Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်အုပ်စုတိုက်ခိုက်ရာ ငါးဦးသေဟု မြို့နယ်(ပကဖ)ပြော

ထိတွေ့မှုတွင် စစ်ကောင်စီတပ်သား သုံးဦးနှင့် ပျူစောထီး နှစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာအပြင်းထန်ရရှိခဲ့ကြောင်း တနင်္သာရီမြို့နယ် (ပကဖ)က အသိပေးသည်။

(တနင်္သာရီကာကွယ်ရေးပြောက်ကျားတပ်မှ ရဲဘော်များအား တွေ့ရစဥ်)
(တနင်္သာရီကာကွယ်ရေးပြောက်ကျားတပ်မှ ရဲဘော်များအား တွေ့ရစဥ်)

တနင်္သာရီမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့ကို တိုက်ခိုက်ရာ စစ်အုပ်စုမှ ငါးဦးသေဆုံးကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့ (စက်တင်ဘာ ၅ ရက်) ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်စဥ်အရ ယမန်နေ့ နံနက် ၁၁နာရီ ခန့်တွင် လယ်သစ် နှင့်ထိန်ချောင်းဝ ကျေးရွာဘက်သို့ စစ်အုပ်စုက စစ်ကြောင်းထိုးလာစဥ် မြိတ်ခရိုင်တပ်ရင်း(၂) တပ်ခွဲ(၂)၊တနင်္သာရီ (ပ. က. ဖ) တနင်္သာရီကာကွယ်ရေးပြောက်ကျား၊ တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထိတွေ့မှုတွင် စစ်ကောင်စီတပ်သား သုံးဦးနှင့် ပျူစောထီး နှစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာအပြင်းထန်ရရှိခဲ့ကြောင်း တနင်္သာရီမြို့နယ် (ပကဖ)က အသိပေးသည်။

“ပြီးခဲ့တဲ့ လကစပြီး မြို့နယ်ထဲကို စခ နဲ့ပျူ စစ်ကြောင်းထိုးနေတာ။အင်အားက ၁၀၀ ကျော် လောက်ပါတယ်”ဟု တနင်္သာရီမြို့နယ် (ပကဖ)တပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့က တိုက်ပွဲတွင် ပြည်သူ့ကာကွယ်နှင့်ပူးပေါင်းတပ်ဖွဲ့ဝင်များအားလုံး ဘေးကင်းကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်တိုက်ပွဲမှာ အထိနာသွားတဲ့ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေလို့ ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။