Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးဗြဲမှာတိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်ကျဆုံးမှုတွေရှိနေ

မဟာမိတ်တပ်ပေါင်းစုအဖွဲ့မှာတော့ အသေးစားဒဏ်ရာလေးဦး၊ စိုးရိမ်ရဒဏ်ရာသုံးဦးရရှိခဲ့ပြီး တာဝန်ထမ်းဆောင်ရင်း ရဲဘော်နှစ်ဦးကတော့ နွေဦးတော်လှန်ရေးအတွက် အသက်စတေးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

MBPDF
MBPDF

မိုးဗြဲမြို့၊ လွယ်ယင်းမင်္ဂလာကျေးရွာ ကာလဝါရီတောင်ပေါ်မှာ ထိုးစစ်ဆင်တပ်စွဲထားတဲ့စစ်ကောင်စီတပ်တွေနဲ့ မဟာမိတ်တပ်ပေါင်းစုတွေအကြား ဒီကနေ့တစ်နေကုန်တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်စလုံးထိခိုက်ကျဆုံးမှုတွေရှိခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ဒီကနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

မိုးဗြဲမြို့၊ လွယ်ယင်းမင်္ဂလာကျေးရွာ ကာလဝါရီတောင်ပေါ်မှာ ထိုးစစ်ဆင်တပ်စွဲထားတဲ့စစ်ကောင်စီတပ်တွေနဲ့ MBPDF 1001၊ MBPDF 1007၊ ဖယ်ခုံ PDF B-01၊ လွိုင်ကော် PDF၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့၊ DMO 1102 တပ်ရင်း၊ နေပြည်တော် PDF၊ KNDF၊ KA၊ KGZ၊ URFတွေနဲ့ တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့တာပါ။

တိုက်ပွဲဟာ မနက်သုံးနာရီခွဲအချိန်ကနေ စတင်ထိတွေ့မှုဖြစ်ခဲ့တာဖြစ်ပြီး ညခြောက်နာရီအချိန်အထိ တစ်နေကုန် တိုက်ပွဲပြင်းထန်ခဲ့ကာ မဟာမိတ်တပ်ပေါင်းစုတွေရဲ့ ရဲရဲဝံ့ဝံ့ ကြံ့ကြံ့ခိုင်ခိုင် တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်မြောက်များစွာ သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Public Service Announcement
Public Service Announcement

မဟာမိတ်တပ်ပေါင်းစုအဖွဲ့မှာတော့ အသေးစားဒဏ်ရာလေးဦး၊ စိုးရိမ်ရဒဏ်ရာသုံးဦးရရှိခဲ့ပြီး တာဝန်ထမ်းဆောင်ရင်း ရဲဘော်နှစ်ဦးကတော့ နွေဦးတော်လှန်ရေးအတွက် အသက်စတေးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

Public Service Announcement

Public Service Announcement

ကျဆုံးသွားတဲ့ ရဲဘော်နှစ်ဦးကို MBPDF 1001 က အလေးနီပြုပြီး အခုအချိန်ထိ ပူးပေါင်းမဟာမိတ်အဖွဲ့က စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ဆင်မှုကို ဆက်လက်တောင့်ခံနေဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုထားပါတယ်။

မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ဝင်တွေအကြား စစ်ရေးအခြေအနေဟာ ဆက်လက်တင်းမာလျက်ရှိတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။

သတင်း

ဒုတိယဗိုလ်မှူးကြီးနိုင်နိုင်ဝင်းသည် ယခုရက်ပိုင်းဖြစ်ပွားနေသည့် ကော့ကရိတ် - မြဝတီအာရှလမ်းတိုက်ပွဲ၌ KNLAနှင့် PDF ပူးပေါင်းတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့် သေဆုံးသွားခြင်းဖြစ်နိုင်ကြောင်း ကော့ကရိတ်ရှိ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။