Connect with us

Hi, what are you looking for?

သတင်း

ပါတီရုံးရှေ့ လူထုအောင်ပွဲခံလို့ မန္တလေးတိုင်း NLD ပါတီအတွင်းရေးမှူး ကိုစစ်ကောင်စီထောင်ချ

ဦးတင်ကိုကိုဟာ အာဏာသိမ်းတဲ့ ရက်ကတည်းက ဖမ်းဆီးခံထားရသူဖြစ်ပြီး ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလအတွင်းလည်းကလည်း ထောင်ဒဏ် ၂ နှစ်ချခံထားရသူဖြစ်ပါတယ်။

ပါတီရုံးရှေ့ လူထုအောင်ပွဲခံလို့ မန္တလေးတိုင်း NLD ပါတီအတွင်းရေးမှူး ကိုစစ်ကောင်စီထောင်ချ
ပါတီရုံးရှေ့ လူထုအောင်ပွဲခံလို့ မန္တလေးတိုင်း NLD ပါတီအတွင်းရေးမှူး ကိုစစ်ကောင်စီထောင်ချ

ရွေးကောက်ပွဲအနိုင်ရလို့ ပါတီရုံးရှေ့မှာ လူထုလာရောက်ကာ အောင်ပွဲခံတာနဲ့ပတ်သက်ပြီး မန္တလေးတိုင်း NLD ပါတီ အတွင်းရေးမှူး ဦးတင်ကိုကို ကို စစ်ကောင်စီက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ချလိုက်တယ်လို့ သိရပါတယ်။

အောင်ပွဲခံတာဟာ လူစုလူဝေးလုပ်တာဖြစ်ပြီး ကိုဗစ်စည်းကမ်းချိုးဖောက်တယ်ဆိုကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ စစ်ကောင်စီရဲ့ အိုးဘိုထောင်တွင်းတရားရုံးက မနေ့က စက်တင်ဘာလ ၅ ရက်မှာ ထောင်ချလိုက်ပါတယ်။

ဦးတင်ကိုကိုဟာ အာဏာသိမ်းတဲ့ ရက်ကတည်းက ဖမ်းဆီးခံထားရသူဖြစ်ပြီး ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလအတွင်းလည်းကလည်း ထောင်ဒဏ် ၂ နှစ်ချခံထားရသူဖြစ်ပါတယ်။

ပထမ အမှုကလည်း မန္တလေးကျုံးဘေးမှာပြုလုပ်တဲ့ ကိုဗစ် အသိပေးပညာဆွေးနွေးပွဲဟာ လူစုလူဝေးဖြစ်တယ်ဆိုပြီး စစ်ကောင်စီက မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်နဲ့တိုင်းအစိုးအဖွဲ့ကို မတရားစွပ်စွဲရာမှာ NLD ပါတီတိုင်းအတွင်းရေးမှူး ဦးတင်ကိုကိုပါ အမှုတွဲခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြောင်း သတင်းတွေအပေါ် အလေးထား စောင့်ကြည့်သုံးသပ်နေပြီး ICRC ရဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကြိုးပမ်းမှုကို အသိအမှတ်ပြုတယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်