Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ် ပိတ်ပင်မှုများကြောင့် ရခိုင်စစ်ရှောင်များစားနပ်ရိက္ခာ အကြပ်အတည်း ပိုမိုရင်ဆိုင် လာရ

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့၏ တကျော့ပြန်တိုက်ပွဲများကြောင့် မောင်တောနှင့် ရသေ့တောင်အပါအဝင် စစ်ဘေးရှောင်ဦးရေများထပ်မံတိုးပွားလာရာ စုစုပေါင်း စစ်ရှောင် ‌‌ခြောက်သောင်းကျော်ရှိသည်ဟု ဆိုသည်။

(အစားအစာရှားပါးမှုကြောင့် ဆန်ပြုတ်သောက်နေရသော ကလေးငယ်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - BNA)
(အစားအစာရှားပါးမှုကြောင့် ဆန်ပြုတ်သောက်နေရသော ကလေးငယ်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - BNA)

▪️ဆန်ပြုတ်ဖြင့် အသက်ဆက်နေရသည့် စစ်ရှောင်စခန်းအချို့ရှိလာ

စစ်ကောင်စီတပ်က လမ်းပန်းဆက်သွယ်ရေး ပိတ်ပင်ထားမှုနှင့် ကူညီရေးအဖွဲ့များအား တားဆီးပိတ်ပင်မှုများကြောင့် ရခိုင်ဒေသခံစစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာအခက်အခဲ အကြပ်အတည်း ပိုမိုရင်ဆိုင်နေကြရသည်ဟု ဒေသခံက ပြောသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်(AA) နှင့် စစ်ကောင်စီတပ်တို့၏ တကျော့ပြန်တိုက်ပွဲများကြောင့် မောင်တောနှင့် ရသေ့တောင်အပါအဝင် စစ်ဘေးရှောင်ဦးရေများထပ်မံတိုးပွားလာရာ စုစုပေါင်း စစ်ရှောင် ‌‌ခြောက်သောင်းကျော်ရှိသည်ဟု ဆိုသည်။

“အဓိကက ပြီးခဲ့တဲ့ ၁၅ရက်နေ့ကတည်းက ရခိုင် ၆မြို့နယ်ကို စစ်ကောင်စီကနေပြီးတော့ လူသားချင်းစာနမှု အကူအညီပေးတာတွေကို ပိတ်ပင်ထားလိုက်တယ်။ နောက်ပြီးတော့ အခုနောက်ပိုင်းက စစ်ဘေးရှောင် အကူအညီတွေနဲ့ ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်းတွေလည်း ဘာမှ မလုပ်ရဘူးလေ။ အရပ်ဘက်အဖွဲ့အစည်းတွေကိုလည်း ဝင်ရောက်စစ်ဆေးနေတော့ အလှူရှင် ဘာမှ မရဘူး။ နောက် လမ်းပန်းဆက်သွယ်ရေးတွေလည်း ပိတ်ထားတယ်”ဟု ရခိုင်ဒေသခံက ပြောသည်။

စစ်တွေမြို့မှ လွဲပြီးကျန်သည့် မြို့နယ်များ၌ စစ်ရှောင်များ စားနပ်ရိက္ခာ အခက်ကြုံနေကြရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

(အစားအစာရှားပါးမှုကြောင့် ဆန်ပြုတ်သောက်နေရသော ကလေးငယ်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - BNA)
(အစားအစာရှားပါးမှုကြောင့် ဆန်ပြုတ်သောက်နေရသော ကလေးငယ်များအား တွေ့ရစဥ်၊ ဓာတ်ပုံ – BNA)

“စစ်တွေမှာကျရင် စစ်ဘေးရှောင်ဦးရေနည်းတယ်။နောက်ပြီး စစ်တွေကျရင် အသွားအလာ သိပ်မပိတ်ဘူး။ အခြားနေရာတွေ အကုန်ဖြစ်တာပေါ့ နောက်ပိုင်း အများဆုံးဖြစ်တာတော့ မြေပုံရယ် မြောက်ဦးရယ် ဘူးသီးတောင် မောင်တောတို့ ပြောရမယ်။ ဘူးသီးတောင် – မောင်တောက လမ်းပန်းဆက်သွယ်ရေးပိတ်ထားတာလည်း ကြာပြီ။ မောင်တော – အငူမော် လမ်းဆိုရင် ဩဂုတ် ၁၃ရက်နေ့ကတည်းက ပိတ်ထားတာ။ နောက်ပြီး ဒီရက်ပိုင်း စစ်ဘေးရှောင်တွေက အများကြီး တိုးလာတာရှိတယ်။ အခုနောက်ပိုင်း စစ်ဘေးရှောင် အသစ်တိုးလာတာ အများဆုံးက မောင်တောရယ် ရသေ့တောင်ရယ်ပေါ့”ဟု ရခိုင်ဒေသခံက ပြောသည်။

(အစားအစာရှားပါးမှုကြောင့် ဆန်ပြုတ်သောက်နေရသော ကလေးငယ်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - BNA)
(အစားအစာရှားပါးမှုကြောင့် ဆန်ပြုတ်သောက်နေရသော ကလေးငယ်များအား တွေ့ရစဥ်၊ ဓာတ်ပုံ – BNA)

ဒေသတွင်းသတင်းဌာန Border News Agency ၏ ယမန်နေ့ သတင်းဖော်ပြချက်တွင် ရခိုင်ပြည်နယ် မြောက်ဦးမြို့ မြို့ဦးခေါင်း စစ်ဘေးရှောင်စခန်း၌ စားစရာ ဆန်အခက်အခဲကြောင့် ဆန်ပြုတ် ပြုတ် ကျွေးနေရသည်ဟုဆိုသည်။ စစ်ကောင်စီတပ်က ရခိုင်ရှိ UN/INGO/NGO များကို မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ မြို့နယ်များသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး အတွက် သွားလာခွင့် ပိတ်ထားသည်ဟုဆိုသည်။ ထို့ပြင် ရခိုင်မြောက်ပိုင်း ကုန်းလမ်း၊ ရေလမ်း သွားလာခွင့်ကို စစ်ကောင်စီတပ်က ပိတ်ထားခြင်းကြောင့် စစ်ရှောင်နှင့် ဒေသခံများအတွက် အငတ်ဘေးအန္တရာယ် ရင်ဆိုင်နေကြရသည်ဟု BNAက ဖော်ပြထားသည်။

(အစားအစာရှားပါးမှုကြောင့် ဆန်ပြုတ်သောက်နေရသော ကလေးငယ်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - BNA)
(အစားအစာရှားပါးမှုကြောင့် ဆန်ပြုတ်သောက်နေရသော ကလေးငယ်များအား တွေ့ရစဥ်၊ ဓာတ်ပုံ – BNA)

“ပြည်မမှာကျရင်ဘယ်လိုပဲ ပိတ်ထား ပိတ်ထား တစ်နေရာကမရရင် တစ်နေရာက သွားလို့ရတယ်။ ဘာလို့လဲဆိုရင် ကုန်းလမ်းဆက်သွယ်ရေးနဲ့ ကုန်းလမ်းကြောင်းတွေက ရှိနေတယ်။ ရခိုင်မှာက မြစ်တွေ ချောင်းတွေ ပိုပြီး ပေါများတော့ ရေလမ်းကို အဓိက ထားနေရတာ။ ကုန်းလမ်းမပေါက်တဲ့နေရာတွေအများကြီးပဲ။ ရေလမ်းပိတ်လိုက်တာနဲ့ တစ်နေရာနဲ့ တစ်နေရာ သွားလာဖို့ မလွယ်တော့ဘူး” ဟု ရခိုင်ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်အနေဖြင့် AAနှင့် ဖြစ်ပွားသည့် တိုက်ပွဲများ၌ အထိနာနေပြီး တပ်စခန်းများ လက်လွှတ်ရသည့် အခြေအနေများ ကြုံနေရသည့် အနေအထားတွင် ရခိုင်လူထုများကို ပစ်မှတ်ထားသည့် ဖမ်းဆီးမှုများ၊ ရွာမီးရှို့မှု၊ လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုများ ဆက်တိုက်ကျူးလွန်လျက်ရှိသည်ဟု ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်နဲ့ရခိုင်ပြည်နယ်ကို ကြည်းရေလေစစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်​ပေမယ့် ဧရာဝတီမြစ်​ကြောင်းတိုက်ပွဲမှာစစ်ရှုံးခဲ့ပြီး​နောက်အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဗိုလ်ချုပ်ကြီးကိုကိုဦး ကိုပြည်ထဲရေးဝန်ကြီးအဖြစ် အရပ်ဖက်ရာထူးပူးတွဲခန့်အပ်လိုက်ပါတယ်။

အတွေးအမြင်

ဇာတ်လမ်းရဲ့ အစမှာ ကိန်းဂဏန်းတွေ မြင်နေရပါတယ်။စစ်အုပ်စုကအခြေခံလူတန်းစားကို ဆင်းရဲတွင်းထဲ တွန်းပို့ထားတဲ့ နှစ်လုံးထီလောင်းကစားအတွက် ဒီဂဏန်းတွေကို အသုံးမချဖို့မေတ္တာရပ်ခံပါတယ်။ ခေတ်သစ်ကမ္ဘာမှာ သူရဲဘောအကြောင်ဆုံး စစ်ဆင်ရေးတစ်ခု မြန်မာနိုင်ငံမှာ ရှိနေတဲ့အကြောင်း သိစေလိုခြင်းဖြစ်ပါတယ်။

ရသစာတမ်းငယ်

ဂျိတ္တောဆိုတာ သံတွဲလေဆိပ်ကနေ ငပလီကမ်းခြေတလျှောက် လာလိုက်ရင် ငပလီကမ်းခြေရဲ့ အစွန်ဆုံး။ ဟိုးတုန်းကတော့ ဂျိတ္တောတံငါရွာလေးပေါ့။ နောက်ကျတော့ငပလီကိုမြို့သတ်မှတ်တဲ့အခါ ဂျိတ္တောရပ်ကွက်ဆိုပြီး ဖြစ်လာတယ်။တချို့က ရပ်ကွက်ဆိုတာကို သဘောကျကြတယ်။ တချို့က ရွာလို့ပဲ ဆက်ပြီး ခေါ်ချင်ကြတယ်။ "ဂျိတ္တောတံငါရွာလေး" လို့ ဆိုလိုက်ရင် နှလုံးသားကို ပိုပြီး နွေးထွေးစေတယ်လေ။

သတင်း

စစ်ကြာင်း​တွေတပ်ဆုတ်ပြေးနေရပြီး ​ဒေသအချို့မှာတိုက်စစ်က​နေ ခံစစ်ဖြစ်​နေ