအနေဖြင့် လှုပ်ရှားကြသူများဖြစ်သည်။ ပျူစောထီးများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့အမည်ဖြင့် စစ်ကောင်စီက ဇူလိုင်လမှစတင်ကာ အမည်​ပြောင်း၍အစားထိုးဖွဲ့စည်း​နေခြင်းဖြစ်သည်။

” တောင်အူရွာကပြူတွေက ဥယာဥ်ရွာက ဆိုင်ကယ်တွေကို သိမ်းသွားတာ ကျွန်တော်တို့ မျက်မြင်။စစ်ကောင်စီက အဲ့ဆိုင်ကယ်တွေကို ပြန်ပေးနေတာ။ သူတို့အိတ်ထဲက ထုတ်တဲ့ကောင်စားတွေမဟုတ်ဘူး”ဟု ကလေးမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကလည်းပြောသည်။

ကလေးမြို့မှ ပြည်သူတစ်ဦးကလည်း”ဆိုင်ကယ်က အဟောင်းလေးတွေ။ ကျမတို့ ပြည်သူတွေဆီကနေ ခိုးဝှက်လုယက်သွားတဲ့ ဆိုင်ကယ်တွေ”ဟု ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။