Connect with us

Hi, what are you looking for?

LuduNwayOo

News

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုတွေကို ဂျီနိုဆိုက်အဖြစ်သတ်မှတ်ပေးဖို့ အမေရိကန်ကိုအပြည်ပြည်ဆိုင်ရာဒုက္ခသည်များအဖွဲ့ တောင်းဆို

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်ဟာ ၂၀၂၁ အစောပိုင်းက ရိုဟင်ဂျာအရေး ကို ဂျီနိုဆိုက်အဖြစ်သတ်မှတ်ရေး တရားဝင်လေ့လာသုံးသပ်မှုပြုလုပ်နေတယ်လို့ ကြေညာခဲ့ပြီး မကြာသေးမီကလည်း တက်တက်ကြွကြွဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ကျူးလွန်မှုတွေကို Genocide(လူမျိုးတုံးသတ်ဖြတ်မှု)အဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတ်မှတ်ပေးဖို့ အပြည်ပြည်ဆိုင်ရာဒုက္ခသည်များအဖွဲ့က တောင်းဆိုလိုက်ပါတယ်။

လာမယ့် ဩဂုတ် ၂၅ ရက်ဟာ အကြမ်းဖက်မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို ရခိုင်ပြည်နယ်မြောက်ပိုင်းကနေနှင်ထုတ်မှု၊ သတ်ဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာပြုကျင့်မှု၊ မီးတင်ရှို့မှု၊ ပြင်းထန်တဲ့လူ့အခွင့်အရေးချိုးဖောက်မှု စတာတွေ ကျူးလွန်ခဲ့တဲ့ ၄ နှစ်မြောက်ဖြစ်ပြီး အဲဒီကျူးလွန်မှုတွေကို ဂျီနိုဆိုက်အဖြစ် အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဘလင်ကင်က ထပ်မံအချိန်မဆွဲဘဲ သတ်မှတ်ကြေညာပေးဖို့ တောင်းဆိုတာဖြစ်ပါတယ်။

“အာဏာကို ဆုပ်ကိုင်ဖို့ကြိုးစားနေဆဲဖြစ်တဲ့ မြန်မာစစ်တပ်ဟာ အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ လူနည်းစုတိုင်းရင်းသားတွေ ဘယ်သူ့ကိုမဆို ရက်စက်တဲ့နည်းလမ်းတွေသုံးတဲ့သူတို့ရဲ့သမိုင်း ကြောင်းကို ချဲ့ထွင်နေပါတယ်။ အပြစ်ကင်းလွတ်ခွင့်ရရှိနေတာကသာ စစ်တပ်ရဲ့လုပ်ဆောင်မှုတွေကို အားပေးအားမြှောက်ဖြစ်စေပါတယ်။ အတိတ်က ကျူးလွန်ခဲ့မှုတွေကို အသိအမှတ်ပြုဖို့ ပျက်ကွက်နေခြင်းက ကျူးလွန်သူတွေကို အားပေးရာရောက်ပြီး နောက်ထပ်ကြီးမားကျယ်ပြန့် တဲ့ ရက်စက်ယုတ်မာမှု အန္တရာယ်ကိုတိုးပွားစေတာပါ” လို့ အပြည်ပြည်ဆိုင်ရာဒုက္ခသည်များ အဖွဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြီးတန်းလှုံ့ဆော်ရေးမှူး ဒန်နီယန်ဆူလီဗန်က ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်ဟာ ၂၀၂၁ အစောပိုင်းက ရိုဟင်ဂျာအရေး ကို ဂျီနိုဆိုက်အဖြစ်သတ်မှတ်ရေး တရားဝင်လေ့လာသုံးသပ်မှုပြုလုပ်နေတယ်လို့ ကြေညာခဲ့ပြီး မကြာသေးမီကလည်း တက်တက်ကြွကြွဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အပြည်ပြည်ဆိုင်ရာ ဒုက္ခသည်များအဖွဲ့ဟာ နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၉၅ နဲ့အတူ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ကျူးလွန်မှုကို ဂျီနိုဆိုက်သတ်မှတ်ကြေညာပေးရေး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးထံ လက်မှတ်ရေးထိုးတိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

သတင်း

လက်ရှိ ဖမ်းဆီးခံထားရတယ်ဆိုတဲ့ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ လွတ်မြောက်နိုင်ခြေနဲ့ အသက်အန္တရာယ် ကျရောက်နိုင်ခြေတွေကလည်း မရေမရာ ဖြစ်နေဆဲလို့ ဆိုပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတကာ

အမေရိကန် လေတပ်ဟာ CCAလို့ နာမည်ပေးထားတဲ့ ပရောဂျက်ကို အကောင်အထည်ဖော် စမ်းသပ်နေတာ နှစ်နဲ့ချီ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ရှိရင်းစွဲ တိုက်လေယာဉ်တွေကို လေယာဉ်မှူးတွေအစား AIက ဆုံးဖြတ် ပျံသန်းတာမျိုး ခိုင်းစေနေတာ ဖြစ်ပါတယ်။