Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းတာကို ဦးဆောင်ဆန့်ကျင်သူပညာရေးဝန်ထမ်း တွေကို ရုံးမထုတ်ဘဲထောင်ချ

သြဂုတ်လအတွင်းမှာတင် အိုးဘိုထောင်မှာ အကျဉ်းချထားတဲ့ ကျောင်းဆရာ ၂ ဦးနဲ့ ဆရာမ ၁ ဦးကို ရက်ခြားကာ ဆူပူအောင်လှုံဆော်မှု ၊ အကြမ်းဖက်မှု ပုဒ်မတွေနဲ့ စစ်ကောင်စီက ထောင်ချခဲ့ပါတယ်။

အာဏာသိမ်းတာကို ဦးဆောင်ဆန့်ကျင်သူပညာရေးဝန်ထမ်း တွေကို ရုံးမထုတ်ဘဲထောင်ချ
အာဏာသိမ်းတာကို ဦးဆောင်ဆန့်ကျင်သူပညာရေးဝန်ထမ်း တွေကို ရုံးမထုတ်ဘဲထောင်ချ

စစ်အာဏာသိမ်းတာကို ဆန့်ကျင်လို့ ဖမ်းဆီးခံထားရတဲ့ ဆရာ၊ ဆရာမတွေကို စစ်ကောင်စီဟာ ဒီရက်ပိုင်း မန္တလေးမှာ ဆက်တိုက်ဆိုသလို ထောင်ချနေတာတွေ့ရပါတယ်။

သြဂုတ်လအတွင်းမှာတင် အိုးဘိုထောင်မှာ အကျဉ်းချထားတဲ့ ကျောင်းဆရာ ၂ ဦးနဲ့ ဆရာမ ၁ ဦးကို ရက်ခြားကာ ဆူပူအောင်လှုံဆော်မှု ၊ အကြမ်းဖက်မှု ပုဒ်မတွေနဲ့ စစ်ကောင်စီက ထောင်ချခဲ့ပါတယ်။

အဲဒီလိုထောင်ချခံရတဲ့ ဆရာ ၊ဆရာမတွေဟာ အခြေခံပညာရေးဝန်ထမ်းများအထွေထွေ သပိတ်ကော်မတီ ရဲ့ ဗဟိုကော်မတီဝင်တွေဖြစ်တဲ့ ဆရာဦးရန်စိုးပိုင် ၊ ဆရာဦးနိုင်းသီဟကျော်နဲ့ ဆရာမ ဒေါ်သက်ဆုလှိုင်တို့ပဲဖြစ်ပါတယ်။

ဆရာ ဦးရန်စိုးပိုင်နဲ့ ဆရာဦးနိုင်းသီဟကျော် တို့ကို ထောင်ဒဏ် ၈ နှစ်ချထားပြီး ဆရာမ ဒေါ်သက်ဆုလှိုင်ကို စွဲဆိုထားတဲ့ ပုဒ်မ ၂ ခုထဲက အကြမ်းဖက်မှုအတွက် ထောင်ဒဏ် ၅ နှစ်ချထားပြီး ကျန်အမှုကိုဆက်လက်ရင်ဆိုင်ရဖို့ရှိပါတယ်။

Public Service Announcement

Public Service Announcement

ဒီလိုထောင်ချရာမှာလည်း စွပ်စွဲခံရသူကို တရားရုံးထုတ်စစ်ဆေးတာမရှိဘဲ မျက်ကွယ်ထောင်ချတာမျိုးကို စစ်ကောင်စီက လုပ်ဆောင်တယ်လို့သိရပါတယ်။

ဒါအပြင်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဟောင်း ကိုနောင်ထက်အောင်ကိုလည်း သြဂုတ်လထဲမှာတင် ဆူပူအောင်လှုံဆော်မှုနဲ့ ထောင် ၃ နှစ်ချထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုရဲ့ သမီးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ လူငယ်တာဝန်ခံ မမိုး ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၂(က)နဲ့ ထပ်မံတရားစွဲဆိုပြီး ထောင်ဒဏ်ငါးနှစ်ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက ပြောကြပါတယ်။

ဆောင်းပါး

လူ့အဖွဲ့စည်းတွင် ယနေ့ခေတ်ကာလမှာ AI (Artificial Intelligence) ဉာဏ်ရည်တုကို နယ်ပယ်အသီးသီးတွင် တွင်ကျယ်စွာ အသုံးပြုနေကြပြီ ဖြစ်သည်။ ထို AI ဉာဏ်ရည်တုကို အသုံးပြုသည့်အခါ သိသယောင် အားနည်းချက်(Hallucination)သည် အန္တရာယ်အလွန် ရှိနိုင်သည့် ပြဿနာတခု ဖြစ်နေပါသည်။

သတင်း

ရခိုင်ပြည်နယ်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးအန္တရာယ်အပါအ၀င် စားဝတ်နေရေး ကြပ်တည်းမှုဒဏ်ကြောင့် ကျောင်းမတက်ရတဲ့ ကလေးငယ်တွေ များလာနေတယ်လို့ ဒေသတွင်းလူမှုကူညီရေးအဖွဲ့တွေနဲ့ ကျောင်းသားမိဘတွေက ပြောကြပါတယ်။