Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းမူမြို့နယ် ရဲစခန်းတွင် ကင်းစောင့်နေသည့် စစ်ကောင်စီအဖွဲ့ကို လက်ပစ်ဗုံးပစ်သွင်း တိုက်ခိုက်

ယခုတိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)နှင့်အတူ True Fighter အဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

(တိုက်ခိုက်မှုတွင် အသုံးပြုခဲ့သည့် လက်ပစ်ဗုံးများဖြစ်သည်။)
(တိုက်ခိုက်မှုတွင် အသုံးပြုခဲ့သည့် လက်ပစ်ဗုံးများဖြစ်သည်။)

▪️စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာပြင်းထန်ဟု Zero ပြောက်ကျားတပ် ပြော

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ရဲစခန်းတွင် ကင်းစောင့်နေသည့် စစ်ကောင်စီအဖွဲ့ကို လက်ပစ်ဗုံးပစ်သွင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သား တစ်ဦးသေဆုံးပြီး သုံးဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း Zero ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)က ထုတ်ပြန်သည်။

ယနေ့(သြဂုတ် ၃ ရက်) နေ့လည် ၁၁ နာရီ ၃၉ မိနစ်ခန့်တွင် ကင်းစောင့်နေသည့် စစ်ကောင်စီ တပ်သားသုံးဦးနှင့် ရဲနှစ်ဦးကို ဝလေးလုံးဘုရား ဘေးမှ အနီးကပ်၍ လက်ပစ်ဗုံးနှစ်လုံး ပစ်သွင်း တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“ကြိုတင်ထောက်လှမ်းတယ်။ပြီးတော့ စောင့်ဆိုင်းပြီး မစ်ရှင်ကို ဆောင်ရွက်ခဲ့တာ”ဟု Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)ခေါင်းဆောင် ကိုသက် ကြီးက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ်သားတစ်ဦးမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးပြီး သုံးဦမှာ အတွင်းလူနာအဖြစ် ကုသနေရသည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

ယခုတိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)နှင့်အတူ True Fighter အဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

စစ်ကောင်စီတပ်ကို အချိန်မရွေး၊နေရာ မရွေး ဆက်လက်တိုက်ခိုက်သွားမည်ဟု Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)က ကတိပြုသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။