Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပဲခူးမှဆင်းလာသည့် စစ်ကောင်စီယာဉ်တန်း ကျိုက်ထိုတွင် တိုက်ခိုက်ခံရ

လက်ရှိတွင် စစ်ကောင်စီယာဥ်တန်းသည် အရပ် သားကားများကို အကာအကွယ်ယူ၍ ကျိုက်ထိုမြို့မှ ဖြတ်သန်းရန်ကြိုးစားနေကြောင်းလည်း အသိပေးသည်။

(ကရင်ပြည်နယ်သို့ ဝင်ရောက်လာသည့် စစ်ကောင်စီယာဥ်တန်း ပုံဟောင်းဖြစ်သည်။ဓာတ်ပုံ - CJ)
(ကရင်ပြည်နယ်သို့ ဝင်ရောက်လာသည့် စစ်ကောင်စီယာဥ်တန်း ပုံဟောင်းဖြစ်သည်။ဓာတ်ပုံ - CJ)

ပဲခူးမြို့နယ်ဘက်မှ ဆင်းလာသည့် အကြမ်းဖက် စစ်ကောင်စီယာဥ်တန်းကို မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(စက်တင်ဘာ ၂၂ ရက်) နံနက် ၆နာရီခွဲခန့်က ဝေါမြို့နယ်ဘက်မှ ဘီးလင်းမြို့ဘက်သို့ ဦးတည်လာသော ယာဉ်လေးစီးပါစစ်ကောင်စီယာဥ်တန်းသည် ကျိုက််ထိုမြို့သို့ ဖြတ်သန်းစဥ် ဘိုက္ကားကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် အနီးကပ်ပစ်ခတ်ခံခဲ့ရသည်ဟု ဆိုသည်။

“ပဒေသာမိုင်း လေးလုံးနဲ့ အရင်တိုက်တယ်။ပြီးတော့ စခ ကားတစ်စီး လမ်းဘေးထိုးကျတဲ့အချိန် ဆက်တိုက်ပစ်နိုင်ခဲ့တယ်။စခတွေ အသေ အပျောက် များနိုင်တယ်”ဟု ကျိုက်ထိုမြို့နယ် တော်လှန်ရေးအင်အားစုတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ရှင်းပြသည်။

လက်ရှိတွင် စစ်ကောင်စီယာဥ်တန်းသည် အရပ် သားကားများကို အကာအကွယ်ယူ၍ ကျိုက်ထိုမြို့မှ ဖြတ်သန်းရန်ကြိုးစားနေကြောင်းလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီယာဥ်တန်းမိုင်းဆွဲခံရမှုကို မကျေနပ်၍ လက်ပံပင်သုဿာန်တွင် တပ်စွဲထားသော စစ်ကောင်စီကင်းစခန်းမှ လက်နက်ကြီးများဖြင့် ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်မှစ၍ လက်နက်ကြီးများဖြင့် ၆ချက်ထက်မနည်း ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် အင်္ဂဘိုကျေးရွာအဝင် ဓာတ်တိုင်အချို့ လဲကျကာ ရွာသားတစ်ဦးထိမှန်ပြီး ပြင်းထန်ဒဏ်ရာရရှိကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းတိုက်ခိုက်မှုကို KNLA နှင့် KRF ပူးပေါင်းအဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ပစ်ခတ်မှုအပြီး ပူးပေါင်းအဖွဲ့များမှ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီ၏ ထိခိုက် သေဆုံးမှုသတင်းကို စုံစမ်းစီစစ်ဆဲဖြစ်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃)၊သထုံခရိုင်က အတည်ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။