Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက ပြည်သူထံမှလုယက်ထား​သောဆိုင်ကယ်များကိုပျူအမည်​ပြောင်း ပြည်သူ့စစ်(ဌာ​နေ)အဖွဲ့ဝင်များကို​​ပေး

“စစ်ခွေးတွေက ကျွန်တော်တို့ဆီကနေ လုသွားတဲ့ ဆိုင်ကယ်တွေကို ပြန်ပေးနေတယ်။ ရယ်တော့ရယ်ရတယ်” ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။

(က​လေးမြို့တွင်စစ်​ကောင်စီက ပျူအမည်​ပြောင်း ပြည်သူ့စစ်(ဌာ​နေ) အဖွဲ့ထံ ဆိုင်ကယ်များ​ပေးအပ်စဥ်။ ဓါတ်ပုံ-စကစ)
(က​လေးမြို့တွင်စစ်​ကောင်စီက ပျူအမည်​ပြောင်း ပြည်သူ့စစ်(ဌာ​နေ) အဖွဲ့ထံ ဆိုင်ကယ်များ​ပေးအပ်စဥ်။ ဓါတ်ပုံ-စကစ)

ကလေးမြို့တွင် စစ်ကောင်စီက ပြည်သူလူထုထံမှ လုယက်သိမ်းဆည်းသွားသည့် ဆိုင်ကယ်များကို စစ်ကောင်စီလက်အောက်ခံ ပျူ​စောထီးများမှ အမည်ပြန်​ပြောင်းထား​သောပြည်သူ့စစ် (ဌာ​နေ) အမည်ခံအဖွဲ့ဝင်များထံပေးအပ်ခဲ့သည်။

ကလေးမြို့အခြေစိုက်​ဒေသကွပ်ကဲမှုစစ်ဌာနချုပ်- ဒကစ(ကလေး) တွင် ယမန်နေ့(သြဂုတ် ၁၉ရက်)က အခမ်းအနားပြုလုပ်၍ပြည်သူ့စစ်(ဌာ​နေ)အဖွဲ့ထံ စစ်ကောင်စီက ဆိုင်ကယ်များ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

“စစ်ခွေးတွေက ကျွန်တော်တို့ဆီကနေ လုသွားတဲ့ ဆိုင်ကယ်တွေကို ပြန်ပေးနေတယ်။ ရယ်တော့ရယ်ရတယ်” ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။

စစ်ကောင်စီက ၎င်းတို့ဖွဲ့စည်းထားသည့် ပြည်သူ့စစ် (ဌာနေ) အမည်ခံပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များဟုဆိုသူများထံသို့ ဆိုင်ကယ်အစီး ၁၂၀ကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ယင်းဆိုင်ကယ်များသည် ပြည်သူလူထုထံမှ နည်းမျိုးစုံ သိမ်းဆည်းလုယက်သွားသည် ဆိုင်ကယ်များဟု ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

(က​လေးမြို့တွင်စစ်​ကောင်စီက ပျူအမည်​ပြောင်း ပြည်သူ့စစ်(ဌာ​နေ) အဖွဲ့ထံ ဆိုင်ကယ်များ​ပေးအပ်စဥ်။ ဓါတ်ပုံ-စကစ)
(က​လေးမြို့တွင်စစ်​ကောင်စီက ပျူအမည်​ပြောင်း ပြည်သူ့စစ်(ဌာ​နေ) အဖွဲ့ထံ ဆိုင်ကယ်များ​ပေးအပ်စဥ်။ ဓါတ်ပုံ-စကစ)

” လမ်းမှာ ဆိုင်ကယ်တွေတားစစ်တယ်။ လိုင်စင်မပါရင် ငါးသောင်းတောင်းတယ်။ မပေးနိူင်ရင် ဆိုင်ကယ်ယူသွားတယ်။ သွားရွေးရင် PDFလို့စွပ်စွဲပြီး ဖမ်းထားမှာစိုးလို့ မသွားရဲကြတော့ဘူး။ ရွာတွေကို ဝင်မွှေရင် ဆိုင်ကယ် အကောင်းစားတွေကို ရွေးယူသွားတတ်တယ်။ အဲ့ဒီလို အလုခံရတာ အစီးရေ ရာချီတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ပြည်သူ့စစ်(ဌာ​နေ)ဆိုသည်မှာ ယခင်က ပျူစောထီးအနေဖြင့် လှုပ်ရှားကြသူများဖြစ်သည်။ ပျူစောထီးများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့အမည်ဖြင့် စစ်ကောင်စီက ဇူလိုင်လမှစတင်ကာ အမည်​ပြောင်း၍အစားထိုးဖွဲ့စည်း​နေခြင်းဖြစ်သည်။

” တောင်အူရွာကပြူတွေက ဥယာဥ်ရွာက ဆိုင်ကယ်တွေကို သိမ်းသွားတာ ကျွန်တော်တို့ မျက်မြင်။စစ်ကောင်စီက အဲ့ဆိုင်ကယ်တွေကို ပြန်ပေးနေတာ။ သူတို့အိတ်ထဲက ထုတ်တဲ့ကောင်စားတွေမဟုတ်ဘူး”ဟု ကလေးမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကလည်းပြောသည်။

ကလေးမြို့မှ ပြည်သူတစ်ဦးကလည်း”ဆိုင်ကယ်က အဟောင်းလေးတွေ။ ကျမတို့ ပြည်သူတွေဆီကနေ ခိုးဝှက်လုယက်သွားတဲ့ ဆိုင်ကယ်တွေ”ဟု ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ်၊ သထုံမြို့မှာ ဆိုင်ကယ်နဲ့ ကားတိုက်မိပြီး ဆိုင်ကယ်မောင်းလာတဲ့ အသက် ၇၀ကျော်အရွယ်အမျိုးသား သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။