Connect with us

Hi, what are you looking for?

သတင်း

မြိုင်နယ်အခြေစိုက် PDFစခန်းတစ်ခု စီးနင်းခံရ

စစ်ကောင်စီတပ်သည် အင်အား ၇၀နီးပါးဖြင့် ဝင်ရောက်စီးနင်းကာ G3၊ MA 30၊ (၄၀) မမ၊ (၆၀)မမ စသည့် လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း King Fighter အဖွဲ့ တာဝန်ရှိသူက ပြောသည်။

King Fighter စခန်းစီးနင်းခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-King
King Fighter စခန်းစီးနင်းခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-King

မကွေးတိုင်း၊ ပခုက္ကူခရိုင် မြိုင်နယ်အခြေစိုက် PDF အဖွဲ့တစ်ဖွဲ့၏ စခန်းစီးနင်းခံရပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းခံလိုက်ရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (စက်တင်ဘာ ၉ ရက်) နံနက် ၅ နာရီခွဲခန့်က မြိုင်နယ် အ​ခြေစိုက် King Fighter PDF အဖွဲ့၏ စခန်းအား စစ်ကောင်စီတပ်က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ကာ စီးနင်းခံခဲ့ရခြင်းဖြစ်ကြောင်း Pakokku City & University News က ဖော်ပြသည်။

King Fighter စခန်းစီးနင်းခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-King
King Fighter စခန်းစီးနင်းခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-King

စစ်ကောင်စီတပ်သည် အင်အား ၇၀နီးပါးဖြင့် ဝင်ရောက်စီးနင်းကာ G3၊ MA 30၊ (၄၀) မမ၊ (၆၀)မမ စသည့် လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း King Fighter အဖွဲ့ တာဝန်ရှိသူက ပြောသည်။

စခန်းစီးနင်းခံရမှုကြောင့် 5.56 ကျည် ၅၀ခန့်၊ ခါးချိုးကျည် ၄၀ခန့်၊ လက်လုပ်သေနတ် ၁၀လတ် သိမ်းဆည်းခံရပြီး ပွိုင့်ဖိနပ်အသစ် ၄၀၊ အဟောင်း၂၀ အဝတ်စားများနှင့် ကျောပိုးအိတ်များ မီးရှိ့ဖျက်ဆီးခံခဲ့ရကြောင်း၊ စုစုပေါင်း သိန်း ၈၀ ဖိုးခန့် ဆုံးရှုံးခဲ့ကြောင်း King Fighter အဖွဲ့ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ ကင်းလဲချိန်ကို အငိုက်ဝင်ရောက်စီးနင်းခံရတာဗျ။ ထုတ်လုပ်ရေးပစ္စည်းတစ်ခုမကျန်ယူသွားတယ်ဗျ။ လက်နက်တွေက ယူချိန်မရလိုက်ဘူး။ ဖုန်းတွေရောပါသွားတယ်။ အဖွဲ့သားတွေအားလုံးလည်းအန္တာရယ်ကင်းတယ်။ ရွာထဲက ဆိတ်တစ်ကောင် ပစ်သတ်သွားတယ်။ ဆွဲကြိုးတစ်ကုံး အိမ်တအိမ်က လက်ဝတ်ရတနာတွေပါသွားတယ်ဗျ။”ဟု King Fighter အဖွဲ့ တာဝန်ရှိသူက ပြောသည်။

King Fighter စခန်းစီးနင်းခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-King
King Fighter စခန်းစီးနင်းခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-King

မည့်သည့်နေရာတွင် ဖြစ်ပွားခဲ့သည်ကိုမူ King Fighter အဖွဲ့က လက်တလောအသိပေးမထားသေးပေ။

မကွေးတိုင်း၊ မြိုင်နယ်သည် စစ်ကောင်စီတပ်နှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲများဖြစ်ပွားနေပြီး ​ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ