Connect with us

Hi, what are you looking for?

သတင်း

ချင်းတပ်နှင့် AAက ရိက္ခာဖြတ်တောက်ထားသည့် သံထောင်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာသွား

လက်ရှိတွင် စစ်ကောင်စီတပ်စခန်းအတွင်း နယ်မြေရှင်းလင်းရေးလုပ်ဆောင်လျက်ရှိပြီး ကျည်ဆံများနှင့် အခြားပစ္စည်းများ သိမ်းဆည်းရရှိထားသည်ဟုဆိုသည်။

(CDF - Daai တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - CDF - Daai)
(CDF - Daai တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - CDF - Daai)

▪️စခန်းသိမ်းတိုက်ပွဲဆင်နွှဲရန် ပြင်ဆင်ထားချိန် စန့်ခွာသွားခြင်းဖြစ်၊ စခန်းနှင့်အနီး ဝန်းကျင်အား နယ်မြေရှင်းလင်းရေး လုပ်နေ၊ ကျည်ဆန်များရရှိ

ချင်းဒေသကာကွယ်ရေးတပ်(CDF) – ဒိုင်(Daai) နှင့် ရက္ခိုင့်တပ်တော်(AA) တို့က ရိက္ခာဖြတ်တောက်ပိတ်ဆို့ထားသည့် ပလက်၀မြို့နယ် သံထောင် တပ်စခန်းမှာ စစ်ကောင်စီတပ်နှင့် ရဲများအားလုံး စခန်းကို စွန့်ခွာသွားသည်ဟု CDF-ဒိုင် တပ်မဟာမှူး ဆလိုင်း ဗိုလ်နေမင်းက ပြောကြားသည်။

” သံထောင်စခန်းက ရဲနဲ့ တပ် အင်အားစုစုပေါင်း ၁၅၀ လောက်ရှိတယ်။ ရဲက ၁၈ယောက်ပဲဗျ။ အခုလိုဆုတ်ခွာသွားတာက ကျွန်တော်တို့ သုံးသပ်ခန့်မှန်းကြည့်သလောက်တော့ သူတို့ရဲ့ ဆက်သွယ်ရေးနဲ့ စားနပ်ရိက္ခာပိုင်း အခက်အခဲ ကြုံသွားတယ်ထင်တယ်။ သူတို့ ဆုတ်သွားတာက ဟိုတစ်နေ့က ဆုတ်သွားတယ်။ ကျွန်တော်တို့ အဖွဲ့တွေနဲ့ စစ်ရေးတင်းမာမှုရှိတယ်။ရှိတော့ ကျွန်တော်တို့နဲ့ အဆင်မပြေဘူး။မပြေတော့ သူတို့ရဲ့ ရိက္ခာလမ်းကြောင်းတွေလည်း အကုန်ဖြတ်တောက်ထားတယ်။ ဖြတ်တောက်ထားတာကတော့ ရက္ခိုင့်တပ်တော်ဘက်ကလည်း ဖြတ်တောက်ထားတယ်။ ကြားညှပ်ပြီး ဖြတ်တောက်လိုက်တဲ့အခါ သူတို့ ရိက္ခာ လမ်းကြောင်း အဆင်မပြေတော့ဘူး။ မပြေတော့ သူတို့ဘယ်လိုမှ ဒီမှာနေလို့ အခက်အခဲဖြစ်နေတော့ ရဲစခန်းနဲ့ တပ်စခန်း နှစ်ခုစလုံး ဆုတ်သွားတာ” ဟု ဗိုလ်နေမင်းက ယနေ့ (ဩဂုတ် ၂၇ရက်) တွင် ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်စခန်းအတွင်း နယ်မြေရှင်းလင်းရေးလုပ်ဆောင်လျက်ရှိပြီး ကျည်ဆံများနှင့် အခြားပစ္စည်းများ သိမ်းဆည်းရရှိထားသည်ဟုဆိုသည်။

Public Service Announcement
Public Service Announcement

ယခင်က အဆိုပါဒေသ၌ CDF ဒိုင်နှင့် စစ်ကောင်စီတပ်ထိတွေ့တိုက်ပွဲမရှိခဲ့သော်လည်း သံတောင်စခန်းကို တိုက်ခိုက်ရန် အစီအစဉ်များ ဆွဲထားပြီးသားဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အစီအစဉ်များ အကောင်အထည်ဖော်ရန် လုပ် ဆောင်နေချိန် စခန်းကို စွန့်ခွာသွားခြင်းဖြစ်သည်ဟု ဗိုလ်နေမင်းက ပြောသည်။

” လောလောဆယ် ခန့်မှန်းကြည့်တာ အပြီးဆုတ်သွားမယ့် သဘောရှိတယ်။ ဒါပေမဲ့ စိတ်မချရလို့ အနီးပတ်ဝန်းကျင်ကို ဆက်ပြီး ရှင်းလင်းရေးလုပ်နေတယ်။”ဟု ဗိုလ်နေမင်းက ပြောသည်။

နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေလျှက်ရှိရာ စစ်ရေးအခြေအနေမှာ ပိုမိုတင်းမာလာနိုင်သောကြောင့် သံထောင်ဗျူဟာ တပ်စခန်းအနီးအနား ကျေးရွာများမှ ပြည်သူများ လုံခြံသည့်နေရာများသို့ ( အမြန်) ရှောင်တိမ်းကြပါရန်လည်း CDF Daaiက ထုတ်ပြန်ထားသည်။

ယခု စစ်ကောင်စီ၏ သံထောင်တပ်စခန်းသည် ပလက်၀မြို့နယ်အတွင်းဖြစ်သော်လည်း ရခိုင်ပြည်နယ် မြောက်ဦး နှင့် ရေကြောင်းမှ သွားလာမှု အဆင်ပြေပြီး ၂နာရီခန့် ရေကြောင်းမှ သွားလာရသည်ဟုဆိုသည်။

ပလက်၀မြို့နယ်အပြင် မောင်တောမြို့နယ်တွင်လည်း စစ်ကောင်စီတပ်စခန်းများကို AAက ဖြတ်တောက်ပိတ်ဆို့မှုများ လုပ်ဆောင်ထားရာ မောင်တောမြို့နယ်မှ စစ်ကောင်စီတပ်စခန်းများလည်း စခန်းကို စွန့်ခွာရုတ်သိမ်းသွားခြင်းများရှိခဲ့သည်။

CDF ဒိုင်သည် ချင်းပူးပေါင်းကာကွယ်ရေးကော်မတီ(CJDC) အဖွဲ့ဝင် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်ပြီး ဒေသချင်း ဆက်စပ်နေသည့် AAနှင့် ချိတ်ဆက်ဆောင်ရွက်မှုလည်းရှိသည်ဟု ဗိုလ်နေမင်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်ကတောင်မော်ဦးရေတပ်အနီးဖြစ်တဲ့တိုက်ပွဲမှာအာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူများပြားနေပြီး ဒုဗိုလ်မှူးကြီးတစ်ဦးလည်း AA ရဲ့ စနိုက်ဘာ(လက်​ဖြောင့်​သေနတ်သမားပစ်ခတ်တဲ့ကျည်)ထိမှန်သေဆုံးတယ်လို့ သတင်းရရှိပါတယ်။