Connect with us

Hi, what are you looking for?

သတင်း

ဟားခါးတွင် ချင်းပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် ယနေ့တိုက်ပွဲဖြစ်

ချင်းပြည်နယ် ဟားခါး – ထန်တလန်ကြားတွင်လည်း ဇူလိုင်လကုန်ပိုင်းမှ ယခု ဩဂုတ်လကုန်ပိုင်းအထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြောကြားထားသည်။

(လူနေအိမ်ပေါ်သို့ လက်နက်ကြီးကျ‌ရောက်မှုကြောင့် ပျက်စီးနေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - The Chin Journal)
(လူနေအိမ်ပေါ်သို့ လက်နက်ကြီးကျ‌ရောက်မှုကြောင့် ပျက်စီးနေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - The Chin Journal)

▪️စစ်ကောင်စီ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အမျိုးသမီးများ အပါအဝင်လေးဦး ဒဏ်ရာရ

ချင်းပြည်နယ် ဟားခါးမြို့၌ ယနေ့နံနက်က ချင်းတော်လှန်ရေးတပ်ပေါင်းစုနှင့် စစ်ကောင်စီတပ်တို့ ၂နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း The Chin Journalက ဖော်ပြသည်။

ဩဂုတ် ၃၀ရက် နံနက် ၆နာရီခန့်က ဟားခါးထာရ်ရပ်ကွက်တွင် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် လူနေအိမ်အချို့ပေါ်ကျရောက်ပေါက်ကွဲခဲ့သည်ဟုဆိုသည်။

ထိုသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့၍ အမျိုးသမီး သုံးဦး နှင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

မိသားစုများ နံနက်စာစားနေစဉ် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရ သူများအား ဟားခါးဆေးရုံသို့ပို့ဆောင်ထားသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲ၌ စစ်ကောင်စီနှင့် ချင်းပူးပေါင်းတပ်မှ ထိခိုက်ကျဆုံးရှိ၊မရှိကို စုံစမ်းနေဆဲဖြစ်သည်။ ဟားခါး CDF တာဝန်ရှိသူ တစ်ဦးထံသို့ ဆက်သွယ်ရာတွင်လည်း အဆက်အသွယ်မရသေးပေ။

ချင်းပြည်နယ် ဟားခါး – ထန်တလန်ကြားတွင်လည်း ဇူလိုင်လကုန်ပိုင်းမှ ယခု ဩဂုတ်လကုန်ပိုင်းအထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြောကြားထားသည်။

ဒေသတွင်း ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် များကို CNF/CNA ၊ ချင်းဒေသကာကွယ်ရေးတပ်(CDF) တပ်ဖွဲ့များ ပူးပေါင်း တိုက်ခိုက်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။