Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဟားခါးတွင် ချင်းပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် ယနေ့တိုက်ပွဲဖြစ်

ချင်းပြည်နယ် ဟားခါး – ထန်တလန်ကြားတွင်လည်း ဇူလိုင်လကုန်ပိုင်းမှ ယခု ဩဂုတ်လကုန်ပိုင်းအထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြောကြားထားသည်။

(လူနေအိမ်ပေါ်သို့ လက်နက်ကြီးကျ‌ရောက်မှုကြောင့် ပျက်စီးနေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - The Chin Journal)
(လူနေအိမ်ပေါ်သို့ လက်နက်ကြီးကျ‌ရောက်မှုကြောင့် ပျက်စီးနေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - The Chin Journal)

▪️စစ်ကောင်စီ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အမျိုးသမီးများ အပါအဝင်လေးဦး ဒဏ်ရာရ

ချင်းပြည်နယ် ဟားခါးမြို့၌ ယနေ့နံနက်က ချင်းတော်လှန်ရေးတပ်ပေါင်းစုနှင့် စစ်ကောင်စီတပ်တို့ ၂နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း The Chin Journalက ဖော်ပြသည်။

ဩဂုတ် ၃၀ရက် နံနက် ၆နာရီခန့်က ဟားခါးထာရ်ရပ်ကွက်တွင် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် လူနေအိမ်အချို့ပေါ်ကျရောက်ပေါက်ကွဲခဲ့သည်ဟုဆိုသည်။

ထိုသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့၍ အမျိုးသမီး သုံးဦး နှင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

မိသားစုများ နံနက်စာစားနေစဉ် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရ သူများအား ဟားခါးဆေးရုံသို့ပို့ဆောင်ထားသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲ၌ စစ်ကောင်စီနှင့် ချင်းပူးပေါင်းတပ်မှ ထိခိုက်ကျဆုံးရှိ၊မရှိကို စုံစမ်းနေဆဲဖြစ်သည်။ ဟားခါး CDF တာဝန်ရှိသူ တစ်ဦးထံသို့ ဆက်သွယ်ရာတွင်လည်း အဆက်အသွယ်မရသေးပေ။

ချင်းပြည်နယ် ဟားခါး – ထန်တလန်ကြားတွင်လည်း ဇူလိုင်လကုန်ပိုင်းမှ ယခု ဩဂုတ်လကုန်ပိုင်းအထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြောကြားထားသည်။

ဒေသတွင်း ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် များကို CNF/CNA ၊ ချင်းဒေသကာကွယ်ရေးတပ်(CDF) တပ်ဖွဲ့များ ပူးပေါင်း တိုက်ခိုက်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။