မတူပီမြို့မှ ၂မိုင်အကွာတွင်ရှိသည့် စစ်ကောင်စီရှေ့တန်းကင်းစခန်းတစ်ခုကို စက်တင်ဘာ၁၉ရက်ညနေ့ပိုင်းတွင် ချင်းဒေသကာကွယ်ရေးတပ် -CDF(မတူပီ)က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ဦးသေဆုံးခဲ့ကြောင်း CDF(မတူပီ)က သတင်းထုတ်ပြန်သည်။
အဆိုပါ စစ်ကောင်စီတပ်ဂိတ်စခန်းသည့် မတူပီမြို့အဝင်မှ နှစ်မိုင်အကွာတွင်ရှိပြီး အများပြည်သူ အသုံးပြုနေသည့် လမ်းကို စစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်နေခြင်းကြောင့် ပြည်သူနှင့်လူနာများ အခက်အခဲများကြုံတွေ့နေရခြင်းကို လက်တုန့်ပြန်ခြင်းဖြစ်သည်ဟု CDF(မတူပီ)ကအသိပေးသည်။
ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးကာ ၈ဦး ဒဏ်ရာရရှိခဲ့သည်။ CDF (မတူပီ) ဘက်မှ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်းဖော်ပြထားသည်။ စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုအခြေအနေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။
တိုက်ပွဲဖြစ်ပွားခဲ့ေသာ်လည်း လက်ရှိတွင် စစ်ရေးတည်ငြိမ်လျက်ရှိသည်ဟု CDF(မတူပီ)ကဆိုထားသည်။

Public Service Announcement
ထိုသို့တိုက်ခိုက်မှုအပြီးအတွင် စစ်ကောင်စီတပ်များ မတူပီဒေသခံများကို မြို့တွင်း၌ တားဆီးစစ်ဆေးမှုများပိုမိုပြုလုပ်လာကြောင်း ဒေသခံများကပြောသည်။
“သူတို့ စခန်းဝင်ပစ်ခံရလို့ပြောတယ်။ လာသမျှ ဆိုင်ကယ်နဲ့လူတွေကို တားပြီး အကုန်စစ်တာ၊”ဟု မတူပီဒေသခံတစ်ဦးကပြောသည်။


















































