Connect with us

Hi, what are you looking for?

သတင်း

PDF ဒရုန်းကြောင့် ပျူများ ဒဏ်ရာ၊ ထီးချိုင့်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၀ ဦးသေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ရေဖြူလွင်ကျေးရွာသို့ ဝင်ရောက်ခဲ့ပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

(ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-NUG)
(ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-NUG)

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပျူစောထီးများ ယနေ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာစစ်ကောင်စီဘက်မှ ၁၀ ဦး သေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မှော်တော်ကျေးရွာမှ ထွက်လာသော စစ်ကောင်စီ တပ်သားနှင့်ပျူစောထီးများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(ရွှေဘိုခရိုင်)တပ်ရင်း(၁၆) က Drone ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ၁ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ထီးချိုင့်မြို့နယ်၊ ရေဖြူလွင်ကျေးရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(ကသာခရိုင်)တပ်ရင်းများ/ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ထီးချိုင့်) စသည့် ပြည်သူ့ကာကွယ်ရေးတပ်သားများနှင့် စကစတပ်သား၊ပျူစောထီးတပ်သားများအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာသား ၁၀ ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။

အဆိုပါ ထိတွေ့တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှလည်း တပ်သား ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ရေဖြူလွင်ကျေးရွာသို့ ဝင်ရောက်ခဲ့ပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။