Connect with us

Hi, what are you looking for?

သတင်း

အကြမ်းဖက်စစ်တပ်က ရေစကြိုနယ် သစ်ကြီးတောရွာကို ထပ်မံမီးရှို့ဖျက်ဆီး၊ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ

စစ်ကောင်စီတပ်ဟာ ရေစကြို ရေလယ်ကျွန်းဒေသမှာလည်း စစ်ကြောင်းထိုးဝင်ရောက်လျက်ရှိကြောင်း၊ လတ်တလော တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း တိုက်ပွဲဖြစ်လာနိုင်ကြောင်း ရေစကြိုဒေသခံက ပြောသည်။

(သစ်ကြီးတောရွာကို စစ်ကောင်စီတပ်က ဇွန်လ ၁၀ရက်က မီးရှို့​ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ - UWaiyan Naing)
(သစ်ကြီးတောရွာကို စစ်ကောင်စီတပ်က ဇွန်လ ၁၀ရက်က မီးရှို့​ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ - UWaiyan Naing)

မကွေးတိုင်း ရေစကြိုမြို့နယ် သစ်ကြီးတောရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က ယမန်နေ့ ညမှာ ထပ်မံဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရေစကြိုဒေသခံတစ်ဦးက ပြောသည်။

ဇွန်လ ၉ရက်က ရေစကြိုနယ် ချင်းတွင်းမြစ်ကူး ဆင်ဖြူရှင်တံတား ဂိတ်စခန်းကို PDF တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က ရေစကြိုနယ်ကို ထိုးစစ်ဆင်မှု၊ ရွာမီးရှို့မှုများပို၍ ပြုလုပ်ခဲ့သည်။ ဇွန်လ ၁၀ရက်တွင် သစ်ကြီးတောရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့၍ နေအိမ် ၁၀၀ကျော်မီးလောင်ပျက်စီးခဲ့ရကြောင်းဒေသခံက ပြောသည်။

လက်ရှိအချိန်ထိ ရေစကြိုနယ်တွင် စစ်ကောင်စီတပ်များထိုးစစ်ဆင်ခြင်း ၊ စစ်ရေးအင်အားဖြည့်တင်းခြင်းများ ဆက်လုပ်နေပြီး ဇွန်လ ၂၈ရက်ညပိုင်းတွင် သစ်ကြီးတောရွာကို ထပ်မံမီးရှို့ခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

“အရင်တစ်ခါက အရှေ့ဘက်ခြမ်း တစ်ခြမ်းလုံးပေါ့။ အခုကတော့ အနောက်ဘက်ခြမ်းက အိမ်တွေကို မနေ့က ရှို့နေတာ။ အိမ်ခြေ ဘယ်လောက်ဆိုတာတော့ မသိရဘူး။ ပြည်သူတွေလည်း တစ်ယောက်မှ မရှိဘူး။ အရင်တစ်ခါဖြစ်ပြီး ပြန်ဝင်နေကြတာကို မနေ့က စစ်ကြောင်းက ပြန်ထိုးလာလို့ရှောင်နေကြရတာ”ဟု ရေစကြို ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဟာ ရေစကြို ရေလယ်ကျွန်းဒေသမှာလည်း စစ်ကြောင်းထိုးဝင်ရောက်လျက်ရှိကြောင်း၊ လတ်တလော တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း တိုက်ပွဲဖြစ်လာနိုင်ကြောင်း ရေစကြိုဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်က ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကနှစ်သက်တမ်း ၆၀ ကျော်ရှိတဲ့ ဒေါငံခါးဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့လုပ်ရပ်ဟာစစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ပြီးဒီလုပ်ရပ်အပေါ် Burma Research Institute (BRI)က ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် သမင်ခြံရွာကို ဝင်ရောက်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းဟာ ဒေသခံ အမျိုးသား၁၀ဦးကို ဖမ်းဆီးသွားပြီး အခုအထိ ဖမ်း‌ဆီးခံရသူတွေရဲ့သတင်းအစအန ပျောက်နေတယ်လို့ ဒေသခံတွေ‌က ပြောပါတယ်။