Connect with us

Hi, what are you looking for?

သတင်း

စခန်းစွန့်သွားသည့် ပလက်ဝနယ် သံထောင်တပ်စခန်းမှ စစ်ကောင်စီတပ်ကြပ်တစ်ဦး CDF ဒိုင်ထံ အလင်းဝင်

ထွက်ပြေးလာစဉ် ဒဏ်ရာရခဲ့သည့် အဆိုပါတပ်ကြပ်ကို ဆေးကုသမှု ပေးလျက်ရှိကြောင်း၊ ယင်းတပ်ကြပ်၌ လက်နက်ခဲယမ်းများ မပါလာခဲ့ကြောင်း ၎င်းက ဆိုသည်။

စခန်းစွန့်သွားသည့် ပလက်၀နယ် သံထောင်တပ်စခန်းမှ စစ်ကောင်စီတပ်ကြပ်တစ်ဦး CDF ဒိုင်ထံ အလင်းဝင်
စခန်းစွန့်သွားသည့် ပလက်၀နယ် သံထောင်တပ်စခန်းမှ စစ်ကောင်စီတပ်ကြပ်တစ်ဦး CDF ဒိုင်ထံ အလင်းဝင်

ချင်းပြည်နယ် ပလက်၀မြို့နယ် သံထောင်တပ်စခန်းမှ စစ်ကောင်စီတပ်ကြပ်တစ်ဦးသည် ၎င်းတို့ တပ် သံထောင်စခန်းမှ စွန့်ခွာစဉ် တပ်ဆုတ်ခွာသည့် လမ်းကြောင်းမှထွက်ပြေးကာ ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဒိုင်(Daai) ထံ အလင်းဝင်လာသည်ဟု CDF ဒိုင် ၏ ဘဏ္ဍာရေးဌာန တာဝန်ခံ ဗိုလ်မြူခိုးက ပြောသည်။

CDF-ဒိုင်နှင့် ရက္ခိုင့်တပ်တော်(AA) တို့က သံတောင်စခန်းကို ဖြတ်တောက်ပိတ်ဆို့ထားသည့် အခြေအနေတွင် ရိက္ခာပြတ်လပ်သည့် စစ်ကောင်စီတပ်သည် ဩဂုတ် ၂၆ရက်ညပိုင်း၌ စခန်းကို စွန့်ခွာ တပ်ဆုတ်သွားသည်ဟု ဆိုသည်

ယင်းသို့တပ်ဆုတ်ခွာစဉ် သံထောင်အခြေစိုက် တပ်မ(၅၅) လက်အောက်ခံ ခလရ(၃) တပ်ရင်းမှ တပ်ကြပ်တစ်ဦးသည် တပ်ဆုတ်ခွာသည့် လမ်းကြောင်းမှ ထွက်ပြေးကာ ဩဂုတ် ၂၉ရက်တွင် CDF ဒိုင်ထံ အလင်းဝင် လာခဲ့သည်ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

စခန်းစွန့်သွားသည့် ပလက်၀နယ် သံထောင်တပ်စခန်းမှ စစ်ကောင်စီတပ်ကြပ်တစ်ဦး CDF ဒိုင်ထံ အလင်းဝင်
စခန်းစွန့်သွားသည့် ပလက်၀နယ် သံထောင်တပ်စခန်းမှ စစ်ကောင်စီတပ်ကြပ်တစ်ဦး CDF ဒိုင်ထံ အလင်းဝင်

စစ်ခေါင်းဆောင်များမှ မိသားစုနှင့် အဆက်အသွယ် ဖြတ်ထားကာ အသေခံ တပ်သားအဖြစ် အသုံးပြုနေမှုကို မလိုလား၍ ထွက်ပြေးလာခြင်းဖြစ်ကြောင်း အဆိုပါ တပ်ကြပ်က ပြောကြားသည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“စစ်ဆေးမေးမြန်းချက်အရတော့ သူတို့က လွန်ခဲ့တဲ့ သောကြာညတုန်းက သူတို့က တပ်ဆုတ်သွားခဲ့ပါတယ်။ သူတို့က ည ၁၂နာရီမှ ထွက်သွားတာကိုး။ ကျွန်တော်တို့ဆီ ရောက်လာတာက တနင်္လာနေ့ သူကစရောက်လာပါတယ်။ အဲဒီလို ရောက်လာတဲ့အခါ သူ့ရဲ့ ဖြေကြားချက်အရ သူဟာ ကျွန်တော်တို့နဲ့ အမှန်တကယ် ပါဝင်ချင်ကြောင်း နှုတ်ထွက်ခဲ့ပါတယ်။ လက်ရှိ ကျွန်တော်တို့ဆီမှာ ရောက်နေပါတယ်”ဟု ဗိုလ်မြူခိုးက ပြောသည်။

ထွက်ပြေးလာစဉ် ဒဏ်ရာရခဲ့သည့် အဆိုပါတပ်ကြပ်ကို ဆေးကုသမှု ပေးလျက်ရှိကြောင်း၊ ယင်းတပ်ကြပ်၌ လက်နက်ခဲယမ်းများ မပါလာခဲ့ကြောင်း ၎င်းက ဆိုသည်။

ယခင်ကလည်း သံထောင်တပ်စခန်းမှ စစ်ကောင်စီတပ်သားနှစ်ဦး CDM ပြုလုပ်ကာ CDF ဒိုင်ထံ ခိုလှုံလာခဲ့သည့် ဖြစ်စဉ်ရှိခဲ့သည်ဟု ရှင်းပြသည်။

ဆက်လက်၍ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိ၍ အလင်းဝင်ကာ ပြည်သူ့ ရင်ခွင် ခိုလှုံလိုသူ ပြည်သူ့ တပ်မတော်သားများအား နွေးထွေးစွာ လက်ခံသွားမည်ဟုလည်းCDF ဒိုင်က ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။