Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရွာပြန်လာသည့် စစ်ကောင်စီတပ်သားတစ်ဦးအား ဖမ်းဆီးစစ်ဆေးစဥ် ပြန်လည်ခုခံသဖြင့် N-YSOရှင်းလင်း

တပ်မ(၆၆)မှ စစ်ကောင်စီတပ်သား အောင်ဇင်ဦးသည်ရေစကြိုမြို့နယ်သစ်ကြီးတောကျေးရွာဇာတိဖြစ်ကြောင်းN-YSOထံမှ သိရသည်။

(N-YSO အပါအဝင် ​ဒေသတွင်း PDFများက ​ရေစကြိုမြို့နယ်ရှိ မအူရဲကင်းစခန်းကိုတိုက်ခိုက်စဥ်။ဓါတ်ပုံN-YSO)
(N-YSO အပါအဝင် ​ဒေသတွင်း PDFများက ​ရေစကြိုမြို့နယ်ရှိ မအူရဲကင်းစခန်းကိုတိုက်ခိုက်စဥ်။ဓါတ်ပုံN-YSO)

ရေစကြိုမြို့နယ် သစ်ကြီးတောရွာသို့ ခွင့်ဖြင့်ပြန်လာသည့် စစ်ကောင်စီတပ်သားတစ်ဦးအား ဖမ်းဆီးစစ်ဆေးစဥ် ပြန်လည်ခုခံသဖြင့် မဖြစ်မနေ ​ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း ရေစကြို မြောက်ပိုင်းပြောက်ကျားတပ်ဖွဲ့ N-YSO က ယနေ့(စက်တင်ဘာ ၇)ထုတ်ပြန်သည်။

စစ်ကောင်စီလက်အောက်ခံ တပ်မ(၆၆)သင်တန်းဆင်း တပ်သားအမှတ်(တတ-၁၂၈၄၁၁)အောင်ဇင်ဦးသည်သြဂုတ် ၂၂ ရက် သစ်ကြီးတောရွာသို့ခေတ္တပြန်လာစဥ် N-YSO ပြောက်ကျားတပ်ဖွဲ့က ဖမ်းစီးစစ်ဆေးမေးမြန်းရာကလန်ကဆန်လုပ်ကာ ခုခံဖို့ကြံစည်ခဲ့ခြင်းကြောင့်မဖြစ်မနေရှင်းလင်းခဲ့ရကြောင်း ဖော်ပြသည်။

“သူက တပ်ထဲမှာ သင်တန်းတက်နေတာ တစ်နှစ်လောက်ရှိပြီ။ အခုအဲဒီရက်ကမှ ခွင့်နဲ့ပြန်လာလို့ ကျနော်တို့က ဖမ်းဆီးစစ်ဆေးခဲ့တာ။ ဒါကိုသူက ပြန်ခုခံဖို့ကြံစည်တဲ့အတွက်မဖြစ်မနေရှင်းလိုက်ရတာ”ဟု N-YSO တပ် ရင်းမှူးက ပြောသည်။

အထက်ပါစစ်ကောင်စီတပ်သားတစ်ဦးအားပစ်ခတ်ရှင်းလင်းခဲ့ခြင်းနှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်မှုနောက်ကျရခြင်းမှာ ရေစကြိုမြို့နယ်အတွင်းစစ်ရေးမတည်ငြိမ်မှုအခြေအနေအပါအဝင် အက်တာနက်လိုင်းအခက်အခဲကြောင့်ဖြစ်ကြောင်း ၎င်းတပ်ရင်းမှူးက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

တပ်မ(၆၆)မှ စစ်ကောင်စီတပ်သား အောင်ဇင်ဦးသည်ရေစကြိုမြို့နယ်သစ်ကြီးတောကျေးရွာဇာတိဖြစ်ကြောင်းN-YSOထံမှ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။