Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးဗြဲမြို့တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေ

ယနေ့(စက်တင်ဘာ ၂၃ ရက်) နံနက် ၃နာရီခွဲကစ၍ ထိတွေမှုဖြစ်ခဲ့ပြီး ည ၆နာရီအထိ တစ်နေ ကုန်တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - MBPDF
ဓာတ်ပုံ - MBPDF

စစ်ကောင်စီတပ်သားအများအပြားသေဆုံးပြီး ရဲဘော်နှစ်ဦးကျဆုံးခဲ့ရဟု PDF ထုတ်ပြန်

ရှမ်း – ကရင်နီ(ကယား)ပြည်နယ်အစပ် မိုးဗြဲမြို့တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီ တပ်သားအများအပြားသေဆုံးကာ ရဲဘော်နှစ်ဦးကျဆုံးခဲ့ရကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)က ထုတ်ပြန်သည်။

ယနေ့(စက်တင်ဘာ ၂၃ ရက်) နံနက် ၃နာရီခွဲကစ၍ ထိတွေမှုဖြစ်ခဲ့ပြီး ည ၆နာရီအထိ တစ်နေ ကုန်တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲမှာ မိုးဗြဲမြို့လွယ်ယင်းမင်္ဂလာကျေးရွာ၏ ကာလဝါရီတောင်ပေါ်တွင် ထိုးစစ်ဆင်တပ်စွဲထားသော စစ်ကောင်စီတပ်ကို မဟာမိတ်တပ်ပေါင်းစုများ ဖြစ်ကြသော MBPDF 1001၊ MB PDF 1007၊ ဖယ်ခုံ PDF B-01၊ လွိုင်ကော် PDF၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ D MO 1102 တပ်ရင်း၊ နေပြည်တော် PDF၊ KNDF၊ KA၊ KGZ၊ URF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

ဓာတ်ပုံ - MBPDF
ဓာတ်ပုံ – MBPDF

တိုက်ပွဲတွင် မဟာမိတ်တပ်ပေါင်းစုများ၏ ရဲဝံ့ကြံ့ခိုင်မှုများကြောင့် စစ်ကောင်စီတပ်မှ အမြောက် အမြားသေဆုံးထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု MBPDF က ပြောသည်။

Public Service Announcement

Public Service Announcement

မဟာမိတ်တပ်ပေါင်းစုအဖွဲ့မှ အသေစားဒဏ်ရာ လေးဦး၊ စိုးရိမ်ရဒဏ်ရာ သုံးဦးရရှိပြီး တာဝန်ထမ်းဆောင်ရင်း ရဲဘော် နှစ်ဦးမှာ နွေဦးတော်လှန်ရေးအတွက် အသက်စတေးခဲ့ရကြောင်း ဖော်ပြသည်။

ထို့အပြင် ယနေ့ည ၉ နာရီခန့်အထိ ပူပေါင်းမဟာမိတ်အဖွဲ့မှ စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှု ကို ဆက်လက်တောက်ခံနေဆဲဖြစ်သည်။

ကရင်နီဒေသ၏ စစ်ရေးအရအရေးပါသော မိုးဗြဲမြို့ကို စစ်ကောင်စီက ထိန်းချုပ်နိုင်ရေးကြိုးပမ်းမှုသည် နှစ်ပတ်ကျော်ကြာမြင့်နေပြီလည်း ဖြစ်သည်။

စက်တင်ဘာ ၈ ရက်ကစတင်ခဲ့သည့် ထိုးစစ်ဆင်မှုအတွင်း စစ်ကောင်စီတပ်မှ သေဆုံးသူရာဂဏန်းဝန်းကျင်ရှိကာ ကရင်နီတပ်ပေါင်းစုမှ ရဲဘော်ခြောက်ဦး ကျဆုံးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။