Connect with us

Hi, what are you looking for?

News

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုတွေကို ဂျီနိုဆိုက်အဖြစ်သတ်မှတ်ပေးဖို့ အမေရိကန်ကိုအပြည်ပြည်ဆိုင်ရာဒုက္ခသည်များအဖွဲ့ တောင်းဆို

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်ဟာ ၂၀၂၁ အစောပိုင်းက ရိုဟင်ဂျာအရေး ကို ဂျီနိုဆိုက်အဖြစ်သတ်မှတ်ရေး တရားဝင်လေ့လာသုံးသပ်မှုပြုလုပ်နေတယ်လို့ ကြေညာခဲ့ပြီး မကြာသေးမီကလည်း တက်တက်ကြွကြွဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ကျူးလွန်မှုတွေကို Genocide(လူမျိုးတုံးသတ်ဖြတ်မှု)အဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတ်မှတ်ပေးဖို့ အပြည်ပြည်ဆိုင်ရာဒုက္ခသည်များအဖွဲ့က တောင်းဆိုလိုက်ပါတယ်။

လာမယ့် ဩဂုတ် ၂၅ ရက်ဟာ အကြမ်းဖက်မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို ရခိုင်ပြည်နယ်မြောက်ပိုင်းကနေနှင်ထုတ်မှု၊ သတ်ဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာပြုကျင့်မှု၊ မီးတင်ရှို့မှု၊ ပြင်းထန်တဲ့လူ့အခွင့်အရေးချိုးဖောက်မှု စတာတွေ ကျူးလွန်ခဲ့တဲ့ ၄ နှစ်မြောက်ဖြစ်ပြီး အဲဒီကျူးလွန်မှုတွေကို ဂျီနိုဆိုက်အဖြစ် အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဘလင်ကင်က ထပ်မံအချိန်မဆွဲဘဲ သတ်မှတ်ကြေညာပေးဖို့ တောင်းဆိုတာဖြစ်ပါတယ်။

“အာဏာကို ဆုပ်ကိုင်ဖို့ကြိုးစားနေဆဲဖြစ်တဲ့ မြန်မာစစ်တပ်ဟာ အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ လူနည်းစုတိုင်းရင်းသားတွေ ဘယ်သူ့ကိုမဆို ရက်စက်တဲ့နည်းလမ်းတွေသုံးတဲ့သူတို့ရဲ့သမိုင်း ကြောင်းကို ချဲ့ထွင်နေပါတယ်။ အပြစ်ကင်းလွတ်ခွင့်ရရှိနေတာကသာ စစ်တပ်ရဲ့လုပ်ဆောင်မှုတွေကို အားပေးအားမြှောက်ဖြစ်စေပါတယ်။ အတိတ်က ကျူးလွန်ခဲ့မှုတွေကို အသိအမှတ်ပြုဖို့ ပျက်ကွက်နေခြင်းက ကျူးလွန်သူတွေကို အားပေးရာရောက်ပြီး နောက်ထပ်ကြီးမားကျယ်ပြန့် တဲ့ ရက်စက်ယုတ်မာမှု အန္တရာယ်ကိုတိုးပွားစေတာပါ” လို့ အပြည်ပြည်ဆိုင်ရာဒုက္ခသည်များ အဖွဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြီးတန်းလှုံ့ဆော်ရေးမှူး ဒန်နီယန်ဆူလီဗန်က ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်ဟာ ၂၀၂၁ အစောပိုင်းက ရိုဟင်ဂျာအရေး ကို ဂျီနိုဆိုက်အဖြစ်သတ်မှတ်ရေး တရားဝင်လေ့လာသုံးသပ်မှုပြုလုပ်နေတယ်လို့ ကြေညာခဲ့ပြီး မကြာသေးမီကလည်း တက်တက်ကြွကြွဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အပြည်ပြည်ဆိုင်ရာ ဒုက္ခသည်များအဖွဲ့ဟာ နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၉၅ နဲ့အတူ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ကျူးလွန်မှုကို ဂျီနိုဆိုက်သတ်မှတ်ကြေညာပေးရေး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးထံ လက်မှတ်ရေးထိုးတိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။