Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမသမာမှုနဲ့ စစ်ကောင်စီ ဒီနေ့ထောင်ထပ်ချဖို့ရှိနေ

သြဂုတ်လ ၁၅ ရက်ကလည်း စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိအမှု ၄ မှုအတွက် ထောင်ဒဏ် ၆ နှစ်ချထားပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမသမာမှုနဲ့ စစ်ကောင်စီ ဒီနေ့ထောင်ထပ်ချဖို့ရှိနေ
ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမသမာမှုနဲ့ စစ်ကောင်စီ ဒီနေ့ထောင်ထပ်ချဖို့ရှိနေ

ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့မှာ ထောင်ထပ်ချဖို့ရှိနေပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်အပေါ် မလျော်သြဇာ သုံးတယ်ဆိုပြီး သမ္မတ ဦးဝင်းမြင့် ၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ ရုံး ဝန်ကြီး ဦးမင်းသူတို့ကို ရွေးကောက်ပွဲမသမာမှု ရာဇသတ်ကြီးပုဒ်မ ၁၃၀(က) နဲ့ စစ်ကောင်စီက စွပ်စွဲ တရားစွဲဆိုထားတာပါ။

ဒီပုဒ်မဟာ ထောင်ဒဏ် ၃ နှစ်အထိချလို့ရတဲ့ပုဒ်မလည်းဖြစ်ပါတယ်။

အဲဒီအမှုအတွက် ဒီနေ့ စက်တင်ဘာလ ၂ ရက်မှာ အမိန့်ချဖို့ တရားရုံးက ပြီးခဲ့တဲ့ရုံးချိန်းမှာ ချိန်းဆိုထားတာရှိနေတာပါ။

Public Service Announcement

Public Service Announcement

သြဂုတ်လ ၁၅ ရက်ကလည်း စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိအမှု ၄ မှုအတွက် ထောင်ဒဏ် ၆ နှစ်ချထားပါသေးတယ်။

လက်ရှိအချိန်ထိ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီဟာ ထောင်ဒဏ် စုစုပေါင်း ၁၇ နှစ်ထိချထားပြီး နေပြည်တော်အချုပ်ထောင်မှာ အကျဉ်းချထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

ဒီကနေ့ (ဇွန် ၁၉)မှာကျရောက်တဲ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံနဲ့ "81 for 81 အမေစုချက်ချင်းလွှတ်" စာတန်းချိတ်ဆွဲ ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အမှတ်တရ လှုပ်ရှားမှုမှာ အားလုံးပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။