Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး နှစ်ဖက်ကျဆုံးမှုများရှိ

စက်တင်ဘာကစ၍ ကရင်နီဒေသတွင် အကြီး အကျယ်ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ခုခံကာကွယ်မှု၌ ကရင်နီတပ်ပေါင်းစုများမှယနေ့(စက်တင်ဘာ ၂၄ ရက်)အထိ ရဲဘော် ၁၄ဦးကျဆုံးထားရသည်။

ကရင်နီပြည်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး နှစ်ဖက်ကျဆုံးမှုများရှိ
ကရင်နီပြည်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး နှစ်ဖက်ကျဆုံးမှုများရှိ

ကရင်နီ(ကယား)ပြည်နယ်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး နှစ်ဖက်အကျအဆုံးများရှိကြောင်း ဒေသတွင်းစစ်ရေးသတင်းရင်း မြစ်များက ပြောသည်။

ယနေ့(စက်တင်ဘာ ၂၄ ရက်) နံနက်အစောပိုင်း ကစ ၍ ဖယ်ခုံ၊မိုးဗြဲ နှင့် ဒီးမော့ဆိုမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားနေခြင်းဟု ဆိုသည်။

“မိုးဗြဲစစ်ဇုန်ကို အခြေတည်ပြီး ရန်သူ့ဘက်က တိုက်ပွဲဖော်နေတာ။မနက်က ဒီးမော့ဆိုဘက်မှာ ရဲဘော်တစ်ဦးကျဆုံးတာရှိတယ်။မိုးဗြဲတိုက်ပွဲ အခြေအနေကတော့ ရင်ဆိုင်နေဆဲ ဖြစ်တယ်”ဟု ကရင်နီဒေသခံ စစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

ကျဆုံးခဲ့သည့်ရဲဘော်မှာ (၁၁၀၇)တပ်ရင်း အ လယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စောအယ်လ်ဘက် အဲလ်ပေါ ဖြစ်ပြီး ခေါက်ပလော့ကျေးရွာ၌ ၁၆ မိုင်းအားနင်းမိ၍ အသက်စွန့်လွှတ်ခဲ့ရကြောင်း Karenni People page က ဖော်ပြ သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အလားတူ စစ်ကောင်စီတပ်၏ လက်ရှိအခြေအနေမှာလည်း လက်နက်ကြီးပစ်ကူများ အဆမတန်ပေးနေရပြီးမြေပြင်တွင် ၎င်းတို့တပ်သားများထိခိုက် သေဆုံးသူမှုများ ပြားနေကြောင်းလည်း ကရင်နီတပ်ပေါင်းစု တပ်ဖွဲ့ဝင်တစ်ဦးက အသိပေးသည်။

“အတည်ပြုချက်တွေအရ လွိုင်ကော် စစ်ဆေးရုံ မှာ အရေးပေါ်တက်နေရတဲ့ စခ ရာဂဏန်းရှိနေတယ်”ဟု ၎င်းက ပြောသည်။

စက်တင်ဘာကစ၍ ကရင်နီဒေသတွင် အကြီး အကျယ်ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ခုခံကာကွယ်မှု၌ ကရင်နီတပ်ပေါင်းစုများမှယနေ့(စက်တင်ဘာ ၂၄ ရက်)အထိ ရဲဘော် ၁၄ဦးကျဆုံးထားရသည်။

နေ့စဥ်တိုက်ပွဲများပြင်းထန်နေသည့် ကရင်နီဒေသ၌ စစ်ကောင်စီတပ်၏ စုစုပေါင်း အင်အားမှာ ၇,၅၀၀ ရှိပြီး ကရင်နီတပ်ပေါင်းစုများ၏ တပ်ဖွဲ့ဝင် ရဲဘော် ၁၅,၈၅၀ ရှိနေသည်။

သို့သော် ဒေသတွင်း နယ်မြေစိုးမိုးရေးမှာမူ နှစ်ဖက် တိုက်ပွဲများ၌ လက်နက်ခဲယမ်းအလုံအ လောက်ရရှိမှုနှင့် ဖြည့်တင်နိုင်မှုအပေါ် မှုတည်နေသည်။

ထို့ကြောင့် ပြည်တွင်း၊ပြည်ပရှိ ပြည်သူများ အနေဖြင့် တက်နိုင်သည့်ဘက်မှပါဝင်ပေးရန် ကရင်နီတပ်ပေါင်းစုက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။