Connect with us

Hi, what are you looking for?

သတင်း

လက်နက်ကြီးပစ်ခတ်မှုကြောင့် မုန်းမြို့နယ်ထဲက ကျေးရွာ ၆ ရွာလောက် ထွက်ပြေးတိမ်းရှောင်နေရ

ဒီလို စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွေပြည်သာကျေးရွာနဲ့ အခြားကျေးရွာစုစုပေါင်း(၅)ရွာခန့်က ဒေသခံပြည်သူတွေ ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်တယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် မုန်းမြို့နယ်ထဲက ကျေးရွာ ၆ ရွာလောက် ထွက်ပြေးတိမ်းရှောင်နေရ
လက်နက်ကြီးပစ်ခတ်မှုကြောင့် မုန်းမြို့နယ်ထဲက ကျေးရွာ ၆ ရွာလောက် ထွက်ပြေးတိမ်းရှောင်နေရ

မုန်းမြို့နယ်အတွင်းရှိ ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာပေါင်း(၆)ရွာက ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလေးရက်နေ့ ညနေငါးနာရီအချိန်ခန့်က စစ်ကောင်စီရဲ့ ခလရ(၃၉)တပ်က လက်နက်ကြီးသုံးချက်ပစ်ခတ်ခဲ့ပြီး အဆိုပါပစ်ခတ်မှုဟာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ မူးမြို့နယ်ထဲရှိ ရွှေပြည်သာကျေးရွာအတွင်းကို ကျရောက်ခဲ့ကာ ထိခိုက်ပျက်စီးမှုတွေ မရှိဘူးလို့ ကေအဲန်ယူက ဆိုပါတယ်။

ဒီလို စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွေပြည်သာကျေးရွာနဲ့ အခြားကျေးရွာစုစုပေါင်း(၅)ရွာခန့်က ဒေသခံပြည်သူတွေ ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်တယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် တပ်မဟာ(၃)ထဲမှာ စစ်ကောင်စီတပ်ရဲ့ စစ်ဆင်ရေးဆောင်ရွက်မှုကြောင့် ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူ(၆၁၀၀၀)ကျော်ဟာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေခဲ့ရကာ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်လျက်ရှိနေတယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ခြေလျင်တပ်ရင်း ခလရ(၂၅၆)တပ်ရင်း က လက်နက်ကြီးတွေ နေ့စဥ် ရမ်းသမ်းပစ်ခတ်နေလို့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) မုန်း(မူး)မြို့နယ်ကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား၂ဦး သေဆုံးခဲ့ကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။