Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူအကျဉ်းထောင်မှ ထွက်ပြေးလာသည့် နိုင်/ကျဉ်း ငါးဦးကို PDFအဖွဲ့များက ဘေးကင်းရာသို့ ကယ်ထုတ်

ယမန်နေ့(စက်တင်ဘာ ၁၀ရက်)က ထွက်ပြေးလွတ် မြောက်လာသူများမှာ တော်လှန်ရေး ရဲဘော်နှစ်ဦး၊အခြား နိုင်ငံရေး ပုဒ်မများဖြင့်မတရားဖမ်းဆီးခံထားခြင်းခံရသူ သုံးဦးပါဝင်ဟု ဆိုသည်။

ဓာတ်ပုံ - Young Force(UG)
ဓာတ်ပုံ - Young Force(UG)

မကွေးတိုင်း ပခုက္ကူခရိုင် အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ငါးဦးသည် ၎င်းတို့ အစီအစဉ်ဖြင့် ထွက်ပြေးလွတ်မြောက်လာခဲ့ရာ ဘေးကင်းရာသို့ ကယ်ထုတ်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးတပ် Young Force (UG) တပ်ဖွဲ့က သတင်းထုတ်ပြန်ဘသည်။

ယမန်နေ့(စက်တင်ဘာ ၁၀ရက်)က ထွက်ပြေးလွတ် မြောက်လာသူများမှာ တော်လှန်ရေး ရဲဘော်နှစ်ဦး၊အခြား နိုင်ငံရေး ပုဒ်မများဖြင့်မတရားဖမ်းဆီးခံထားခြင်းခံရသူ သုံးဦးပါဝင်ဟု ဆိုသည်။

၎င်းတို့ ငါးဦးစလုံး လွတ်မြောက်ဘေးကင်းရာသို့ ရောက်ရှိအောင်ပို့ဆောင်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း နှင့် နေရာကဏ္ဍ အသီးသီးမှ ပါဝင်ကူညီပေးပါသော မြို့နယ်(ပကဖ)နှင့် အခြားသောနယ်မြေခံ အဖွဲ့အစည်း၊မဟာမိတ် တပ်ဖွဲ့များအား လွတ်မြောက်လာသူများကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း ဖော်ပြထားသည်။

နိုင်ငံရေးအကျဉ်းသားများ ဘေးကင်းရာသို့ ရောက်ရှိရေး ကယ်ထုတ်ခဲ့သည့် အဖွဲ့အစည်းများမှာ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ(ပကဖ)၊ ဒေသခံLDFများဖြစ်ကြသည့် ပခုက္ကူမြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့PPDF၊ Young Force (UG)တပ်ဖွဲ့၊ ပခုက္ကူမြို့ပြပျောက်ကျားတပ်ဖွဲ့( ၂)၊ Pakokku Ranger ၊ RSO(PKU)အဖွဲ့နှင့်သက်ဆိုင်ရာနယ်မြေခံအဖွဲ့များ ဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်