Connect with us

Hi, what are you looking for?

သတင်း

ပဲခူးမှဆင်းလာသည့် စစ်ကောင်စီယာဉ်တန်း ကျိုက်ထိုတွင် တိုက်ခိုက်ခံရ

လက်ရှိတွင် စစ်ကောင်စီယာဥ်တန်းသည် အရပ် သားကားများကို အကာအကွယ်ယူ၍ ကျိုက်ထိုမြို့မှ ဖြတ်သန်းရန်ကြိုးစားနေကြောင်းလည်း အသိပေးသည်။

(ကရင်ပြည်နယ်သို့ ဝင်ရောက်လာသည့် စစ်ကောင်စီယာဥ်တန်း ပုံဟောင်းဖြစ်သည်။ဓာတ်ပုံ - CJ)
(ကရင်ပြည်နယ်သို့ ဝင်ရောက်လာသည့် စစ်ကောင်စီယာဥ်တန်း ပုံဟောင်းဖြစ်သည်။ဓာတ်ပုံ - CJ)

ပဲခူးမြို့နယ်ဘက်မှ ဆင်းလာသည့် အကြမ်းဖက် စစ်ကောင်စီယာဥ်တန်းကို မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(စက်တင်ဘာ ၂၂ ရက်) နံနက် ၆နာရီခွဲခန့်က ဝေါမြို့နယ်ဘက်မှ ဘီးလင်းမြို့ဘက်သို့ ဦးတည်လာသော ယာဉ်လေးစီးပါစစ်ကောင်စီယာဥ်တန်းသည် ကျိုက််ထိုမြို့သို့ ဖြတ်သန်းစဥ် ဘိုက္ကားကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် အနီးကပ်ပစ်ခတ်ခံခဲ့ရသည်ဟု ဆိုသည်။

“ပဒေသာမိုင်း လေးလုံးနဲ့ အရင်တိုက်တယ်။ပြီးတော့ စခ ကားတစ်စီး လမ်းဘေးထိုးကျတဲ့အချိန် ဆက်တိုက်ပစ်နိုင်ခဲ့တယ်။စခတွေ အသေ အပျောက် များနိုင်တယ်”ဟု ကျိုက်ထိုမြို့နယ် တော်လှန်ရေးအင်အားစုတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ရှင်းပြသည်။

လက်ရှိတွင် စစ်ကောင်စီယာဥ်တန်းသည် အရပ် သားကားများကို အကာအကွယ်ယူ၍ ကျိုက်ထိုမြို့မှ ဖြတ်သန်းရန်ကြိုးစားနေကြောင်းလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီယာဥ်တန်းမိုင်းဆွဲခံရမှုကို မကျေနပ်၍ လက်ပံပင်သုဿာန်တွင် တပ်စွဲထားသော စစ်ကောင်စီကင်းစခန်းမှ လက်နက်ကြီးများဖြင့် ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်မှစ၍ လက်နက်ကြီးများဖြင့် ၆ချက်ထက်မနည်း ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် အင်္ဂဘိုကျေးရွာအဝင် ဓာတ်တိုင်အချို့ လဲကျကာ ရွာသားတစ်ဦးထိမှန်ပြီး ပြင်းထန်ဒဏ်ရာရရှိကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းတိုက်ခိုက်မှုကို KNLA နှင့် KRF ပူးပေါင်းအဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ပစ်ခတ်မှုအပြီး ပူးပေါင်းအဖွဲ့များမှ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီ၏ ထိခိုက် သေဆုံးမှုသတင်းကို စုံစမ်းစီစစ်ဆဲဖြစ်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃)၊သထုံခရိုင်က အတည်ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး အသက်ဆုံးရှုံးခဲ့ရသလို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook