Connect with us

Hi, what are you looking for?

သတင်း

ရန်သူက နှစ်ပေါင်း ၃၀ကျော်သိမ်းပိုက်ထားသည့် သေ့ဘော့ဘိုးတပ်စခန်းအား ပြန်လည်သိမ်းယူနိုင်မှုအပေါ် NUG ကာကွယ်ရေးဝန်ကြီးဌာန ဂုဏ်ပြု

မေလ ၁၈ရက်တွင် ရန်သူကအနှစ်(၃၀)ကျော် သိမ်းပိုက်ထားခဲ့သော သေဘောဘိုးစခန်းကို ပြန်လည်သိမ်းယူနိုင်ခဲ့သည်မက ရန်သူလက်နက်မျိုးစုံ (၁၅)လက်၊ ကျည်မျိုးစုံ ၇,၀၀၀ကျော်ကိုပါ လက်ရသိမ်းဆည်းနိုင်ခဲ့သည်ဟုဆိုသည်။

သေ့ဘော့ဘိုးတပ်စခန်း
သေ့ဘော့ဘိုးတပ်စခန်း

▪️KNU တပ်မဟာ(၆)နယ်မြေတွင် ၅လအတွင်း စစ်ကောင်စီတပ်စခန်းသုံးခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့

ရန်သူက နှစ်ပေါင်း ၃၀ကျော်သိမ်းပိုက်ထားသော ကရင်ပြည်နယ် မြ၀တီမြို့နယ် သေ့ဘော့ဘိုးစစ်ကောင်စီ တပ်စခန်းကို သိမ်းယူနိုင်ခဲ့သည့် မဟာမိတ် ပူးပေါင်းအဖွဲ့ ထံ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

စစ်အာဏာရှင်ဆန့်ကျင်တိုက်ဖျက်ရေး ပြည်သူ့ခုခံတွန်းလှန်စစ်ကို ရွတ်ရွတ်ချွံချွံ ဆင်နွှဲလျက်ရှိသော KNU၊ KNLA၊ KNDO၊ PDF နှင့် အခြားမဟာမိတ်အင်အားစုများပါဝင်သော ပူးပေါင်းအဖွဲ့၏ ထူးချွန်ပြောင်မြောက်သည့် စစ်ရေးစွမ်းဆောင်မှုကို ဂုဏ်ပြုကြောင်း သဝဏ် လွှာ၌ ရေးသားထားသည်။

ဂုဏ်ပြုကြောင်းသဝဏ်လွှာ
ဂုဏ်ပြုကြောင်းသဝဏ်လွှာ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) တည်ရှိရာ ဒူးပလာယာခရိုင်၊ တောင်ပိုင်းစစ်ဒေသတွင် KNU၊ KNLA၊ KNDO၊ PDF နှင့် အခြားမဟာမိတ်အင်အားစုများပါဝင်သော တော်လှန်ရေးပူးပေါင်းအဖွဲ့သည် ၂၀၂၁ ဒီဇင်ဘာ ၁၅ရက် လေးကေ့ကော်တိုက်ပွဲ မှစ၍ ခုခံတွန်းလှန် စစ်ဆင်နွှဲလာရာ ရန်သူ့စခန်းသုံးခုနှင့် ရန်သူ့လက်နက် အမြောက်အများကို လက်ရသိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

မေလ ၁၈ရက်တွင် ရန်သူကအနှစ်(၃၀)ကျော် သိမ်းပိုက်ထားခဲ့သော သေဘောဘိုးစခန်းကို ပြန်လည်သိမ်းယူနိုင်ခဲ့သည်မက ရန်သူလက်နက်မျိုးစုံ (၁၅)လက်၊ ကျည်မျိုးစုံ ၇,၀၀၀ကျော်ကိုပါ လက်ရသိမ်းဆည်းနိုင်ခဲ့သည်ဟုဆိုသည်။

သေ့ဘော့ဘိုး စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူးအပါအဝင် ငါးဦးထက်မနည်း သေဆုံးခဲ့ပြီး အရှင်ဖမ်းမိသူ ၇ဦးထက်မနည်းရှိခဲ့သည်။ အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ လေကြောင်း တိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း KNU ပူးပေါင်းတပ်၏ ထိုးစစ်ကို မကာကွယ်နိုင်ဘဲ စခန်းကိုစွန့်လွှတ်ခဲ့ရသည်။ စစ်ကောင်စီတပ်များသည် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။