Connect with us

Hi, what are you looking for?

သတင်း

အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ နမူနာမေးခွန်းလွှာပုံစံများ NUG ပညာရေးဝန်ကြီးဌာနထုတ်ပြန်

ယခုအသိပေးထုတ်ပြန်သည့် မေးခွန်းလွှာပုံစံသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီတွင် စတင်ကျင်းပမည့် ခံပညာပြီး မြောက်ကြောင်း စစ်ဆေးအကဲဖြတ်ရာတွင် အသုံးပြုရန်ရာထားသည့် နမူနာမေးခွန်းပုံစံလည်း ဖြစ်သည်။

အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ နမူနာမေးခွန်းလွှာပုံစံများ NUG ပညာရေးဝန် ကြီးဌာနထုတ်ပြန်
အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ နမူနာမေးခွန်းလွှာပုံစံများ NUG ပညာရေးဝန် ကြီးဌာနထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန (MOGE)က အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ နမူနာမေးခွန်း လွှာပုံစံများအား ယနေ့(စက်တင်ဘာ ၉)တွင် အသိပေးထုတ်ပြန် သည်။

ယခုအသိပေးထုတ်ပြန်သည့် မေးခွန်းလွှာပုံစံသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီတွင် စတင်ကျင်းပမည့် ခံပညာပြီး မြောက်ကြောင်း စစ်ဆေးအကဲဖြတ်ရာတွင် အသုံးပြုရန်ရာထားသည့် နမူနာမေးခွန်းပုံစံလည်း ဖြစ်သည်။

အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ နမူနာမေးခွန်းလွှာပုံစံများ NUG ပညာရေးဝန် ကြီးဌာနထုတ်ပြန်
အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ နမူနာမေးခွန်းလွှာပုံစံများ NUG ပညာရေးဝန် ကြီးဌာနထုတ်ပြန်

“အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းကို ဖြေဆိုကြမည့် ကျောင်းသား/ ကျောင်းသူများ၊ သင်ကြားပေးမည့် ဆရာ/ ဆရာမများနှင့် မိဘအုပ် ထိန်းသူများအနေဖြင့် မေးခွန်းလွှာဆိုင်ရာ အချက်အလက်များနှင့် နမူနာ မေးခွန်းလွှာပုံစံများကို ကြိုတင်လေ့လာနိုင်ရန်အတွက် (၉-၉-၂၀၂၂) ရက်နေ့မှစတင်၍ ဘာ သာရပ် အလိုက် နေ့စဉ်ထုတ်ပြန် ကြေညာပေးသွားမည် ဖြစ်ပါသည်”ဟု NUG၊ MOGE က အသိပေးသည်။

မကြာမီကာလအတွင်း Online System(သို့ မဟုတ်)အင်တာနက်မရသောဒေသများတွင်ပါ Offline ဖြေဆိုနိုင်ကြရန် ဖြေဆိုရမည့်နည်းလမ်းများကို သရုပ်ပြဗီဒီယိုများဖြင့် ထပ်မံအသိပေး ကြေညာပေးသွားမည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ဖြေဆိုလိုသူများအနေနဲ့ နာမည်စရင်းသွင်းခြင်းregistration ကို အောက်တိုဘာလအတွင်းမှာစတင်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်”ပညာရေးဝန်ကြီး ဌာန ဒုဝန်ကြီး ဒေါ်ဂျာထွယ်ပန်က အသိပေးသည်။

အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ နမူနာမေးခွန်းလွှာပုံစံများ NUG ပညာရေးဝန် ကြီးဌာနထုတ်ပြန်
အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ နမူနာမေးခွန်းလွှာပုံစံများ NUG ပညာရေးဝန် ကြီးဌာနထုတ်ပြန်

အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ အချက်အလက်များအားလုံးကို အမျိုးသားညီ ညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ Website ၊ တရားဝင်လူမှုကွန်ယက် စာမျက်နှာများ၊ Channels များ၊ သတင်းမီဒီယာများအပြင် ကြားကာလအခြေခံ ပညာရေးအဖွဲ့ အစည်းများထံသို့ အချိန်မီ စဉ်ဆက်မ ပြတ်ပေးပို့ အသိပေးကြေညာပေးသွားမည်ဟု ထုတ်ပြန်ထားသည်။

ပညာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်သည့် နမူနာမေးခွန်းပုံစံမှာ ယခင်ကအသုံးပြုခဲ့သော စာမေးပွဲမေးခွန်းပုံစံများနှင့်မတူဘဲ နားလည်တတ်မြောက်မှုကို အဓိကရည်ရွယ်သည့် အဖြေမှရွေးချယ်စေသည့်မေးခွန်းအများစုပါဝင်သည်ကို တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။