Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားကို ဒရုန်းတွေ ထောက်ပံ့တဲ့ အီရန်နဲ့ ဆက်ဆံရေး လျှော့ချဖို့ ယူကရိန်း ဆုံးဖြတ်

ရုရှားကို ဒရုန်းတွေ ထောက်ပံ့ခြင်းကြောင့် အီရန်ဟာ ယူကရိန်းနဲ့ သံတမန်ရေး ဆက်ဆံမှုမှာ အကြီးအကျယ် ထိခိုက်သွားရပြီ ဆိုတာကို နားလည်ဖို့လိုကြောင်း ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုပါတယ်။

ရုရှားကို ဒရုန်းတွေ ထောက်ပံ့တဲ့ အီရန်နဲ့ ဆက်ဆံရေး လျှော့ချဖို့ ယူကရိန်း ဆုံးဖြတ်
ရုရှားကို ဒရုန်းတွေ ထောက်ပံ့တဲ့ အီရန်နဲ့ ဆက်ဆံရေး လျှော့ချဖို့ ယူကရိန်း ဆုံးဖြတ်

ရုရှားအတွက် တိုက်ခိုက်ရေး ဒရုန်းတွေ ထောက်ပံ့ပေးနေတာကြောင့် အီရန်နဲ့ သံတမန် ဆက်ဆံရေးကို လျှော့ချသွားမယ်လို့ ယူကရိန်း အစိုးရက ကြေညာလိုက်ပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အီရန် အစိုးရဟာ ရုရှားအတွက် ယူကရိန်း စစ်မြေပြင်မှာ အသုံးပြုဖို့ တိုက်ခိုက်ရေး ဒရုန်းတွေ ထောက်ပံ့ပေးနေကြောင်း စွပ်စွဲခဲ့ပါတယ်။ အီရန်ရဲ့ လုပ်ရပ်ဟာ မကောင်းဆိုးဝါးနဲ့ ပူးပေါင်းခဲ့တဲ့ အဓိပ္ပါယ် ဖြစ်တယ်လို့လည်း ဇီလန်စကီးက ဆိုပါတယ်။

လက်ရှိ အချိန်ထိ ယူကရိန်း စစ်တပ်တွေဟာ အီရန်လုပ် ဒရုန်း ၈ စီးထိ စစ်မြေပြင်မှာ ပစ်ချထားနိုင်ခဲ့ပြီး ဖြစ်တယ်လို့ ဇီလန်စကီးက ပြောပါတယ်။ ယူကရိန်းနဲ့ အမေရိကန်တို့က အီရန်ဟာ ရုရှားအတွက် စစ်လက်နက်တွေ ထောက်ပံ့ပေးနေတယ်လို့ စွပ်စွဲပေမယ့် အီရန် အစိုးရကတော့ အစဉ်တစိုက် ငြင်းဆိုခဲ့ပါတယ်။

“လက်ရှိ အခြေအနေမှာ ရုရှားစစ်တပ်ဟာ ယူကရိန်းကို တိုက်ဖို့အတွက် အီရန်ရဲ့ ဒရုန်းတွေကို အသုံးပြုနေပါပြီ။ အီရန်ဟာ မကောင်းဆိုးဝါးနဲ့ ပူးပေါင်းနေတယ် ဆိုတာကို ကမ္ဘာကြီးကလည်း နားလည် သိရှိနေပါပြီ။ ဒီအတွက် ဖြစ်သင့်တဲ့ အကျိုးဆက်တွေကိုလည်း အီရန်က လက်ခံရပါလိမ့်မယ်”လို့ ဇီလန်စကီးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်း တောင်ပိုင်း ရှေ့တန်း စစ်မျက်နှာပြင်မှာ ရှိနေတဲ့ စစ်ဦးစီး အရာရှိတွေက အီရန်လုပ် Shahed-136 အမျိုးအစား ဒရုန်း ၄ စီးထက် မနည်းကို ပစ်ချခဲ့ပြီး ဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ပိုကြီးတဲ့ Mohajer-6 အမျိုးအစား အီရန် ဒရုန်း တစ်စီးကိုလည်း ယူကရိန်း လေတပ်က ပစ်ချနိုင်ခဲ့ပါတယ်။

ရုရှားကို ဒရုန်းတွေ ထောက်ပံ့ခြင်းကြောင့် အီရန်ဟာ ယူကရိန်းနဲ့ သံတမန်ရေး ဆက်ဆံမှုမှာ အကြီးအကျယ် ထိခိုက်သွားရပြီ ဆိုတာကို နားလည်ဖို့လိုကြောင်း ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုပါတယ်။

နိုင်ငံတကာ စစ်ရေး သုတေသီတွေကတော့ ရုရှားတွေဟာ အီရန်က မှာယူထားတဲ့ ဒရုန်းတွေကို တိုက်ခိုက်ရေး အတွက်ရော၊ ထောက်လှမ်းရေး ကဏ္ဍမှာပါ အသုံးပြုနေနိုင်ကြောင်း ခန့်မှန်းထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။