Connect with us

Hi, what are you looking for?

သတင်း

ထီးလင်းမြို့နယ်တွင် YDF တိုက်ခိုက်၍ စစ်ကောင်စီတပ်သား ငါးဦးထက်မနည်းသေ

​ယနေ့ ညနေ ၃နာရီခွဲခန့်အချိန်တွင် စစ်ကြောင်းသည် လူနာအထမ်း လေးခုဖြင့် ပဇင်းချောင်ကျေးရွာသို့ ဝင်ရောက်တပ်စွဲနေကြောင်း YDF- ထီးလင်းက ဆိုသည်။

(ယနေ့ နံနက်ပိုင်းတိုက်ပွဲအပြီး စစ်ကောင်စီတပ် ကျန်ရစ်ခဲ့သော ပစ္စည်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ - YDF ထီးလင်း)
(ယနေ့ နံနက်ပိုင်းတိုက်ပွဲအပြီး စစ်ကောင်စီတပ် ကျန်ရစ်ခဲ့သော ပစ္စည်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ - YDF ထီးလင်း)

မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ငါးဦးထက်မနည်းသေဆုံးကြောင်း YDF(ထီးလင်း)က ထုတ်ပြန်သည်။

ယနေ့(သြဂုတ် ၂၄ ရက်) နံနက် ၈ နာရီခန့်တွင်ရွှေခုံတိုင်ကျေးရွာတွင် ညအိပ်ပြီး ထွက်လာသော စစ်ကောင်စီစစ်ကြောင်းကို ရွှေခုံတိုင်ကျေးရွာ ၏ တောင်ဘက် (၃)မိုင်ခန့်အကွာ YDF- ထီးလင်း (တပ်ရင်း- ၇၊၈)မှ အနီးကပ် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားငါးဦးထက် မနည်း သေဆုံးပြီး ဒဏ်ရာရရှိသူအများအပြား ရှိနိုင်ကြောင်း ဖော်ပြသည်။

“ဒီမနက် ၆ နာရီခွဲကစလို့ ရွှေခုံတိုင်ကျေးရွာကနေ ထွက်လာခဲ့တာ။အဲဒါကို ကျွန်တော်တို့ စောင့် တိုက်ခဲ့တာ။ထိတွေ့က ၁၅ မိနစ် လောက်ကြာတယ်။သေတာနဲ့ ထိခိုက်တာတွေကို ရှေ့တန်း ကင်းထောက်တွေက အတည်ပြုနိုင်ခဲ့တယ်”ဟု YDF-ထီးလင်း တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

YDF- ထီးလင်း တပ်ဖွဲ့မှာ အထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

​ယနေ့ ညနေ ၃နာရီခွဲခန့်အချိန်တွင် စစ်ကြောင်းသည် လူနာအထမ်း လေးခုဖြင့် ပဇင်းချောင်ကျေးရွာသို့ ဝင်ရောက်တပ်စွဲနေကြောင်း YDF- ထီးလင်းက ဆိုသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။