Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေ

ယနေ့(စက်တင်ဘာ ၂၃ ရက်) နံနက် ၃နာရီခွဲကစ၍ ထိတွေမှုဖြစ်ခဲ့ပြီး ည ၆နာရီအထိ တစ်နေ ကုန်တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - MBPDF
ဓာတ်ပုံ - MBPDF

စစ်ကောင်စီတပ်သားအများအပြားသေဆုံးပြီး ရဲဘော်နှစ်ဦးကျဆုံးခဲ့ရဟု PDF ထုတ်ပြန်

ရှမ်း – ကရင်နီ(ကယား)ပြည်နယ်အစပ် မိုးဗြဲမြို့တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီ တပ်သားအများအပြားသေဆုံးကာ ရဲဘော်နှစ်ဦးကျဆုံးခဲ့ရကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)က ထုတ်ပြန်သည်။

ယနေ့(စက်တင်ဘာ ၂၃ ရက်) နံနက် ၃နာရီခွဲကစ၍ ထိတွေမှုဖြစ်ခဲ့ပြီး ည ၆နာရီအထိ တစ်နေ ကုန်တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲမှာ မိုးဗြဲမြို့လွယ်ယင်းမင်္ဂလာကျေးရွာ၏ ကာလဝါရီတောင်ပေါ်တွင် ထိုးစစ်ဆင်တပ်စွဲထားသော စစ်ကောင်စီတပ်ကို မဟာမိတ်တပ်ပေါင်းစုများ ဖြစ်ကြသော MBPDF 1001၊ MB PDF 1007၊ ဖယ်ခုံ PDF B-01၊ လွိုင်ကော် PDF၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ D MO 1102 တပ်ရင်း၊ နေပြည်တော် PDF၊ KNDF၊ KA၊ KGZ၊ URF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

ဓာတ်ပုံ - MBPDF
ဓာတ်ပုံ – MBPDF

တိုက်ပွဲတွင် မဟာမိတ်တပ်ပေါင်းစုများ၏ ရဲဝံ့ကြံ့ခိုင်မှုများကြောင့် စစ်ကောင်စီတပ်မှ အမြောက် အမြားသေဆုံးထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု MBPDF က ပြောသည်။

Public Service Announcement

Public Service Announcement

မဟာမိတ်တပ်ပေါင်းစုအဖွဲ့မှ အသေစားဒဏ်ရာ လေးဦး၊ စိုးရိမ်ရဒဏ်ရာ သုံးဦးရရှိပြီး တာဝန်ထမ်းဆောင်ရင်း ရဲဘော် နှစ်ဦးမှာ နွေဦးတော်လှန်ရေးအတွက် အသက်စတေးခဲ့ရကြောင်း ဖော်ပြသည်။

ထို့အပြင် ယနေ့ည ၉ နာရီခန့်အထိ ပူပေါင်းမဟာမိတ်အဖွဲ့မှ စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှု ကို ဆက်လက်တောက်ခံနေဆဲဖြစ်သည်။

ကရင်နီဒေသ၏ စစ်ရေးအရအရေးပါသော မိုးဗြဲမြို့ကို စစ်ကောင်စီက ထိန်းချုပ်နိုင်ရေးကြိုးပမ်းမှုသည် နှစ်ပတ်ကျော်ကြာမြင့်နေပြီလည်း ဖြစ်သည်။

စက်တင်ဘာ ၈ ရက်ကစတင်ခဲ့သည့် ထိုးစစ်ဆင်မှုအတွင်း စစ်ကောင်စီတပ်မှ သေဆုံးသူရာဂဏန်းဝန်းကျင်ရှိကာ ကရင်နီတပ်ပေါင်းစုမှ ရဲဘော်ခြောက်ဦး ကျဆုံးထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။