Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အာဏာသိမ်းတာကို ဦးဆောင်ဆန့်ကျင်သူပညာရေးဝန်ထမ်း တွေကို ရုံးမထုတ်ဘဲထောင်ချ

သြဂုတ်လအတွင်းမှာတင် အိုးဘိုထောင်မှာ အကျဉ်းချထားတဲ့ ကျောင်းဆရာ ၂ ဦးနဲ့ ဆရာမ ၁ ဦးကို ရက်ခြားကာ ဆူပူအောင်လှုံဆော်မှု ၊ အကြမ်းဖက်မှု ပုဒ်မတွေနဲ့ စစ်ကောင်စီက ထောင်ချခဲ့ပါတယ်။

အာဏာသိမ်းတာကို ဦးဆောင်ဆန့်ကျင်သူပညာရေးဝန်ထမ်း တွေကို ရုံးမထုတ်ဘဲထောင်ချ
အာဏာသိမ်းတာကို ဦးဆောင်ဆန့်ကျင်သူပညာရေးဝန်ထမ်း တွေကို ရုံးမထုတ်ဘဲထောင်ချ

စစ်အာဏာသိမ်းတာကို ဆန့်ကျင်လို့ ဖမ်းဆီးခံထားရတဲ့ ဆရာ၊ ဆရာမတွေကို စစ်ကောင်စီဟာ ဒီရက်ပိုင်း မန္တလေးမှာ ဆက်တိုက်ဆိုသလို ထောင်ချနေတာတွေ့ရပါတယ်။

သြဂုတ်လအတွင်းမှာတင် အိုးဘိုထောင်မှာ အကျဉ်းချထားတဲ့ ကျောင်းဆရာ ၂ ဦးနဲ့ ဆရာမ ၁ ဦးကို ရက်ခြားကာ ဆူပူအောင်လှုံဆော်မှု ၊ အကြမ်းဖက်မှု ပုဒ်မတွေနဲ့ စစ်ကောင်စီက ထောင်ချခဲ့ပါတယ်။

အဲဒီလိုထောင်ချခံရတဲ့ ဆရာ ၊ဆရာမတွေဟာ အခြေခံပညာရေးဝန်ထမ်းများအထွေထွေ သပိတ်ကော်မတီ ရဲ့ ဗဟိုကော်မတီဝင်တွေဖြစ်တဲ့ ဆရာဦးရန်စိုးပိုင် ၊ ဆရာဦးနိုင်းသီဟကျော်နဲ့ ဆရာမ ဒေါ်သက်ဆုလှိုင်တို့ပဲဖြစ်ပါတယ်။

ဆရာ ဦးရန်စိုးပိုင်နဲ့ ဆရာဦးနိုင်းသီဟကျော် တို့ကို ထောင်ဒဏ် ၈ နှစ်ချထားပြီး ဆရာမ ဒေါ်သက်ဆုလှိုင်ကို စွဲဆိုထားတဲ့ ပုဒ်မ ၂ ခုထဲက အကြမ်းဖက်မှုအတွက် ထောင်ဒဏ် ၅ နှစ်ချထားပြီး ကျန်အမှုကိုဆက်လက်ရင်ဆိုင်ရဖို့ရှိပါတယ်။

Public Service Announcement

Public Service Announcement

ဒီလိုထောင်ချရာမှာလည်း စွပ်စွဲခံရသူကို တရားရုံးထုတ်စစ်ဆေးတာမရှိဘဲ မျက်ကွယ်ထောင်ချတာမျိုးကို စစ်ကောင်စီက လုပ်ဆောင်တယ်လို့သိရပါတယ်။

ဒါအပြင်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဟောင်း ကိုနောင်ထက်အောင်ကိုလည်း သြဂုတ်လထဲမှာတင် ဆူပူအောင်လှုံဆော်မှုနဲ့ ထောင် ၃ နှစ်ချထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြန်မာနိုင်ငံက စည်းလုံးတဲ့၊ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ အခြေအနေမျိုး ရပ်တည်နိုင်ရင် အကျိုးအမြတ် အရရှိဆုံးက ထိုင်းနိုင်ငံ ဖြစ်လာမယ်လို့လည်း ဆရက်သာက ပြောကြားသွားပါတယ်။

သတင်း

လွယ်ဂျယ်မြို့ကို ဝိုင်းထားပြီး စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့နှင့် ဝန်ထမ်းများထွက်ခွာခွင့်ကို ယနေ့ ၁ ရက်အချိန်ပေးထားသည်ဟု သိရသည်။

သတင်း

လွိုင်ကော်တက္ကသိုလ်မှ ကယ်တင်ခေါ်ထုတ်လာခဲ့သည့် Non-CDM ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင်များကို Non-CDM ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများ ဖြင့် စိစစ်ဆောင်ရွက်ခဲ့ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)က ကနဦး အသိပေးသည်။

နိုင်ငံတကာ

ဆာအိုပေါ်လိုမြို့ အင်အားပြပွဲမှာတော့ ဘော်လ်ဆိုနာရိုကို ထောက်ခံသူတွေဟာ ဘရာဇီး အလံရဲ့ အစိမ်းနဲ့ အဝါရောင်တွေကို ဝတ်ဆင်ပြီး အရေအတွက် အများအပြား လာရောက် စုရုံးရင်း ဘော်လ်ဆိုနာရိုရဲ့ မိန့်ခွန်းကို နားထောင်ခဲ့ကြပါတယ်။