Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့တွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် စစ်ရှောင်ပြည်သူ ကလေးငယ်များအပါအဝင်အနည်းဆုံးလေးဦးသေ

ယနေ့(စက်တင်ဘာ ၁၆ ရက်) နံနက်ပိုင်းက မိုးဗြဲ မြို့မွေတော်ဘုရားဝင်းအတွင်းစစ်ဘေးရှောင် ပြည်သူများနေရာသို့ လက်နက်ကြီးကျရောက် ပေါက်ကွဲ ခဲ့ခြင်းဟု ဆိုသည်။

(ယနေ့ နံနက်ပိုင်း စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် သေဆုံး၊ဒဏ်ရာရရှိသူများနှင့် မွေတော်ဘုရား ကျောင်းဆောင်အား တွေ့ရစဉ်၊ ဓာတ်ပုံ - ကရင်နီစစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်၊ PKPF)
(ယနေ့ နံနက်ပိုင်း စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် သေဆုံး၊ဒဏ်ရာရရှိသူများနှင့် မွေတော်ဘုရား ကျောင်းဆောင်အား တွေ့ရစဉ်၊ ဓာတ်ပုံ - ကရင်နီစစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်၊ PKPF)

အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် မိုးဗြဲမြို့တွင် ဒေသခံစစ်ဘေးရှောင်ပြည်သူ ကလေးငယ်များအပါအဝင် အနည်းဆုံးလေးဦး သေဆုံးကြောင်း တိုးတက်သောကရင်နီပြည်သူ့ အင်အားစု (PKPF)က ထုတ်ပြန်သည်။

ယနေ့(စက်တင်ဘာ ၁၆ ရက်) နံနက်ပိုင်းက မိုးဗြဲ မြို့မွေတော်ဘုရားဝင်းအတွင်းစစ်ဘေးရှောင် ပြည်သူများနေရာသို့ လက်နက်ကြီးကျရောက် ပေါက်ကွဲ ခဲ့ခြင်းဟု ဆိုသည်။

“မနက် ၆ နာရီမတိုင်ခင်ကတည်းက လက်နက် ကြီးတွေ တအုန်းအုန်းပဲ။လုံခြုံမယ်ထင်တဲ့ နေရာကို မှ ပစ်ခံရတာ။ဒဏ်ရာရတဲ့သူလည်းအများကြီးပဲ”ဟု မိုးဗြဲ မြို့ဒေသခံတစ်ဦးက လူထုနွေဦး သို့ပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်ထိခိုက်မှုအသေးစိတ် အခြေအနေကို မသိရသေးဘဲ Mobye Resue Team အနေဖြင့်လည်း တရားဝင်သတင်းမထုတ်ပြန်သေးပေ။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

သေဆုံးမှုများ၍ တပ်ဆုတ်သွားရသည့် အကြမ်း ဖက် စစ်ကောင်စီတပ်က ယမန်နေ့ကစ၍ တကျော့ပြန်ထိုးစစ်ဆင်လာကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ထုတ်ပြန်ထားသည်။

စစ်ကောင်စီစစ်ကြောင်းသည် ဝှါရီဆူးပလိုင်ရွာနှင့် မိုးဗြဲမြို့ကြား ရထားလမ်းတွင် ရောက်ရှိနေပြီး မိုးဗြဲမြို့အတွင်းသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေသည်ဟု ဆိုသည်။

ထို့ကြောင့် ဒေသခံပြည်သူများအနေဖြင့် လုံခြုံစိတ်ချရသောနေရာတွင် နေပေးရန်နှင့် ပြည်သူများအနေဖြင့် မိုးဗြဲလမ်းကို အသုံးမပြုသေးရန် MB PDFက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စိတ် ကျန်းမာရေးမကောင်းသူတစ်ဦး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကျောရိုးထိခိုက်သွားပြီး အကူ အညီလိုအပ်နေကြောင်း ​ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက အသိပေးပါတယ်။