Connect with us

Hi, what are you looking for?

သတင်း

မြို့တွင်း စစ်ဆင်ရေးအတွက် ဒရုန်းအသုံးပြုတိုက်ခိုက်ခြင်းအပါအဝင် စစ်ပညာများထပ်ဆင့်သင်ယူလျက်ရှိဟု ပူတာအို PDF အသိပေး

ပူတာအိုခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လက်ရှိအချိန်ထိ လုပ်ဆောင်နေဆဲ ဆောင်ရွက်ချက်များကို အသိပေး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

(ပူတာအို PDFမှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဉ်)
(ပူတာအို PDFမှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဉ်)

▪️စစ်ရှိန်မြှင့်တင်ရာ၌ ပြည်သူများက သတင်းအချက်အလက်၊ စားနပ်ရိက္ခာ၊ လူအင်အားအချိန် ပေး၍ ပူးပေါင်းပါဝင်ကြရန် မေတ္တာရပ်ခံ

ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် မြို့တွင်းစစ်ဆင်ရေး ဆင်နွဲနိုင်ရန်အတွက် လိုအပ်သည့် နည်းစနစ်များ (ဒရုန်း၊လက်နက်ကြီး၊ ဖောက်ခွဲရေးနှင့် ဆက်သွယ်ရေးနည်းပညာ)စသည့် စစ်ပညာများ ထပ်ဆင့်မွမ်းမံသင်ယူလျက်ရှိကြောင်း ပူတာအိုပြည်သူ့ကာကွယ်ရေးတပ်(PDF)က ယနေ့ ထုတ်ပြန်သည်။

ပူတာအိုခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လက်ရှိအချိန်ထိ လုပ်ဆောင်နေဆဲ ဆောင်ရွက်ချက်များကို အသိပေး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)နှင့် ကချင် လွှတ်မြောက်ရေးတပ်မတော်(KIA)တို့၏ လမ်းညွန်မှုအရ ပူတာအိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ပူတာအိုဒေသကြားကာလတွင် ပြည်သူ့အုပ်ချုပ် ရေးယန္တရား ဖော်ဆောင်ရာတွင် ပြည်သူ့လုံခြုံရေးနှင့် ဌာနဆိုင်ရာဆိုင်ရာအသီးသီးတွင် ပြည်သူနှင့်အတူ တာဝန်ယူဦးစီးဆောင်ရွက်ရန် တာဝန် ပေးထားလျက်ရှိကြောင်း၊ ဆက်လက်၍ ဖက်ဒရယ် တပ်မတော်အခန်းကဏ္ဍတွင်လည်း ဆက်လက်ပါဝင်ရန်ဖြစ်ကြောင်း ဖော်ပြထားသည်။

လက်ရှိ တစ်နိုင်ငံလုံးစစ်ရေးအတိုင်းအတာအရ စစ်ရေးအရှိန်မြှင့်တင်ကာ မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ပြည်သူများမှ သတင်းအချက်အလက်များ၊ စားနပ်ရိက္ခာများ၊ လူအင်အားနှင့်အချိန်ပေး၍ပူးပေါင်းပါဝင်ပေးပါရန်မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ပြည့်သူ့အာဏာကို စစ်တပ်မှ မတရားသိမ်းအပြီး အကြမ်းဖက်စစ်ကောင်စီ၏ ဥပဒေမဲ့လုပ်ရပ်မှ ခုခံကာကွယ်နိုင်ရန် NUGက မိမိကိုယ်ကိုယ်ရရာ လက်နက်ဖြင့် ခုခံကာကွယ်ပိုင်ခွင့် ဥပဒေအား ပြဋ္ဌာန်းခဲ့ရာ ပူတာအိုဒေသရှိတိုင်းရင်းသားညီနောင်တို့သည်လည်း လက်နက်ကိုင် တော်လှန်ရေးကို ရွေးချယ်ခဲ့ပြီး ပူတာအို PDFအဖြစ် ဖွဲ့စည်းရပ်တည်ခဲ့ကြောင်း၊ ပူတာအိုဒေသလူငယ်များသည် ကချင်လွှတ်မြောက်ရေးတပ်မတော် KIO/KIA ထံသို့ အခြေခံစစ်ပညာသင်ယူခဲ့ကြောင်း ဖော်ပြသည်။

ထိုသို့ စစ်ပညာသင်ယူပြီးနောက် ပြည်သူ့ကာကွယ်ရေးလုပ်ငန်းဖြစ်သော မြစ်ကြီးနား – ပူတာအို ကားလမ်းတစ်လျှောက် မူးယစ်ဆေးဝါးများ ဖမ်းဆီးခြင်း၊ သူခိုးနှင့်လူလိမ်များဖမ်းဆီးခြင်း၊ စစ်ကောင်စီ နှင့်ထိပ်တိုက်တွေ့ပြီး တိုက်ပွဲပေါင်း ( ၅ဝ)နှင့်အထက် ဆင်နွဲနိုင်ခြင်း စသည်တို့ကို လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းရဲ့ ဒရုန်းရန်ကို ကြောက်လို့ ရုရှားဟာ ရေတပ်အထိမ်းအမှတ်နေ့ စစ်ရေးပြပွဲတွေ ကျင်းပမယ့် အစီအစဉ်တွေကို ၂ နှစ်ဆက်တိုက် ဖျက်သိမ်းခဲ့ရပါတယ်။