Connect with us

Hi, what are you looking for?

News

စစ်ကောင်စီကအရပ်သားများကို စစ်ဝတ်စုံဝတ်ခိုင်းပြီး လူသားဒိုင်းအဖြစ်အသုံးပြုဟု ကရင်နီတပ်ပြော

KNIC၏ ဖော်ပြချက်တွင် စစ်အင်္ကျီ ဝတ်ဆင်စေပြီး လက်ကို ကြိုးတုပ်ထားသူ များအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခေါ်ဆောင်သွားသည့် ဓာတ်ပုံကိုပါဖော်ပြခဲ့သည်။ ယင်းဓာတ်ပုံထဲ၌ ကြိုးတုပ်ခံရသူအချို့သည် ပုဆိုးနှင့် ဘောင်းဘီတို ဝတ်ထားပြီး အချို့မှာ ဖိနပ်ပင်မပါပေ။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးပြီး စစ်ဝတ်စုံများ ဝတ်ခိုင်းပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ၏ သတင်းနှင့် ပြန်ကြားရေးဌာန KNIC က ယနေ့ သတင်းဖော်ပြသည်။

KNIC၏ ဖော်ပြချက်တွင် စစ်အင်္ကျီ ဝတ်ဆင်စေပြီး လက်ကို ကြိုးတုပ်ထားသူ များအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခေါ်ဆောင်သွားသည့် ဓာတ်ပုံကိုပါဖော်ပြခဲ့သည်။ ယင်းဓာတ်ပုံထဲ၌ ကြိုးတုပ်ခံရသူအချို့သည် ပုဆိုးနှင့် ဘောင်းဘီတို ဝတ်ထားပြီး အချို့မှာ ဖိနပ်ပင်မပါပေ။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက အပြစ်မဲ့ပြည်သူ ၁၅ဦးခန့်အား မတရားဖမ်းဆီးကာ စစ်ကောင်စီစစ်တပ်ဝတ်စုံများ ဝတ်စေလျက် လက်ပြန်ကြိုးတုတ် လူသားဒိုင်းပြုလုပ်ကာ ဖရူဆို-ဒီးမော့ဆိုဘက်မှ လွိုင်ကော်ဘက်သို့ လမ်း လျှောက်ချီတက်သွားကြောင်းသိရသည်ဟုလည်း KNIC က ရေးသားဖော်ပြသည်။

“ဘာကြောင့် အသုံးပြုလဲဆိုရင် ဒီလိုမျိုးသူတို့ အသုံးပြုလာခဲ့မယ်ဆိုရင် တိုင်းရင်းသားဘက်က ထိုးစစ်မဆင်တော့ဘူးသူတို့ကို ပစ်ခတ်မှုမလုပ်တော့ဘူးဆိုတဲ့ သူတို့အတွေးအခေါ် အယူအဆနဲ့ပေါ့”ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)က ပြောသည်။

Public Service Announcement

Public Service Announcement

KNDFသည် KNPP လက်အောက်ခံတပ်ဖြစ်သော ကရင်နီပြည်တပ်မတော်(KA)နှင့်အတူ လက်တွဲပြီး အာဏာသိမ်းစစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဖယ်ခုံမြို့နယ်ရှိ ကျေးရွာနှစ်ခုမှ အရပ်သား ၁၀ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်ကာ လမ်းပြ၊ ဓားစာခံ လူသားဒိုင်းအဖြစ်အသုံးပြုခဲ့ကြောင်း ဖယ်ခုံဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီအနေဖြင့် ကရင်နီဒေသ၌သာမက ကရင်ဒေသ စစ်ဆင်ရေးနယ်မြေများတွင်လည်း အရပ်သားများကို ဖမ်းဆီးခေါ်ဆောင်ကာ အကာအကွယ် အဖြစ် အသုံးပြုနေသည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) တာဝန်ရှိသူအချို့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook