Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ်ထံမှ​သေနတ်ရယူနိုင်ခဲ့​သောPDF ကိုကျပ်ငါးသိန်းဆုချီးမြှင့်

ထို့​ကြောင့် ရန်သူ့ထံမှလက်နက်ရယူနိုင်ခဲ့​သော တနင်္သာရီစစ်ဒေသခွဲတွင် တာဝန်ထမ်းဆောင်နေသည့် PDF တပ်ဖွဲ့ဝင်ကိုစက်တင်ဘာလ ၅ရက်တွင် ကျပ်ငါးသိန်းဂုဏ်ပြုပေးအပ်လိုက်ခြင်းဖြစ်သည်။

(မိုင်းဆွဲတိုက်ခိုက်ပြီးစစ်​ကောင်စီတပ်ထံမှသေနတ်ရယူနိုင်ခဲ့​သော PDFတပ်ဖွဲ့ဝင်နှင့်ရရှိခဲ့​သော​သေနတ်။ဓါတ်ပုံ-CJ)
(မိုင်းဆွဲတိုက်ခိုက်ပြီးစစ်​ကောင်စီတပ်ထံမှသေနတ်ရယူနိုင်ခဲ့​သော PDFတပ်ဖွဲ့ဝင်နှင့်ရရှိခဲ့​သော​သေနတ်။ဓါတ်ပုံ-CJ)

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ထံမှ သေနတ်ရအောင် ယူနိုင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကို အလှူရှင်တစ်ဦးက ကျပ်ငါးသိန်း​ပေးပို့ဂုဏ်ပြုကြောင်း တနင်္သာရီစစ်ဒေသခွဲ၊ကွပ်ကဲရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“တနင်္သာရီတိုင်းထဲက ပကဖ/PDF ရဲဘော်တွေအ​နေနဲ့စစ်ခွေးတွေဆီကလက်နက်ရအောင်တိုက်ယူနိုင်ရင် တစ်လက်ကို ငါးသိန်းပေးနိုင်အောင်ကြိုးစားနေပါတယ်။အခုတစ်ယောက်ကို တနင်္သာရီတိုင်းထဲမှာပထမဆုံးပေးတာပါ။အလှူရှင်တစ်ယောက်ရဲ့ အကူအညီနဲ့ပါ” ဟု တနင်္သာရီစစ်ဒေသခွဲ၊ကွပ်ကဲရေးအဖွဲ့ဝင်တစ်ဦးက People’s Springသို့ ပြောသည်။

ငွေကျပ်ငါးသိန်း ဂုဏ်ပြုပေးအပ်ခံရသည့် ရဲဘော်သည် ဘုတ်ပြင်းမြို့တွင် စက်တင်ဘာလ ၁ရက်က စစ်ကောင်စီတပ်မမှုးခရီးစဥ်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သေနတ်တစ်လက်ကိုသိမ်း

Public Service Announcement
Public Service Announcement

ဆည်းရယူနိုင်ခဲ့သူဖြစ်သည်။ကားသုံးစီးပါယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တစ်စီးမိုင်းထိပျက်ဆီးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံး၊နှစ်ဦးဒဏ်ရာရခဲ့သည်ဟု ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထို့​ကြောင့် ရန်သူ့ထံမှလက်နက်ရယူနိုင်ခဲ့​သော တနင်္သာရီစစ်ဒေသခွဲတွင် တာဝန်ထမ်းဆောင်နေသည့် PDF တပ်ဖွဲ့ဝင်ကိုစက်တင်ဘာလ ၅ရက်တွင် ကျပ်ငါးသိန်းဂုဏ်ပြုပေးအပ်လိုက်ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်-ပြည်လမ်းပိုင်းက စစ်တပ်ဂိတ်စခန်းတိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ၅ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ပဲခူးတိုင်းစစ်ဌာနကထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီ​နေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းကနေပစ်ကူ​ပေးဗုံးကြဲနေပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် မှာစစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး လက်နက် ၇လက် သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅)က စက်တင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

Facebook