Connect with us

Hi, what are you looking for?

သတင်း

ရွာပြန်လာသည့် စစ်ကောင်စီတပ်သားတစ်ဦးအား ဖမ်းဆီးစစ်ဆေးစဥ် ပြန်လည်ခုခံသဖြင့် N-YSOရှင်းလင်း

တပ်မ(၆၆)မှ စစ်ကောင်စီတပ်သား အောင်ဇင်ဦးသည်ရေစကြိုမြို့နယ်သစ်ကြီးတောကျေးရွာဇာတိဖြစ်ကြောင်းN-YSOထံမှ သိရသည်။

(N-YSO အပါအဝင် ​ဒေသတွင်း PDFများက ​ရေစကြိုမြို့နယ်ရှိ မအူရဲကင်းစခန်းကိုတိုက်ခိုက်စဥ်။ဓါတ်ပုံN-YSO)
(N-YSO အပါအဝင် ​ဒေသတွင်း PDFများက ​ရေစကြိုမြို့နယ်ရှိ မအူရဲကင်းစခန်းကိုတိုက်ခိုက်စဥ်။ဓါတ်ပုံN-YSO)

ရေစကြိုမြို့နယ် သစ်ကြီးတောရွာသို့ ခွင့်ဖြင့်ပြန်လာသည့် စစ်ကောင်စီတပ်သားတစ်ဦးအား ဖမ်းဆီးစစ်ဆေးစဥ် ပြန်လည်ခုခံသဖြင့် မဖြစ်မနေ ​ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း ရေစကြို မြောက်ပိုင်းပြောက်ကျားတပ်ဖွဲ့ N-YSO က ယနေ့(စက်တင်ဘာ ၇)ထုတ်ပြန်သည်။

စစ်ကောင်စီလက်အောက်ခံ တပ်မ(၆၆)သင်တန်းဆင်း တပ်သားအမှတ်(တတ-၁၂၈၄၁၁)အောင်ဇင်ဦးသည်သြဂုတ် ၂၂ ရက် သစ်ကြီးတောရွာသို့ခေတ္တပြန်လာစဥ် N-YSO ပြောက်ကျားတပ်ဖွဲ့က ဖမ်းစီးစစ်ဆေးမေးမြန်းရာကလန်ကဆန်လုပ်ကာ ခုခံဖို့ကြံစည်ခဲ့ခြင်းကြောင့်မဖြစ်မနေရှင်းလင်းခဲ့ရကြောင်း ဖော်ပြသည်။

“သူက တပ်ထဲမှာ သင်တန်းတက်နေတာ တစ်နှစ်လောက်ရှိပြီ။ အခုအဲဒီရက်ကမှ ခွင့်နဲ့ပြန်လာလို့ ကျနော်တို့က ဖမ်းဆီးစစ်ဆေးခဲ့တာ။ ဒါကိုသူက ပြန်ခုခံဖို့ကြံစည်တဲ့အတွက်မဖြစ်မနေရှင်းလိုက်ရတာ”ဟု N-YSO တပ် ရင်းမှူးက ပြောသည်။

အထက်ပါစစ်ကောင်စီတပ်သားတစ်ဦးအားပစ်ခတ်ရှင်းလင်းခဲ့ခြင်းနှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်မှုနောက်ကျရခြင်းမှာ ရေစကြိုမြို့နယ်အတွင်းစစ်ရေးမတည်ငြိမ်မှုအခြေအနေအပါအဝင် အက်တာနက်လိုင်းအခက်အခဲကြောင့်ဖြစ်ကြောင်း ၎င်းတပ်ရင်းမှူးက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

တပ်မ(၆၆)မှ စစ်ကောင်စီတပ်သား အောင်ဇင်ဦးသည်ရေစကြိုမြို့နယ်သစ်ကြီးတောကျေးရွာဇာတိဖြစ်ကြောင်းN-YSOထံမှ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။