Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်မြို့နယ်အတွင်း စစ်ကြောင်းထိုးပြန်လာသည့် စစ်ကောင်စီတပ်ယာဥ်တစ်စီးပေါ် ဗုံးပစ်သွင်းတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၅ ဦးခန့် ထိခိုက်သေဆုံးဟုဆို

မိုးကုတ်အခြေပြုတပ်ရင်းများ၏ ယခုလိုလုပ်ဆောင်ခဲ့သော မစ်ရှင်များကြောင့် ပြည်သူများဝမ်းသာအားရ ကျေနပ်နိုင်ပါစေကြောင်းနှင့် တော်လှန်ရေးတွင် ပါဝင်အားဖြည့်မှုများ ပိုမိုအားကောင်းလာကာ ဆက်လက်ပါဝင်လှူဒါန်းနိုင်ပါစေကြောင်း ဆုမွန်တောင်းထားသည်။

(ရှေ့တန်းတစ်နေရာမှာ သပိတ်ကျင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအားတွေ့ရစဥ်၊ ဓာတ်ပုံ - သပိတ်ကျင်း PDF)
(ရှေ့တန်းတစ်နေရာမှာ သပိတ်ကျင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအားတွေ့ရစဥ်၊ ဓာတ်ပုံ - သပိတ်ကျင်း PDF)

မန္တလေးတိုင်း မိုးကုတ်မြို့နယ်အတွင်း စစ်ကြောင်းထိုးပြီးပြန်လာသည့် စစ်ကောင်စီတပ်ယာဥ်တစ်စီးပေါ်သို့ လက်ပစ်ဗုံးတစ်လုံးပစ်သွင်းကာ တိုက်ခိုက်ခဲ့ကြောင်း သပိတ်ကျင်းပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၁၂၂၂)က ယနေ့(သြဂုတ် ၂၉)ထုတ်ပြန်သည်။

မိုးကုတ်အခြေပြု တပ်ရင်းများဖြစ်သည့် (၁၂၂၁)၊ (၁၂၂၂) ၊(၁၂၂၃) တပ်ရင်းများမှ ရဲဘော်များသည် ယနေ့နံနက် ၈ နာရီခန့်တွင် မိုးကုတ်မြို့နယ် လောင့်စင်နှင့် ဂွေးပင်ရွာဘက်တွင် စစ်ကြောင်းထိုးပြီးပြန်လာသော စစ်ကောင်စီတပ်စစ်ကြောင်းအား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“ကားလမ်းနဲ့ ပေ(၆၀)ဝန်းကျင်အကွာမှ အသင့်နေရာယူခဲ့ပြီး စစ်ကြောင်းထိုးပြန်လာခဲ့တဲ့ စကစ ကားတစ်စီးပေါ် လက်ပစ် ဗုံးတစ်လုံး ပစ်သွင်းနိုင်ခဲ့ပြီမိုင်းငါးလုံးဖောက်ခွဲနိုင်ခဲ့ပြီး အသင့်ပါသော လက်နက်များဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်”ဟု တပ်ရင်း (၁၂၂၂)က ဆိုသည်။

Public Service Announcement
Public Service Announcement

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ပြီး မိမိတို့ဘက်မှ ရဲဘော်များ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပါသည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

ဗုံးပစ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်မှ (၆ဝ)မမ လက်နက်ကြီး အချက်၂၀ကျော်နှင့် စက်လက်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများလည်းရှိခဲ့ပြီး တိုက်ပွဲချိန် မိနစ် ၃၀ကျော်ကြာမြင့်ခဲ့ကြောင်း ဖော်ပြသည်။

မိုးကုတ်အခြေပြုတပ်ရင်းများ၏ ယခုလိုလုပ်ဆောင်ခဲ့သော မစ်ရှင်များကြောင့် ပြည်သူများဝမ်းသာအားရ ကျေနပ်နိုင်ပါစေကြောင်းနှင့် တော်လှန်ရေးတွင် ပါဝင်အားဖြည့်မှုများ ပိုမိုအားကောင်းလာကာ ဆက်လက်ပါဝင်လှူဒါန်းနိုင်ပါစေကြောင်း ဆုမွန်တောင်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် (၃)နှစ်အရွယ်ကလေးငယ် အပါအ၀င် ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။