Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြဝတီ – ဝေါ်လေလမ်းတစ်နေရာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကော်ဘရာစစ်ကြောင်း ဝင်ရောက်တိုက်ခိုက်

မြ၀တီ ဝေါ်လေလမ်းတွင် KNUဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့ ကော်ဘရာစစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်က အထိနာလျက်ရှိသည်။

(ယနေ့ တိုက်ပွဲအတွင်း အနီးကပ် ကွပ်ကဲနေသော ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)
(ယနေ့ တိုက်ပွဲအတွင်း အနီးကပ် ကွပ်ကဲနေသော ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)

၃နာရီကျော်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုရှိဟုဆို

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ မြ၀တီ ဝေါ်လေလမ်း မြွေသုံးကောင် နှင့် သဲဖြူချောင်းဂိတ်အနီး နေရာတစ်ခု၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယနေ့နေ့လည်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၁၂ရက် နေ့လည် ၁၂နာရီခန့်မှစ၍ ၃နာရီခွဲအထိတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးရှိနိုင်ကြောင်း၊ အရေအတွက်အတိအကျ အတည်မပြုနိုင်သေးကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ကော်ဘရာစစ်သည်တစ်ဦး ဒဏ်ရာရခဲ့ပြီး မစိုးရိမ်ရကြောင်း အသိပေးထားသည်။

ယနေ့တိုက်ပွဲ၌ ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောတိုက်ပွဲတွင် အနီးကပ်ကွပ်ကဲနေသည်ဟုလည်း ဓာတ်ပုံနှင့်တကွ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

မြ၀တီ ဝေါ်လေလမ်းတွင် KNUဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့ ကော်ဘရာစစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်က အထိနာလျက်ရှိသည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။