Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့နယ်ရှိ Non-CDM များ CDM ပြုလုပ်အလင်းဝင်ကြရန် မြို့နယ်(ပအဖ) သတိပေး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်သည် စစ်ကောင်စီတပ်အား ခုခံတော်လှန်မှုအားကောင်းရာဒေသဖြစ်ပြီး စစ်ကောင်စီတပ်၏ ဖမ်းဆီးအကြမ်းဖက်မှုများလည်း မကြာခဏကြုံနေရသည်။

ရွှေဘိုမြို့နယ်ရှိ Non-CDM များ CDM ပြုလုပ်အလင်းဝင်ကြရန် မြို့နယ်(ပအဖ) သတိပေး
ရွှေဘိုမြို့နယ်ရှိ Non-CDM များ CDM ပြုလုပ်အလင်းဝင်ကြရန် မြို့နယ်(ပအဖ) သတိပေး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ Non-CDM ဝန်ထမ်းများအနေဖြင့် CDM ပြုလုပ်အလင်းဝင်ရန် ရွှေဘိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန် ကြေညာသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ လက်အောက်ရှိ ရွှေဘိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့ ​(စက်တင်ဘာ ၁၁ ရက်)တွင် Non-CDM များနှင့်ပတ်သက်၍ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကြေညာချက်တွင် Non-CDM များ CDM ပြုလုပ်ရန် အကြိမ်ကြိမ် သတိပေးနှိုးဆော်ခဲ့ပြီး ယခုထုတ်ပြန်ချက်ဖြင့် Non-CDM များ အလင်းဝင်ရန် ထပ်မံသတိပေး ဖိတ်ခေါ်ကြောင်း ရေးသားထားသည်။

ယနေ့အထိ Non-CDM များသည် NUG အစိုးရထံ ပူးပေါင်းခြင်း၊ ပြည်သူ့ရင်ခွင်ထံ ခုလှုံခြင်း၊ တော်လှန်ရေးအင်အားစုများနှင့် လက်တွဲခြင်းမပြုဘဲ စစ်ကောင်စီအလိုကျ တာဝန်ထမ်းဆောင်ခြင်းများ ရှိနေဆဲဖြစ်ကြောင်း၊ အလင်းဝင်မည်ဆိုပါက အနာဂတ်ဝန်ထမ်းဘဝ ရပ်တည်ရေးအတွက် ထည့်သွင်းစဥ်းစားပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အလင်းဝင်ခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းမြဲဆိုပါက အကြမ်းဖက်ဝန်ထမ်းအဖြစ် သက်မှတ်မည်ဖြစ်ပြီး အလင်းဝင်ရန် ဖိတ်ခေါ်ခြင်းကို မလိုက်နာပါက တရားဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်တော့မည်ဟု ရွှေဘိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးထားသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်သည် စစ်ကောင်စီတပ်အား ခုခံတော်လှန်မှုအားကောင်းရာဒေသဖြစ်ပြီး စစ်ကောင်စီတပ်၏ ဖမ်းဆီးအကြမ်းဖက်မှုများလည်း မကြာခဏကြုံနေရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ စဥ့်တုံံကျေးရွာအနီးမှာ ရွှေဘိုမြို့နယ်ကို အဓိက ရေပေး​ဝေနေတဲ့ မူးကြီး(တူးမြောင်း) ကျိုးသွားလို့ စပါးခင်းတွေအတွက် ရေအခက်အခဲ ရှိနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။