Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ်ထံမှ​သေနတ်ရယူနိုင်ခဲ့​သောPDF ကိုကျပ်ငါးသိန်းဆုချီးမြှင့်

ထို့​ကြောင့် ရန်သူ့ထံမှလက်နက်ရယူနိုင်ခဲ့​သော တနင်္သာရီစစ်ဒေသခွဲတွင် တာဝန်ထမ်းဆောင်နေသည့် PDF တပ်ဖွဲ့ဝင်ကိုစက်တင်ဘာလ ၅ရက်တွင် ကျပ်ငါးသိန်းဂုဏ်ပြုပေးအပ်လိုက်ခြင်းဖြစ်သည်။

(မိုင်းဆွဲတိုက်ခိုက်ပြီးစစ်​ကောင်စီတပ်ထံမှသေနတ်ရယူနိုင်ခဲ့​သော PDFတပ်ဖွဲ့ဝင်နှင့်ရရှိခဲ့​သော​သေနတ်။ဓါတ်ပုံ-CJ)
(မိုင်းဆွဲတိုက်ခိုက်ပြီးစစ်​ကောင်စီတပ်ထံမှသေနတ်ရယူနိုင်ခဲ့​သော PDFတပ်ဖွဲ့ဝင်နှင့်ရရှိခဲ့​သော​သေနတ်။ဓါတ်ပုံ-CJ)

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ထံမှ သေနတ်ရအောင် ယူနိုင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကို အလှူရှင်တစ်ဦးက ကျပ်ငါးသိန်း​ပေးပို့ဂုဏ်ပြုကြောင်း တနင်္သာရီစစ်ဒေသခွဲ၊ကွပ်ကဲရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

တနင်္သာရီတိုင်းထဲက ပကဖ/PDF ရဲဘော်တွေအ​နေနဲ့စစ်ခွေးတွေဆီကလက်နက်ရအောင်တိုက်ယူနိုင်ရင် တစ်လက်ကို ငါးသိန်းပေးနိုင်အောင်ကြိုးစားနေပါတယ်။အခုတစ်ယောက်ကို တနင်္သာရီတိုင်းထဲမှာပထမဆုံးပေးတာပါ။အလှူရှင်တစ်ယောက်ရဲ့ အကူအညီနဲ့ပါ” ဟု တနင်္သာရီစစ်ဒေသခွဲ၊ကွပ်ကဲရေးအဖွဲ့ဝင်တစ်ဦးက People’s Springသို့ ပြောသည်။

ငွေကျပ်ငါးသိန်း ဂုဏ်ပြုပေးအပ်ခံရသည့် ရဲဘော်သည် ဘုတ်ပြင်းမြို့တွင် စက်တင်ဘာလ ၁ရက်က စစ်ကောင်စီတပ်မမှုးခရီးစဥ်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သေနတ်တစ်လက်ကိုသိမ်း

Public Service Announcement
Public Service Announcement

ဆည်းရယူနိုင်ခဲ့သူဖြစ်သည်။ကားသုံးစီးပါယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တစ်စီးမိုင်းထိပျက်ဆီးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံး၊နှစ်ဦးဒဏ်ရာရခဲ့သည်ဟု ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထို့​ကြောင့် ရန်သူ့ထံမှလက်နက်ရယူနိုင်ခဲ့​သော တနင်္သာရီစစ်ဒေသခွဲတွင် တာဝန်ထမ်းဆောင်နေသည့် PDF တပ်ဖွဲ့ဝင်ကိုစက်တင်ဘာလ ၅ရက်တွင် ကျပ်ငါးသိန်းဂုဏ်ပြုပေးအပ်လိုက်ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

AA တပ်ဖွဲ့ဝင်​တွေကလက်နက်ခဲယမ်းနဲ့အ​လောင်း​တွေသိမ်းရ

သတင်း

စစ်တပ်ကဆယ်ချီထပ်မံသေဆုံးပြီးအင်အားဆက်တိုက်ဖြည့်နေ

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်က အောင်သပြေရွာဟောင်းအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၆ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့(YGF)က ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးလာလို့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနရဲ့ ဩဂုတ် ၁၂ရက် သတင်းဖော်ပြချက်မှာ အသိပေးထားပါတယ်။