Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီကအရပ်သားများကို စစ်ဝတ်စုံဝတ်ခိုင်းပြီး လူသားဒိုင်းအဖြစ်အသုံးပြုဟု ကရင်နီတပ်ပြော

KNIC၏ ဖော်ပြချက်တွင် စစ်အင်္ကျီ ဝတ်ဆင်စေပြီး လက်ကို ကြိုးတုပ်ထားသူ များအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခေါ်ဆောင်သွားသည့် ဓာတ်ပုံကိုပါဖော်ပြခဲ့သည်။ ယင်းဓာတ်ပုံထဲ၌ ကြိုးတုပ်ခံရသူအချို့သည် ပုဆိုးနှင့် ဘောင်းဘီတို ဝတ်ထားပြီး အချို့မှာ ဖိနပ်ပင်မပါပေ။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးပြီး စစ်ဝတ်စုံများ ဝတ်ခိုင်းပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ၏ သတင်းနှင့် ပြန်ကြားရေးဌာန KNIC က ယနေ့ သတင်းဖော်ပြသည်။

KNIC၏ ဖော်ပြချက်တွင် စစ်အင်္ကျီ ဝတ်ဆင်စေပြီး လက်ကို ကြိုးတုပ်ထားသူ များအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခေါ်ဆောင်သွားသည့် ဓာတ်ပုံကိုပါဖော်ပြခဲ့သည်။ ယင်းဓာတ်ပုံထဲ၌ ကြိုးတုပ်ခံရသူအချို့သည် ပုဆိုးနှင့် ဘောင်းဘီတို ဝတ်ထားပြီး အချို့မှာ ဖိနပ်ပင်မပါပေ။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက အပြစ်မဲ့ပြည်သူ ၁၅ဦးခန့်အား မတရားဖမ်းဆီးကာ စစ်ကောင်စီစစ်တပ်ဝတ်စုံများ ဝတ်စေလျက် လက်ပြန်ကြိုးတုတ် လူသားဒိုင်းပြုလုပ်ကာ ဖရူဆို-ဒီးမော့ဆိုဘက်မှ လွိုင်ကော်ဘက်သို့ လမ်း လျှောက်ချီတက်သွားကြောင်းသိရသည်ဟုလည်း KNIC က ရေးသားဖော်ပြသည်။

“ဘာကြောင့် အသုံးပြုလဲဆိုရင် ဒီလိုမျိုးသူတို့ အသုံးပြုလာခဲ့မယ်ဆိုရင် တိုင်းရင်းသားဘက်က ထိုးစစ်မဆင်တော့ဘူးသူတို့ကို ပစ်ခတ်မှုမလုပ်တော့ဘူးဆိုတဲ့ သူတို့အတွေးအခေါ် အယူအဆနဲ့ပေါ့”ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)က ပြောသည်။

Public Service Announcement

Public Service Announcement

KNDFသည် KNPP လက်အောက်ခံတပ်ဖြစ်သော ကရင်နီပြည်တပ်မတော်(KA)နှင့်အတူ လက်တွဲပြီး အာဏာသိမ်းစစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဖယ်ခုံမြို့နယ်ရှိ ကျေးရွာနှစ်ခုမှ အရပ်သား ၁၀ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်ကာ လမ်းပြ၊ ဓားစာခံ လူသားဒိုင်းအဖြစ်အသုံးပြုခဲ့ကြောင်း ဖယ်ခုံဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီအနေဖြင့် ကရင်နီဒေသ၌သာမက ကရင်ဒေသ စစ်ဆင်ရေးနယ်မြေများတွင်လည်း အရပ်သားများကို ဖမ်းဆီးခေါ်ဆောင်ကာ အကာအကွယ် အဖြစ် အသုံးပြုနေသည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) တာဝန်ရှိသူအချို့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။