Connect with us

Hi, what are you looking for?

သတင်း

မြိုင်တွင်ကင်းလှည့်လာသည့်ရဲများကို PDFတိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်သည် စစ်ကောင်စီတပ်အား လက်နက်ကိုင်ခုခံမှုအားကောင်းရာဒေသဖြစ်ပြီး စစ်ကိုင်းတိုင်းPDFများနှင့်ပါ ပူးပေါင်းတိုက်ခိုက်လျက်ရှိသည်။

(သေဆုံးခဲ့​သောစစ်​ကောင်စီရဲထံမှ သိမ်းဆည်းရမိသော လက်နက်နှင့်ကျည်များ။ ။ဓါတ်ပုံ-MVRF)
(သေဆုံးခဲ့​သောစစ်​ကောင်စီရဲထံမှ သိမ်းဆည်းရမိသော လက်နက်နှင့်ကျည်များ။ ။ဓါတ်ပုံ-MVRF)

ရဲတစ်ဦးသေပြီးလက်နက်နှင့်ကျည်များ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ရေနံမြေရဲကင်းစခန်းမှ ကင်းပတ်ထွက်လာသည့် ရဲ ၈ ဦးအား တိုက်ခိုက်ခဲ့ရာ ရဲတစ်ဦးသေဆုံးပြီး သေနတ်တစ်လက်နှင့်ကျည်များ သိမ်းဆည်းနိုင်ခဲ့ကြောင်း မြိုင်မြို့နယ် ကျေးရွာများ တော်လှန်ရေးတပ်ဦး MVRFက သတင်းထုတ်ပြန်သည်။

ယမန်နေ့ (စက်တင်ဘာလ ၁၄ ရက်နေ့)က မြိုင်မြို့နယ် Well 2 ရေနံမြေရဲကင်းစခန်းမှ ကင်းပတ်ထွက်လာသည့် ရဲ ၈ ဦးအား ပခုက္ကူခရိုင်တပ်ရင်း အမှတ်( ၆ ) – MVRF နှင့် Eagle Fighter( MVRF အဖွဲ့ဝင်) အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ပွဲတွင် ရဲ ၁ ဦး သေဆုံးပြီး ၁ဦးဒဏ်ရာပြင်ပြင်းထန်ထန်ရသွားကြောင်း၊ ကျန်ရဲများ Well 2 စခန်းအတွင်း ပြန်လည်ထွက်ပြေးသွားခဲ့သည်ဟု MVRF ကဆိုသည်။

သေဆုံးရဲမှာ ရဲတပ်သား ရှင်းခန့်သူ ဖြစ်ပြီး ကိုယ်ပိုင်အမှတ် လ ၂၇၉၀၂၃ ကိုင်ဆောင်သူဖြစ်ကာ ထိုရဲထံမှ G3 တစ်လက်၊ကျည် ၁၁၅ တောင့်၊ဘောက်အပို ၁ ခု ၊ ငွေသား ၁ သိန်းကျော် သိမ်းဆည်းရမိခဲ့ကြောင်း၊ MVRF ၏ရဲဘော် ၁ ဦး ဒဏ်ရာ ( မစိုးရိမ်ရ) ရရှိခဲ့ကြောင်း MVRF က အသိပေးသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ MVRFထံ ဆက်သွယ်​မေးမြန်းရန်ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။

မကွေးတိုင်း၊ မြိုင်မြို့နယ်သည် စစ်ကောင်စီတပ်အား လက်နက်ကိုင်ခုခံမှုအားကောင်းရာဒေသဖြစ်ပြီး စစ်ကိုင်းတိုင်းPDFများနှင့်ပါ ပူးပေါင်းတိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။