Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်က အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်သည့် လူမဆန်သည့်လုပ်ရပ်အပေါ် ရခိုင်အဖွဲ့အစည်းများ ပြင်းထန်စွာကန့်ကွက်

စစ်ကောင်စီ၏ လူမဆန်သည့် လုပ်ရပ်အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ထုတ်ပြန်သည်။

(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် အရပ်သားသုံးဦး၏ နာရေးအား တွေ့ရစဥ်၊ ဓာတ်ပုံ - Western News)
(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် အရပ်သားသုံးဦး၏ နာရေးအား တွေ့ရစဥ်၊ ဓာတ်ပုံ - Western News)

အကြမ်းဖက်စစ်ကောင်စီတပ်က မြောက်ဦးမြို့နယ် ကင်းဆိပ်ရွာနှင့် ဓမ္မရာဇ်ရွာ အပါအဝင် ရခိုင်ပြည်နယ်ရှိ ကျေးရွာများရှိ ပြည်သူလူထုများအား လက်နက်ကြီးများဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခြင်းကြောင့် အရပ်သားများ သေဆုံးထိခိုက်မှု ဖြစ်ပေါ်နေရာ ထိုသို့ စစ်ကောင်စီ၏ စစ်ရာဇဝတ်မှု ကျူးလွန်နေခြင်းအား ရခိုင်အဖွဲ့အစည်းများက ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့သည်။

ယမန်နေ့ (ဩဂုတ် ၂၈ရက်)က မြောက်ဦးမြို့နယ်ရှိ စစ်ကောင်စီတပ် စစ်ကြောင်းကို ရက္ခိုင့်တပ်တော်(AA)က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့သည်။ ထိုသို့ တိုက်ခိုက်ခံရခြင်းကြောင့် မြောက်ဦးအခြေစိုက် စစ်ကောင်စီတပ်သည် ကင်းဆိပ်ရွာနှင့် ဓမ္မရာဇာ်ရွာ တို့ကို လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့၍ ၄နှစ်အရွယ်ကလေးငယ် အပါအဝင် ၃ဦး အသက်ဆုံးရှုံးခဲ့ရပြီး သံဃာတော် နှင့် ဒေသခံပြည်သူ ၁၂ဦး ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီအနေဖြင့် ယခုလအတွင်း ရခိုင်ပြည် မောင်တောမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ တောင်ကုတ်မြို့နယ် အစရှိသည့် ရခိုင်ပြည် တစ်ဝှမ်းအတွင်း အလားတူ လူနေရပ်ရွာများအား အကြောင်းမဲ့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်း၊ အပြစ်မဲ့ အရပ်သားပြည်သူများအား ဖမ်းဆီးသတ်ဖြတ် အလောင်းဖျောက်ခြင်း၊ ကုန်စည်စီးဆင်းမှု များအား နည်းမျိုးစုံဖြင့် ဟန့်တားခြင်စသည့် စစ်ရာဇဝတ်မှု ကျူးလွန်မှုများကို အတင့်ရဲစွာပြောင်ကျကျ ကျူးလွန်နေသည်ဟု ရခိုင်အစည်းအရုံး(ဂျပန်)က ထုတ်ပြန်သည်။

စစ်ကောင်စီ အပါအဝင် စစ်ကောင်စီတပ်ကို ကျောထောက်နောက်ခံ ပြုထားသည့် အစိုးရ အဆက်ဆက်သည် ရခိုင်ပြည်က ထွက်ရှိသည့် သယံဇာတများ၊ အခွန်အကောက်များကို မတရား ဂုတ်သွေးစုတ်သည့် အပြင် အပြစ်မဲ့ ရခိုင်ပြည်သူများအပေါ် လက်နက်အားကိုးဖြင့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေမည်ဆိုပါက ရခိုင်ပြည်မှ ချက်ချင်း ထွက်ခွာသွားရန် နှင့် ဥပဒေမဲ့အကြမ်းဖက် လုပ်ရပ်များအား ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ရခိုင်ပြည်နယ်ရှိ မြို့နယ်အသီးသီးမှ ကျောင်းသားသမဂ္ဂများဖြင့် စုဖွဲ့ထားသည့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂကလည်း AAနှင့် စစ်ကောင်စီအကြား တကျော့ပြန် တိုက်ပွဲဖြစ်ပွားလျက်ရှိရာ စစ်ရာဇဝတ်မှုများကို ဆက်တိုက် ကျူးလွန်နေသော စစ်ကောင်စီသည် ဖက်ဆစ်ထုံးစံအတိုင်း ပြည်သူများ၏ ရပ်ရွာများအတွင်း လက်နက်ကြီးများ ပစ်ခတ်ကာ ပြည်သူများကို ဓားစားခံ သဖွယ် ပြုလုပ်နေကြောင်း၊ ထို့ကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရ သေဆုံးခြင်းများ ဖြစ်ပွားနေရကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီ၏ လူမဆန်သည့် လုပ်ရပ်အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ထုတ်ပြန်သည်။

အဆိုပါ လုပ်ရပ်များအား သိရှိပါလျက်မသိကျိုးကျွံပြုကာ နှုတ်ဆိတ်နေသည့် ရက္ခိုင်ပြည်ဖွား စစ်ကောင်စီ အဖွဲ့ဝင်များနှင့်စစ်ကောင်စီ ဝန်ကြီးများအား ရက္ခိုင်ပြည်၏ သမိုင်းတရားခံများ အဖြစ်မှတ်ယူကာ ပြင်းထန်စွာ ရှုံ့ချလိုက်ကြောင်း ဖော်ပြထားသည်။

မတရားသတ်ဖြတ်ခြင်းခံရသော ရက္ခိုင်ပြည်သူများ အပါအဝင် လူသတ်စစ်ကောင်စီ၏ မတရား သတ်ဖြတ် အနိုင်ကျင့်မှု ခံခဲ့ရသော လူထုအားလုံးအတွက် လူသတ်စစ်ကောင်စီအား အမြန်ဆုံး အပြစ်ပေး အရေးယူပြီး တရားမျှတမှု ရှာဖွေပေးရန် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများအား ထပ်မံတောင်းဆိုလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်း၊ ကူတောင်ကျေးရွာကနေ ကျောက်တော်မြို့ဆီ စျေးဝယ်သွားတဲ့ စက်လှေတစီးဟာ ဒီကနေ့ မနက်ပိုင်းမှာ ပုဏ္ဏားကျွန်းမြို့အနီး နစ်မြှုပ်သွားခဲ့တာကြောင့် စက်လှေ ပေါ်လာသူ ၈ ဦး သေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ရဲ့စစ်တွေမြို့အနီးဝန်းကျင်က စစ်တပ်စခန်း​တွေကို ထိုးစစ်ဆင်တာဟာ ရွှေမင်းဂံရေတပ်စခန်းနားကနေ ဒေသကွပ်ကွဲမှုစစ်ဌနချုပ်(ဒကစစစ်တွေ)နဲ့အနီးဆုံးမှာရှိတဲ့ နာရီကန်ကျေးရွာနားထိ ရောက်လာခဲ့ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

အာဏာ သိမ်းစစ်တပ်ဟာ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်စခန်းကို ယမန်နေ့ (ဇွန် ၈ )ကစစ်သင်္ဘောသုံးစီးနဲ့ စစ်ကူအင်အားသုံးရာဝန်းကျင် ထပ်မံဖြည့်တင်းခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။