Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်နယ်အခြေစိုက် PDFစခန်းတစ်ခု စီးနင်းခံရ

စစ်ကောင်စီတပ်သည် အင်အား ၇၀နီးပါးဖြင့် ဝင်ရောက်စီးနင်းကာ G3၊ MA 30၊ (၄၀) မမ၊ (၆၀)မမ စသည့် လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း King Fighter အဖွဲ့ တာဝန်ရှိသူက ပြောသည်။

King Fighter စခန်းစီးနင်းခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-King
King Fighter စခန်းစီးနင်းခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-King

မကွေးတိုင်း၊ ပခုက္ကူခရိုင် မြိုင်နယ်အခြေစိုက် PDF အဖွဲ့တစ်ဖွဲ့၏ စခန်းစီးနင်းခံရပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းခံလိုက်ရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (စက်တင်ဘာ ၉ ရက်) နံနက် ၅ နာရီခွဲခန့်က မြိုင်နယ် အ​ခြေစိုက် King Fighter PDF အဖွဲ့၏ စခန်းအား စစ်ကောင်စီတပ်က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ကာ စီးနင်းခံခဲ့ရခြင်းဖြစ်ကြောင်း Pakokku City & University News က ဖော်ပြသည်။

King Fighter စခန်းစီးနင်းခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-King
King Fighter စခန်းစီးနင်းခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-King

စစ်ကောင်စီတပ်သည် အင်အား ၇၀နီးပါးဖြင့် ဝင်ရောက်စီးနင်းကာ G3၊ MA 30၊ (၄၀) မမ၊ (၆၀)မမ စသည့် လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း King Fighter အဖွဲ့ တာဝန်ရှိသူက ပြောသည်။

စခန်းစီးနင်းခံရမှုကြောင့် 5.56 ကျည် ၅၀ခန့်၊ ခါးချိုးကျည် ၄၀ခန့်၊ လက်လုပ်သေနတ် ၁၀လတ် သိမ်းဆည်းခံရပြီး ပွိုင့်ဖိနပ်အသစ် ၄၀၊ အဟောင်း၂၀ အဝတ်စားများနှင့် ကျောပိုးအိတ်များ မီးရှိ့ဖျက်ဆီးခံခဲ့ရကြောင်း၊ စုစုပေါင်း သိန်း ၈၀ ဖိုးခန့် ဆုံးရှုံးခဲ့ကြောင်း King Fighter အဖွဲ့ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ ကင်းလဲချိန်ကို အငိုက်ဝင်ရောက်စီးနင်းခံရတာဗျ။ ထုတ်လုပ်ရေးပစ္စည်းတစ်ခုမကျန်ယူသွားတယ်ဗျ။ လက်နက်တွေက ယူချိန်မရလိုက်ဘူး။ ဖုန်းတွေရောပါသွားတယ်။ အဖွဲ့သားတွေအားလုံးလည်းအန္တာရယ်ကင်းတယ်။ ရွာထဲက ဆိတ်တစ်ကောင် ပစ်သတ်သွားတယ်။ ဆွဲကြိုးတစ်ကုံး အိမ်တအိမ်က လက်ဝတ်ရတနာတွေပါသွားတယ်ဗျ။”ဟု King Fighter အဖွဲ့ တာဝန်ရှိသူက ပြောသည်။

King Fighter စခန်းစီးနင်းခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-King
King Fighter စခန်းစီးနင်းခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-King

မည့်သည့်နေရာတွင် ဖြစ်ပွားခဲ့သည်ကိုမူ King Fighter အဖွဲ့က လက်တလောအသိပေးမထားသေးပေ။

မကွေးတိုင်း၊ မြိုင်နယ်သည် စစ်ကောင်စီတပ်နှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲများဖြစ်ပွားနေပြီး ​ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။