Connect with us

Hi, what are you looking for?

သတင်း

မြောက်ဦးတွင် အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို AA မိုင်းဆွဲတိုက်ခိုက်ရာ အရာရှိအပါအဝင် ၂၀ကျော်သေ

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သည် မြောက်ဦးမြို့အနီးရှိ ကင်းဆိပ်ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အရပ်သားများသေဆုံးထိခိုက်ဒဏ်ရာရခဲ့သည်ဟုဆိုသည်။

(စစ်ကောင်စီတပ် ပစ်သည့်လက်နက်ကြီးကျဉ်ကြောင့် မြောက်ဦးမြို့သစ် ဓမ္မရာဇ်ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းနှစ်ကျောင်း ထိမှန်ပျက်စီးနေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - Narinjara သတင်းဌာန)
(စစ်ကောင်စီတပ် ပစ်သည့်လက်နက်ကြီးကျဉ်ကြောင့် မြောက်ဦးမြို့သစ် ဓမ္မရာဇ်ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းနှစ်ကျောင်း ထိမှန်ပျက်စီးနေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - Narinjara သတင်းဌာန)

▪️စစ်ကောင်စီတပ်က မြောက်ဦးအနီး ကင်းဆိပ်ရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးအသက်ဆုံးရှုံး၊ ရှစ်ဦးဒဏ် ရာရ

▪️မောင်တောရှိ ခမောင်းဆိပ်ဗျူဟာကို AAက စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေရာ တိုက်လေယာဉ်ဖြင့်တုန့်ပြန် တိုက်ခိုက်

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းကို ရက္ခိုင့်တပ်တော်(AA)က ယနေ့(ဩဂုတ် ၂၈ရက်) မွန်းလွဲပိုင်း၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က အရာရှိ အပါ အဝင် သေဆုံးထိခိုက်များပြားခဲ့သည်ဟု ရခိုင်ဒေသခံက ပြောသည်။

“မြောက်ဦး တိမ်ညိုကနေ မြောက်ဦးဘက်ကိုထွက်လာတဲ့ စစ်ကြောင်းကို AAကနေအောက်သကန်နဲ့ လက္ကာရွာနားမှာ မိုင်းဆွဲတိုက်ခိုက်တာ တိုက်ပွဲပြင်းထန်တယ်။ သူတို့ဘက်က အကျအဆုံးများတယ်။ အင်အား ၁၀၀ လောက်ပါတာကိုး” ဟု ၎င်းက ဆိုသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သည် မြောက်ဦးမြို့အနီးရှိ ကင်းဆိပ်ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အရပ်သားများသေဆုံးထိခိုက်ဒဏ်ရာရခဲ့သည်ဟုဆိုသည်။

“တိုက်ပွဲဖြစ်တဲ့နေရာနဲ့ ဘာမှ မဆိုင်တဲ့ ကင်းဆိပ်ရွာမှာ လက်နက်ကြီးကျပြီးတော့ ၂ယောက်သေတယ်။ ၁၀ယောက် ဒဏ်ရာရတယ်။ အမျိုးသမီးတစ်ယောက်နဲ့ ကလေးတစ်ယောက်ပါတယ်။ သူတို့က မင်းတို့ငါတို့ စစ်ကြောင်းတွေလာတာကို လမ်းမှာ မိုင်းဆွဲတိုက်ခိုက်တာတို့ ခြုံခိုတိုက်ခိုက်တာတို့ လုပ်ရင် မင်းတို့ ရခိုင်ဒေသခံ ပြည်သူတွေကိုလည်း ဒုက္ခပေးမယ်ဆိုတဲ့ သဘောမျိုးပေါ့။ တိုက်ပွဲဖြစ်တဲ့ဧရိယာနဲ့ဘာမှ မဆိုင်တဲ့ ၅မိုင်လောက် ကွာတဲ့ရွာကို ပစ်တာ။ တစ်လုံးမဟုတ်ဘူး တစ်လုံးဆိုရင် မတော်တဆကျတယ်လို့ ပြောလို့ရတယ်။ အခုက ဆယ်လုံးတောင်ပစ်တာ လေးလုံးရွာမှာကျတယ်”ဟု ရခိုင်ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

(စစ်ကောင်စီတပ် ပစ်သည့်လက်နက်ကြီးကျဉ်ကြောင့် မြောက်ဦးမြို့သစ် ဓမ္မရာဇ်ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းနှစ်ကျောင်း ထိမှန်ပျက်စီးနေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - Narinjara သတင်းဌာန)
(စစ်ကောင်စီတပ် ပစ်သည့်လက်နက်ကြီးကျဉ်ကြောင့် မြောက်ဦးမြို့သစ် ဓမ္မရာဇ်ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းနှစ်ကျောင်း ထိမှန်ပျက်စီးနေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ – Narinjara သတင်းဌာန)

လက်နက်ကြီး ပစ်ခတ်မှုကို မြောက်ဦးအခြေစိုက် စစ်ကောင်စီ တပ်စခန်းက ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ်က အထိနာ၍ ထိုသို့ လက်နက်ကြီးဖြင့် အရပ်သားများကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

“သူတို့က အကျအဆုံးများမှာပဲ။ အနည်းဆုံး ၂၀ ကျော်မယ်။ ဘာလို့လည်းဆို AAက သူတို့ထွက်လာကတည်းက သတင်းရထားလို့ ကြိုပြီးမိုင်းထောင်ထားတာ။ မိုင်းဆွဲပြီး ၂ဖက်ညှပ်ပြီး တိုက်ခိုက်တာ။ သူတို့ဘက်က အကျအဆုံးများတယ်။ များလို အဲဒီလိုလုပ်တာ။ ကျတဲ့အထဲမှာ အရာရှိတွေကျတယ်တဲ့။ ”ဟု ရခိုင်ဒေသခံက ပြောသည်။

(စစ်ကောင်စီတပ် ပစ်သည့်လက်နက်ကြီးကျဉ်ကြောင့် မြောက်ဦးမြို့သစ် ဓမ္မရာဇ်ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းနှစ်ကျောင်း ထိမှန်ပျက်စီးနေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - Narinjara သတင်းဌာန)
(စစ်ကောင်စီတပ် ပစ်သည့်လက်နက်ကြီးကျဉ်ကြောင့် မြောက်ဦးမြို့သစ် ဓမ္မရာဇ်ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းနှစ်ကျောင်း ထိမှန်ပျက်စီးနေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ – Narinjara သတင်းဌာန)

ထို့အပြင် မောင်တောမြောက်ပိုင်းရှိ ခမောင်းဆိပ် ဗျူဟာကို AAက တိုက်ခိုက်လျက်ရှိရာ မကြာမီ စစ်ကောင်စီတပ်များ ဗျူဟာကို လက်လွှတ်ရနိုင်ဖွယ်ရှိကြောင်း ဒေသခံက ပြောသည်။

“ ခမောင်းဆိပ်ဗျူဟာကိုသူတို့က လက်လွှတ်ရတော့မှာ။ အဲဒီမှာက အဓိက ကုန်းတစ်ကုန်းပဲကျန်တယ်။ ကျန်တဲ့ဟာတွေကတိုက်ခိုက်လို့ နိုင်သွားပြီ။ အဲဒါကြောင့် ဒီနေ့ဆိုရင် ဂျက်ဖိုက်တာနဲ့လာပစ်တယ်။ ဟိုတစ်နေ့က တိုက်ခိုက်ရေးရဟတ်ယာဉ် နှစ်စီးနဲ့လာပစ်တယ်။ ဒါပေမဲ့ ဒီနေ့ကျကျရင်နောက်ဆုံးထွက်တဲ့ ဟာနဲ့ တိုက်တာလို့ပြောရမယ်”ဟု ၎င်းက ဆိုသည်။

ခမောင်းဆိပ်ဗျူဟာသည် မြန်မာ – ဘင်္ဂလာနယ်စပ် မောင်တောမြောက်ပိုင်းတွင် အဓိကအရေးပါသည့် ဗျူဟာဖြစ်ကြောင်း ဒေသခံက ပြောသည်။

(စစ်ကောင်စီတပ် ပစ်သည့်လက်နက်ကြီးကျဉ်ကြောင့် မြောက်ဦးမြို့သစ် ဓမ္မရာဇ်ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းနှစ်ကျောင်း ထိမှန်ပျက်စီးနေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - Narinjara သတင်းဌာန)
(စစ်ကောင်စီတပ် ပစ်သည့်လက်နက်ကြီးကျဉ်ကြောင့် မြောက်ဦးမြို့သစ် ဓမ္မရာဇ်ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းနှစ်ကျောင်း ထိမှန်ပျက်စီးနေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ – Narinjara သတင်းဌာန)

“အဲဒီ ခမောင်းဆိပ်ဗျူဟာကျသွားတယ်ဆိုရင် ဒီမောင်တော မြောက်ပိုင်းမှာ တောင်ပြို ဗျူဟာ နဲ့ ကြိမ်ချောင်းဗျူဟာကျန်မှာပေါ့။ ..။ အဓိက ဗျူဟာက ခမောင်းဆိပ်နဲ့ ကြိမ်ချောင်း။ ခမောင်းဆိပ်ကျသွားရင် ခမောင်းဆိပ်နဲ့ ကြိမ်ချောင်းကြားမှာရှိတဲ့ သူတို့ရဲ့ ကင်းစခန်းတွေ နယ်ခြားစခန်းတွေ အခု ၂၀ ကျော်လောက်ရှိ မယ်။ သူတို့က ထွက်ပြေးရမယ် မဟုတ်ရင် တိမ်းရှောင်ရမှာ။ ကြိမ်ချောင်း ဗျူဟာကို ဆက်ပြီး AAက သိမ်းပိုက်နိုင်မယ်ဆိုရင် မောင်တောမြောက်ပိုင်း တစ်ခုလုံးကို ဘင်္ဂလာ- မြန်မာ နယ်စပ် မိုင် ၅၀ပတ်လည်ကို AAက လိုင်ဇာတို့လို ထိန်းချုပ်နယ်မြေ လွတ်မြောက်နယ်မြေ ရသွားမှာ။ အဲဒါကြောင့် သူတို့က အင်အား ထောင်နဲ့ချီ သုံးပြီးနောက်ဆုံး ပေါ် တိုက်လေယာဉ်တွေသုံးပြီး တိုက်နေတာ”ဟု ရခိုင်ဒေသခံက ပြောသည်။

လက်ရှိ အခြေအနေများအရ ရခိုင်တစ်ပြည်လုံးအတိုင်းအတာ တိုက်ပွဲများ အချိန်တိုအတွင်း ပြင်းထန်လာနိုင်ကြောင်း ၎င်းက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။