Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမှာတိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်ကျဆုံးမှုတွေရှိနေ

မဟာမိတ်တပ်ပေါင်းစုအဖွဲ့မှာတော့ အသေးစားဒဏ်ရာလေးဦး၊ စိုးရိမ်ရဒဏ်ရာသုံးဦးရရှိခဲ့ပြီး တာဝန်ထမ်းဆောင်ရင်း ရဲဘော်နှစ်ဦးကတော့ နွေဦးတော်လှန်ရေးအတွက် အသက်စတေးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

MBPDF
MBPDF

မိုးဗြဲမြို့၊ လွယ်ယင်းမင်္ဂလာကျေးရွာ ကာလဝါရီတောင်ပေါ်မှာ ထိုးစစ်ဆင်တပ်စွဲထားတဲ့စစ်ကောင်စီတပ်တွေနဲ့ မဟာမိတ်တပ်ပေါင်းစုတွေအကြား ဒီကနေ့တစ်နေကုန်တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်စလုံးထိခိုက်ကျဆုံးမှုတွေရှိခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ဒီကနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

မိုးဗြဲမြို့၊ လွယ်ယင်းမင်္ဂလာကျေးရွာ ကာလဝါရီတောင်ပေါ်မှာ ထိုးစစ်ဆင်တပ်စွဲထားတဲ့စစ်ကောင်စီတပ်တွေနဲ့ MBPDF 1001၊ MBPDF 1007၊ ဖယ်ခုံ PDF B-01၊ လွိုင်ကော် PDF၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့၊ DMO 1102 တပ်ရင်း၊ နေပြည်တော် PDF၊ KNDF၊ KA၊ KGZ၊ URFတွေနဲ့ တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့တာပါ။

တိုက်ပွဲဟာ မနက်သုံးနာရီခွဲအချိန်ကနေ စတင်ထိတွေ့မှုဖြစ်ခဲ့တာဖြစ်ပြီး ညခြောက်နာရီအချိန်အထိ တစ်နေကုန် တိုက်ပွဲပြင်းထန်ခဲ့ကာ မဟာမိတ်တပ်ပေါင်းစုတွေရဲ့ ရဲရဲဝံ့ဝံ့ ကြံ့ကြံ့ခိုင်ခိုင် တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်မြောက်များစွာ သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Public Service Announcement
Public Service Announcement

မဟာမိတ်တပ်ပေါင်းစုအဖွဲ့မှာတော့ အသေးစားဒဏ်ရာလေးဦး၊ စိုးရိမ်ရဒဏ်ရာသုံးဦးရရှိခဲ့ပြီး တာဝန်ထမ်းဆောင်ရင်း ရဲဘော်နှစ်ဦးကတော့ နွေဦးတော်လှန်ရေးအတွက် အသက်စတေးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

Public Service Announcement

Public Service Announcement

ကျဆုံးသွားတဲ့ ရဲဘော်နှစ်ဦးကို MBPDF 1001 က အလေးနီပြုပြီး အခုအချိန်ထိ ပူးပေါင်းမဟာမိတ်အဖွဲ့က စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ဆင်မှုကို ဆက်လက်တောင့်ခံနေဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုထားပါတယ်။

မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ဝင်တွေအကြား စစ်ရေးအခြေအနေဟာ ဆက်လက်တင်းမာလျက်ရှိတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။