Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အကြမ်းဖက်စစ်တပ်က ရေစကြိုနယ် သစ်ကြီးတောရွာကို ထပ်မံမီးရှို့ဖျက်ဆီး၊ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ

စစ်ကောင်စီတပ်ဟာ ရေစကြို ရေလယ်ကျွန်းဒေသမှာလည်း စစ်ကြောင်းထိုးဝင်ရောက်လျက်ရှိကြောင်း၊ လတ်တလော တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း တိုက်ပွဲဖြစ်လာနိုင်ကြောင်း ရေစကြိုဒေသခံက ပြောသည်။

(သစ်ကြီးတောရွာကို စစ်ကောင်စီတပ်က ဇွန်လ ၁၀ရက်က မီးရှို့​ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ - UWaiyan Naing)
(သစ်ကြီးတောရွာကို စစ်ကောင်စီတပ်က ဇွန်လ ၁၀ရက်က မီးရှို့​ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ - UWaiyan Naing)

မကွေးတိုင်း ရေစကြိုမြို့နယ် သစ်ကြီးတောရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က ယမန်နေ့ ညမှာ ထပ်မံဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရေစကြိုဒေသခံတစ်ဦးက ပြောသည်။

ဇွန်လ ၉ရက်က ရေစကြိုနယ် ချင်းတွင်းမြစ်ကူး ဆင်ဖြူရှင်တံတား ဂိတ်စခန်းကို PDF တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က ရေစကြိုနယ်ကို ထိုးစစ်ဆင်မှု၊ ရွာမီးရှို့မှုများပို၍ ပြုလုပ်ခဲ့သည်။ ဇွန်လ ၁၀ရက်တွင် သစ်ကြီးတောရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့၍ နေအိမ် ၁၀၀ကျော်မီးလောင်ပျက်စီးခဲ့ရကြောင်းဒေသခံက ပြောသည်။

လက်ရှိအချိန်ထိ ရေစကြိုနယ်တွင် စစ်ကောင်စီတပ်များထိုးစစ်ဆင်ခြင်း ၊ စစ်ရေးအင်အားဖြည့်တင်းခြင်းများ ဆက်လုပ်နေပြီး ဇွန်လ ၂၈ရက်ညပိုင်းတွင် သစ်ကြီးတောရွာကို ထပ်မံမီးရှို့ခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

“အရင်တစ်ခါက အရှေ့ဘက်ခြမ်း တစ်ခြမ်းလုံးပေါ့။ အခုကတော့ အနောက်ဘက်ခြမ်းက အိမ်တွေကို မနေ့က ရှို့နေတာ။ အိမ်ခြေ ဘယ်လောက်ဆိုတာတော့ မသိရဘူး။ ပြည်သူတွေလည်း တစ်ယောက်မှ မရှိဘူး။ အရင်တစ်ခါဖြစ်ပြီး ပြန်ဝင်နေကြတာကို မနေ့က စစ်ကြောင်းက ပြန်ထိုးလာလို့ရှောင်နေကြရတာ”ဟု ရေစကြို ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဟာ ရေစကြို ရေလယ်ကျွန်းဒေသမှာလည်း စစ်ကြောင်းထိုးဝင်ရောက်လျက်ရှိကြောင်း၊ လတ်တလော တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း တိုက်ပွဲဖြစ်လာနိုင်ကြောင်း ရေစကြိုဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

၂၀၂၃ ဩဂုတ်တွင် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အရေအတွက်က ၁,၀၀၀အောက်အထိ ကျဆုံးခဲ့သော်လည်း ၂၀၂၃ ဒီဇင်ဘာမှစ၍ တဖြေးဖြေး ပြန်မြင့်တက်လာခဲ့ရာ မတ်လအတွင်း နေအိမ် ၂,၈၃၁လုံး မီးရှို့ခံခဲ့ရကြောင်း အသိပေးသည်။

သတင်း

ရေမျက်နီရွာအတွင်း စစ်ကောင်စီတပ်အထိုင်ချထားသည့် ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်များက ၂၀၂၃ ဒီဇင်ဘာအတွင်းက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းအသုံးပြု ကာကွယ်ခဲ့ရသည်။

သတင်း

နေအိမ်မီးလောင်၍ မီးငြှိမ်းသတ်သည့် ပြည်သူတစ်ဦးကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။