Connect with us

Hi, what are you looking for?

သတင်း

လက်ယက်ကုန်းရွာစာသင်ကျောင်း တိုက်ခိုက်သည့် စစ်ကောင်စီ၏လုပ်ရပ် KIA တာဝန်ရှိသူ ရှုတ်ချ

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ဗိုလ်မှူးကြီးနော်ဘူက “ဒါရှုံ့ချတယ် ။ မလုပ်သင့်ဘူး ။လုံး၀ မလုပ်သင့်တဲ့ ကိစ္စဖြစ်ပါတယ်”ဟု ယနေ့(စက်တင်ဘာ ၂၂ရက်) ပြောကြားသည်။

(စစ်ကောင်စီတပ် လေကြောင်းကပစ်ခတ်၍ ထိခိုက်ပျက်ဆီးခဲ့သော စာသင်ကျောင်းအတွင်း ကျန်ခဲ့သည့် ကလေးငယ်၏ ကျောပိုးအိတ်တစ်လုံးအားတွေ့ရစဥ်၊ ဓာတ်ပုံ - ဒီပဲယင်း စစ်ဘေးရှောင်ထောက်ပံ့ရေးကော်မတီ)
(စစ်ကောင်စီတပ် လေကြောင်းကပစ်ခတ်၍ ထိခိုက်ပျက်ဆီးခဲ့သော စာသင်ကျောင်းအတွင်း ကျန်ခဲ့သည့် ကလေးငယ်၏ ကျောပိုးအိတ်တစ်လုံးအားတွေ့ရစဥ်၊ ဓာတ်ပုံ - ဒီပဲယင်း စစ်ဘေးရှောင်ထောက်ပံ့ရေးကော်မတီ)

စစ်ကောင်စီတပ်၏ ကျူးလွန်မှုကို KIAအားအပြစ်ပုံချနေဟု ပြော

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည့် လုပ်ရပ်အပေါ်ရှုတ်ချကြောင်း ကချင်လွတ်လပ်ရေး တပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက ပြောသည်။

စက်တင်ဘာ ၁၆ရက်က ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာကို စစ်ကောင်စီတပ်က စစ်ရဟတ် ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စာသင်နေသည့် ကလေးငယ်များအပါအဝင် ကလေးငယ် ခုနစ်ဦး ထက်မနည်းနှင့် ဒေသခံပြည်သူ ‌ခြောက်ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ဗိုလ်မှူးကြီးနော်ဘူက “ဒါရှုံ့ချတယ် ။ မလုပ်သင့်ဘူး ။လုံး၀ မလုပ်သင့်တဲ့ ကိစ္စဖြစ်ပါတယ်”ဟု ယနေ့(စက်တင်ဘာ ၂၂ရက်) ပြောကြားသည်။

စစ်ကောင်စီတပ်ကမူ လက်ယက်ကုန်းရွာ၌ KIAနှင့် PDFများ ရှိသည်ဟု သတင်းပေးလာ၍ ဝင်ရောက်ရှင်းလင်းခြင်းဖြစ်ကြောင်း KIA/PDFတို့အား စွပ်စွဲပြောဆိုခဲ့သည်။

Public Service Announcement

Public Service Announcement

“အဲဒါက အလကားပါ။ ဒီကောင်တွေ(စစ်ကောင်စီတပ်)ပါ။ ကျွန်တော်တို့ KIA/KIOနဲ့ ဘာမှမဆိုင်ဘူး။ အဲဒီဘက်က ကျွန်တော်တို့ လှုပ်ရှားမှုလည်းမရှိပါဘူး။ ကျွန်တော်တို့ နယ်မြေလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ ပတ်သက်မှုဘာမှမရှိပါဘူး”ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

စစ်ကောင်စီတပ်အနေဖြင့် KIAကို အပြစ်ပုံချရန် ပြောဆိုခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ကျွန်တော်တို့ကို တိုက်ခိုက်ချင်လို့ ပြောတာပဲဖြစ်မှာပါ”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဒီပဲယင်းဒေသခံကမူ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်က လက်ယက်ကုန်းရွာကို ပစ်မှတ်ထား တိုက်ခိုက်လာခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ အကြမ်းဖက်တိုက်ခိုက်မှုများကို စစ်ကောင်စီတပ်က ဒီပဲယင်းနယ်တွင် အကြိမ်ကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်၍ စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များအပေါ် သီးခြားမှတ်ချက်မပေးလိုတော့ကြောင်း ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

တဦးတည်းသင်္ဘော ၄စီးထိဆုံးရှုံးရသူများရှိပြီး သင်္ဘောတစီး ကျပ်သိန်းရှစ်ထောင်မှသိန်းနှစ်သောင်းထိရှိကာ ​နွေဦး​တော်လှန်​ရေးရဲအရင်းအနှီးဟု အသိ​ပေး

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

Facebook