Connect with us

Hi, what are you looking for?

သတင်း

သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ထောင် ၃ နှစ်စီ စစ်ကောင်စီထပ်ချ

ဒီနေ့ချလိုက်တဲ့ ထောင်ဒဏ် ၃ နှစ် အပါအဝင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီဟာ ထောင်ဒဏ် နှစ် ၂၀ ထိချထားပြီဖြစ်ပါတယ်။

ဓာတ်ပုံ − ရိုက်တာ
ဓာတ်ပုံ − ရိုက်တာ

ရွေးကောက်ပွဲအနိုင်ရအောင် မလျော်သြဇာသုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သမ္မတ ဦးဝင်းမြင့် ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ ရုံးဝန်ကြီး ဦးမင်းသူ တို့ ၃ ဦးကို စစ်ကောင်စီက ဒီနေ့မှာ ထောင်ဒဏ် ၃ နှစ်စီချလိုက်ပါတယ်။

ရွေးကောက်ပွဲမသမာမှု ရာဇသတ်ကြီး ပုဒ်မ ၁၃၀(က) နဲ့ ထောင်ဒဏ် ၃ နှစ်စီချလိုက်တာပါ။

အဲဒီပုဒ်မရဲ့ အမြင့်ဆုံးချနိုင်တဲ့ ထောင်ဒဏ် ကို စစ်ကောင်စီက ချလိုက်တာဖြစ်ပြီး ချုပ်ရက်ခံစားခွင့်လည်း စစ်ကောင်စီက မပေးကြောင်း တရားရုံးအသိုင်းအဝိုင်းကနေသိရပါတယ်။

ဒီနေ့ချလိုက်တဲ့ ထောင်ဒဏ် ၃ နှစ် အပါအဝင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီဟာ ထောင်ဒဏ် နှစ် ၂၀ ထိချထားပြီဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့အတွက် "Proof of life" လှုပ်ရှားမှုကို ဇူလိုင် ၂၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ထိုင်၀မ်နိုင်ငံ Sun Yat-Sen Memorial hall မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးကြောင်း သက်သေပြဖို့ တောင်းဆိုတဲ့ Proof of Life လှုပ်ရှားမှုကို ဒီကနေ့ (ဇူလိုင် ၂၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

ဆောင်းပါး

(ထူထဲလှတဲ့ထောင်နံရံနောက်က နိုဘယ်ဆုရှင်၏ အသက်အန္တရာယ်အပေါ် ကမ္ဘာ့စိုးရိမ်ပူပန်မှုများ)