Connect with us

Hi, what are you looking for?

သတင်း

မတူပီမြို့ထွက်ရှိစစ်ကောင်စီစခန်းကို CDFဝင်တိုက်၊ စစ်ကောင်စီတပ်သား ၆ဦးသေ

ထိုသို့တိုက်ခိုက်မှုအပြီးအတွင် စစ်ကောင်စီတပ်များ မတူပီဒေသခံများကို မြို့တွင်း၌ တားဆီးစစ်ဆေးမှုများပိုမိုပြုလုပ်လာကြောင်း ဒေသခံများကပြောသည်။

(ချင်း​ဒေသကာကွယ်​ရေးတပ်-CDF(မတူပီ)တပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-CDF)
(ချင်း​ဒေသကာကွယ်​ရေးတပ်-CDF(မတူပီ)တပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-CDF)

မတူပီမြို့မှ ၂မိုင်အကွာတွင်ရှိသည့် စစ်ကောင်စီရှေ့တန်းကင်းစခန်းတစ်ခုကို စက်တင်ဘာ၁၉ရက်ညနေ့ပိုင်းတွင် ချင်း​ဒေသကာကွယ်​ရေးတပ် -CDF(မတူပီ)က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ဦးသေဆုံးခဲ့ကြောင်း CDF(မတူပီ)က သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီတပ်ဂိတ်စခန်းသည့် မတူပီမြို့အဝင်မှ နှစ်မိုင်အကွာတွင်ရှိပြီး အများပြည်သူ အသုံးပြုနေသည့် လမ်းကို စစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်နေခြင်းကြောင့် ပြည်သူနှင့်လူနာများ အခက်အခဲများကြုံတွေ့နေရခြင်းကို လက်တုန့်ပြန်ခြင်းဖြစ်သည်ဟု CDF(မတူပီ)ကအသိ​ပေးသည်။

ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးကာ ၈ဦး ဒဏ်ရာရရှိခဲ့သည်။ CDF (မတူပီ) ဘက်မှ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း​ဖော်ပြထားသည်။ စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုအ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

တိုက်ပွဲဖြစ်ပွားခဲ့ေသာ်လည်း လက်ရှိတွင် စစ်ရေးတည်ငြိမ်လျက်ရှိသည်ဟု CDF(မတူပီ)ကဆိုထားသည်။

Public Service Announcement

Public Service Announcement

ထိုသို့တိုက်ခိုက်မှုအပြီးအတွင် စစ်ကောင်စီတပ်များ မတူပီဒေသခံများကို မြို့တွင်း၌ တားဆီးစစ်ဆေးမှုများပိုမိုပြုလုပ်လာကြောင်း ဒေသခံများကပြောသည်။

“သူတို့ စခန်းဝင်ပစ်ခံရလို့ပြောတယ်။ လာသမျှ ဆိုင်ကယ်နဲ့လူတွေကို တားပြီး အကုန်စစ်တာ၊”ဟု မတူပီဒေသခံတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook