Connect with us

Hi, what are you looking for?

သတင်း

မြင်းမူမြို့နယ် ရဲစခန်းတွင် ကင်းစောင့်နေသည့် စစ်ကောင်စီအဖွဲ့ကို လက်ပစ်ဗုံးပစ်သွင်း တိုက်ခိုက်

ယခုတိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)နှင့်အတူ True Fighter အဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

(တိုက်ခိုက်မှုတွင် အသုံးပြုခဲ့သည့် လက်ပစ်ဗုံးများဖြစ်သည်။)
(တိုက်ခိုက်မှုတွင် အသုံးပြုခဲ့သည့် လက်ပစ်ဗုံးများဖြစ်သည်။)

▪️စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာပြင်းထန်ဟု Zero ပြောက်ကျားတပ် ပြော

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ရဲစခန်းတွင် ကင်းစောင့်နေသည့် စစ်ကောင်စီအဖွဲ့ကို လက်ပစ်ဗုံးပစ်သွင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သား တစ်ဦးသေဆုံးပြီး သုံးဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း Zero ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)က ထုတ်ပြန်သည်။

ယနေ့(သြဂုတ် ၃ ရက်) နေ့လည် ၁၁ နာရီ ၃၉ မိနစ်ခန့်တွင် ကင်းစောင့်နေသည့် စစ်ကောင်စီ တပ်သားသုံးဦးနှင့် ရဲနှစ်ဦးကို ဝလေးလုံးဘုရား ဘေးမှ အနီးကပ်၍ လက်ပစ်ဗုံးနှစ်လုံး ပစ်သွင်း တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“ကြိုတင်ထောက်လှမ်းတယ်။ပြီးတော့ စောင့်ဆိုင်းပြီး မစ်ရှင်ကို ဆောင်ရွက်ခဲ့တာ”ဟု Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)ခေါင်းဆောင် ကိုသက် ကြီးက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ်သားတစ်ဦးမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးပြီး သုံးဦမှာ အတွင်းလူနာအဖြစ် ကုသနေရသည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

ယခုတိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)နှင့်အတူ True Fighter အဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

စစ်ကောင်စီတပ်ကို အချိန်မရွေး၊နေရာ မရွေး ဆက်လက်တိုက်ခိုက်သွားမည်ဟု Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)က ကတိပြုသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ဒုတိယ ကမ္ဘာစစ်မှာ နာမည်ဆိုးနဲ့ အထူးကျော်ကြားခဲ့တဲ့ နာဇီ ခေါင်းဆောင်ကြီး အဒေါ့ဖ်ဟစ်တလာ မွေးဖွားခဲ့တဲ့ နေရာဟာ အခုတော့ ရဲစခန်းတစ်ခု ဖြစ်လာခဲ့ပါပြီ။