Connect with us

Hi, what are you looking for?

သတင်း

ရွှေကူတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ထိမှန်ပြီး (၇)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံး

သေဆုံးသူမှာ နှစ်တန်းကျောင်းသား မောင်ဇွဲနိုင်မိုးဖြစ်ပြီး လက်နက်ကြီးကျည်ထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

(လက်နက်ကြီးကျည်ထိမှန် သေဆုံးသွားသော အသက်(၇)နှစ်အရွယ် မောင်ဇွဲနိုင်မိုးအား ဖခင်ဖြစ်သူက ပွေ့ချီထားသည့်ရုပ်ပုံကို ကာတွန်းဆရာ Sorry က သရုပ်ဖော်ရေးဆွဲထားစဥ်)
(လက်နက်ကြီးကျည်ထိမှန် သေဆုံးသွားသော အသက်(၇)နှစ်အရွယ် မောင်ဇွဲနိုင်မိုးအား ဖခင်ဖြစ်သူက ပွေ့ချီထားသည့်ရုပ်ပုံကို ကာတွန်းဆရာ Sorry က သရုပ်ဖော်ရေးဆွဲထားစဥ်)

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ မိုးစစ်ကျေးရွာရှိ အသက်(၇)နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့(စက်တင်ဘာ ၂၂ ရက်) မွန်းလွဲ ၁ နာရီ ၄၅မိနစ်ခန့်က စစ်ကောင်စီတပ်၏ တပ်မ(၈၈) လက်အောက်ခံတပ် ခလရ(၇၈)သည် အင်အား ၁၀၀ခန့်ဖြင့် ရွှေကူမြို့နယ် ကျွန်းတော်ရွာမှ ကူးတို့စက်လှေ လေးစီးဖြင့် မိုးစစ်ကျေးရွာဘက်သို့ ကူးလာစဥ် အသင့်စောင့်ဆိုင်းနေသော မြို့လှ K-PDFအဖွဲ့က တိုက်ခိုက်ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်က မိုးစစ်ရွာရှိ လူနေအိမ်များဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံးမီးလောင်ခဲ့ပြီး အရပ်သားပြည်သူ လေးဦးထိခိုက်ခဲ့ကာ အသက် (၇)နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

သေဆုံးသူမှာ နှစ်တန်းကျောင်းသား မောင်ဇွဲနိုင်မိုးဖြစ်ပြီး လက်နက်ကြီးကျည်ထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ စက်လှေသုံးစီးနစ်မြုပ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ ရွှေကူမြို့ သို့ ဒဏ်ရာရသူ ငါးဦးသယ်ဆောင်သွားခဲ့ကြောင်း PDFက အသိပေးထားသည်။

စက်တင်ဘာ ၁၆ရက်ကလည်း ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းမှပစ်ခတ်ခဲ့၍ စာသင်ကျောင်းအတွင်းရှိ ကလေးငယ် ၂၀ကျော် ဒဏ်ရာရကာ ခြောက်ဦးသေဆုံးခဲ့သည်။ ဒဏ်ရာရကာ ခေါ်ဆောင်သွားခြင်းခံရသည့် ကလေးငယ် ၁၇ဦးမှာလည်း ပြင်းထန်ဒဏ်ရာများ ရရှိထားပြီး မိဘများနှင့် ယနေ့ တစ်ပတ်ကြာသည်အထိ ဆက်သွယ်၍မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။