Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီပြည်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး နှစ်ဖက်ကျဆုံးမှုများရှိ

စက်တင်ဘာကစ၍ ကရင်နီဒေသတွင် အကြီး အကျယ်ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ခုခံကာကွယ်မှု၌ ကရင်နီတပ်ပေါင်းစုများမှယနေ့(စက်တင်ဘာ ၂၄ ရက်)အထိ ရဲဘော် ၁၄ဦးကျဆုံးထားရသည်။

ကရင်နီပြည်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး နှစ်ဖက်ကျဆုံးမှုများရှိ
ကရင်နီပြည်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး နှစ်ဖက်ကျဆုံးမှုများရှိ

ကရင်နီ(ကယား)ပြည်နယ်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး နှစ်ဖက်အကျအဆုံးများရှိကြောင်း ဒေသတွင်းစစ်ရေးသတင်းရင်း မြစ်များက ပြောသည်။

ယနေ့(စက်တင်ဘာ ၂၄ ရက်) နံနက်အစောပိုင်း ကစ ၍ ဖယ်ခုံ၊မိုးဗြဲ နှင့် ဒီးမော့ဆိုမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားနေခြင်းဟု ဆိုသည်။

“မိုးဗြဲစစ်ဇုန်ကို အခြေတည်ပြီး ရန်သူ့ဘက်က တိုက်ပွဲဖော်နေတာ။မနက်က ဒီးမော့ဆိုဘက်မှာ ရဲဘော်တစ်ဦးကျဆုံးတာရှိတယ်။မိုးဗြဲတိုက်ပွဲ အခြေအနေကတော့ ရင်ဆိုင်နေဆဲ ဖြစ်တယ်”ဟု ကရင်နီဒေသခံ စစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

ကျဆုံးခဲ့သည့်ရဲဘော်မှာ (၁၁၀၇)တပ်ရင်း အ လယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စောအယ်လ်ဘက် အဲလ်ပေါ ဖြစ်ပြီး ခေါက်ပလော့ကျေးရွာ၌ ၁၆ မိုင်းအားနင်းမိ၍ အသက်စွန့်လွှတ်ခဲ့ရကြောင်း Karenni People page က ဖော်ပြ သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အလားတူ စစ်ကောင်စီတပ်၏ လက်ရှိအခြေအနေမှာလည်း လက်နက်ကြီးပစ်ကူများ အဆမတန်ပေးနေရပြီးမြေပြင်တွင် ၎င်းတို့တပ်သားများထိခိုက် သေဆုံးသူမှုများ ပြားနေကြောင်းလည်း ကရင်နီတပ်ပေါင်းစု တပ်ဖွဲ့ဝင်တစ်ဦးက အသိပေးသည်။

“အတည်ပြုချက်တွေအရ လွိုင်ကော် စစ်ဆေးရုံ မှာ အရေးပေါ်တက်နေရတဲ့ စခ ရာဂဏန်းရှိနေတယ်”ဟု ၎င်းက ပြောသည်။

စက်တင်ဘာကစ၍ ကရင်နီဒေသတွင် အကြီး အကျယ်ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ခုခံကာကွယ်မှု၌ ကရင်နီတပ်ပေါင်းစုများမှယနေ့(စက်တင်ဘာ ၂၄ ရက်)အထိ ရဲဘော် ၁၄ဦးကျဆုံးထားရသည်။

နေ့စဥ်တိုက်ပွဲများပြင်းထန်နေသည့် ကရင်နီဒေသ၌ စစ်ကောင်စီတပ်၏ စုစုပေါင်း အင်အားမှာ ၇,၅၀၀ ရှိပြီး ကရင်နီတပ်ပေါင်းစုများ၏ တပ်ဖွဲ့ဝင် ရဲဘော် ၁၅,၈၅၀ ရှိနေသည်။

သို့သော် ဒေသတွင်း နယ်မြေစိုးမိုးရေးမှာမူ နှစ်ဖက် တိုက်ပွဲများ၌ လက်နက်ခဲယမ်းအလုံအ လောက်ရရှိမှုနှင့် ဖြည့်တင်နိုင်မှုအပေါ် မှုတည်နေသည်။

ထို့ကြောင့် ပြည်တွင်း၊ပြည်ပရှိ ပြည်သူများ အနေဖြင့် တက်နိုင်သည့်ဘက်မှပါဝင်ပေးရန် ကရင်နီတပ်ပေါင်းစုက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။